စူမားတြားကျွန်းတွင် တောမီးလောင်မှု အခြေအနေ ပိုဆိုးလာနေ

အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းအလယ်က ဂျမ်ဘီခရိုင်မှာ မွန်းလွဲပိုင်း ကောင်းကင်ပြင်ဟာ အင်္ဂါဂြိုဟ်လို နီရဲနေတာကို တွေ့ရတာပါ။
ပတ်ဝန်းကျင်ဒေသအတွင်း တောမီးအခြေအနေက ပိုဆိုးလာနေလို့ မီးခိုးမြူတွေ ထူထပ်နေတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။
ခရိုင်ရဲ့ ကောင်းကင်ကို စက်တင်ဘာ ၂၁ ရက်က ရိုက်ကူးထားတဲ့ ရုပ်သံဟာ လူမှုကွန်ရက် အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတာပါ။
အင်တာနက် သုံးစွဲသူတွေကလည်း ဒေသတွင်း အခြေအနေကို အင်္ဂါဂြိုဟ်ပေါ်က အခြေအနေနဲ့ နှိုင်းယှဉ် ပြောဆိုနေခဲ့ကြပါတယ်။
လေထုကို ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့နဲ့ အင်မတန် သေးငယ်တဲ့ အမှုန်တွေ နေရောင်အောက်မှာ ပြန့်ကျဲနေလို့ အနီရောင်ကောင်းကင် ဖြစ်လာတာလို့ အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပ အေဂျင်စီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၅ နောက်ပိုင်းမှာ အဆိုးဆုံး တောမီးနဲ့ မီးခိုးမြူ ပြဿနာကို ရင်ဆိုင်နေရတာပါ။ မီးငြှိမ်းသတ်ဖို့ လချီ ကြိုးစားနေရပေမယ့် အယ်လ်နီညို ရာသီဥတုကြောင့် ခြောက်သွေ့ရာသီမှာ တောမီးက ပိုအခြေအနေ ဆိုးစေပါတယ်။
တောင်ယာ ခုတ်ထွင် ရှင်းလင်းပြီး စိုက်ပျိုးတဲ့ ဓလေ့ကြောင့် ဒေသတွင်း အသက်ရှူ ကျပ်လောက်အောင် မီးခိုးတွေ ဖုံးနေပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
စူမားၾတားကြၽန္းတြင္ ေတာမီးေလာင္မႈ အေျခအေန ပိုဆိုးလာေန
အင္ဒိုနီးရွားႏိုင္ငံ စူမားၾတားကြၽန္းအလယ္က ဂ်မ္ဘီခ႐ိုင္မွာ မြန္းလြဲပိုင္း ေကာင္းကင္ျပင္ဟာ အဂၤါၿဂိဳဟ္လို နီရဲေနတာကို ေတြ႕ရတာပါ။
ပတ္ဝန္းက်င္ေဒသအတြင္း ေတာမီးအေျခအေနက ပိုဆိုးလာေနလို႔ မီးခိုးျမဴေတြ ထူထပ္ေနတဲ့ ရလဒ္လည္း ျဖစ္ပါတယ္။
ခ႐ိုင္ရဲ႕ ေကာင္းကင္ကို စက္တင္ဘာ ၂၁ ရက္က ႐ိုက္ကူးထားတဲ့ ႐ုပ္သံဟာ လူမႈကြန္ရက္ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔ေနတာပါ။
အင္တာနက္ သုံးစြဲသူေတြကလည္း ေဒသတြင္း အေျခအေနကို အဂၤါၿဂိဳဟ္ေပၚက အေျခအေနနဲ႔ ႏႈိင္းယွဥ္ ေျပာဆိုေနခဲ့ၾကပါတယ္။
ေလထုကို ညစ္ညမ္းေစတဲ့ ဓာတ္ေငြ႕နဲ႔ အင္မတန္ ေသးငယ္တဲ့ အမႈန္ေတြ ေနေရာင္ေအာက္မွာ ျပန႔္က်ဲေနလို႔ အနီေရာင္ေကာင္းကင္ ျဖစ္လာတာလို႔ အင္ဒိုနီးရွား မိုးေလဝသ၊ ရာသီဥတုနဲ႔ ဘူမိ႐ူပ ေအဂ်င္စီက ေျပာပါတယ္။
အင္ဒိုနီးရွားႏိုင္ငံဟာ ၂၀၁၅ ေနာက္ပိုင္းမွာ အဆိုးဆုံး ေတာမီးနဲ႔ မီးခိုးျမဴ ျပႆနာကို ရင္ဆိုင္ေနရတာပါ။ မီးျငႇိမ္းသတ္ဖို႔ လခ်ီ ႀကိဳးစားေနရေပမယ့္ အယ္လ္နီညိဳ ရာသီဥတုေၾကာင့္ ေျခာက္ေသြ႕ရာသီမွာ ေတာမီးက ပိုအေျခအေန ဆိုးေစပါတယ္။
ေတာင္ယာ ခုတ္ထြင္ ရွင္းလင္းၿပီး စိုက္ပ်ိဳးတဲ့ ဓေလ့ေၾကာင့္ ေဒသတြင္း အသက္ရွဴ က်ပ္ေလာက္ေအာင္ မီးခိုးေတြ ဖုံးေနပါတယ္။