Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်တွင် တပ်မတော်သား ၁ ဦးက အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ဖြစ်ပွား
နော်နိုရင်း
·
September 25, 2019
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၄၂၈ က တပ်မတော်သားတဦးက အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တဲ့ ရဲစခန်းမှာ အမှုဖွင့် ထားပါတယ်။ ဖရူဆိုမြို့နယ် ရာဧပရားကျေးရွာမှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ဟာ သူ့အစ်မနဲ့အတူ ဖရူဆိုမြို့မှာလာရောက်နေထိုင်နေစဉ်  စက်တင်ဘာ ၂၂ ရက်နေ့ခင်းပိုင်းမှာ တပ်မတော်သားတဦးက ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က ပြောပါတယ်။ “သူ့အစ်မက စစ်သားတယောက်နဲ့အိမ်ထောင်ကျပြီးတော့မှ မြို့ပေါ်တက်နေတယ်။ လိုက်နေတာပေါ့။ နေရင်းနဲ့ စစ်သားတယောက်က သူ့ကိုလာပြီးတော့မှလိမ်လည်ပြီးအစ်မက လာခေါ်ခိုင်းလို့ဆိုပြီးတော့မှ ခေါ်သွားတာပေါ့နော်။ ခေါ်ထုတ်ပြီးမှ မြို့နယ် အားကစားကွင်းဝိုင်း ထဲမှာ သွားပြီးတော့ မုဒိမ်းကျင့်တာပေါ့ကလေးမကို။” အစောပိုင်းကတော့ ကလေးချင်း ဆော့ကစားရင်း ရန်ဖြစ်ပြီးငိုတာလို့ပဲ ပတ်ဝန်းကျင်က ထင်တဲ့အတွက် သွားမကြည့်ခဲ့ဘဲ ကလေးမလေး ငိုတာကြာလာတာကြောင့် အနီးနား ပတ်ဝန်းကျင်က လူတွေသွားကြည့်မှ ဖြစ်စဉ်သိခဲ့ရကြောင်း ပြောပါတယ်။ ကလေးမရဲ့ ဖခင်က ဒီအမှုကို ဖရူဆိုမြို့နယ်ရဲစခန်းကို တိုင်ကြားခဲ့တယ်လို့လည်း ဦးသဲရယ်က ပြောပါတယ်။ “တပ်ဘက်နေပြီးမှ သူတို့အရာရှိတွေကလည်း  လျော်ကြေးနဲ့ပြီးပေးဖို့ သူ့အစ်မကိုလည်း လာပြောသွားတာရှိတယ်လို့ ပြောတယ်။ သူ့အစ်မကတော့ ဖိအားနည်းနည်းပေးခံရတာပေါ့လေ။ ဒီအမှုကို တရားမစွဲဖို့၊ ကြေအေးပေးဖို့ဖိအားပေးမှုတွေရှိတယ်လို့ကျနော်တို့အဲလိုကြားသိရတယ်။ သူတို့အစက ကြေအေးမယ်လို့ပြောကြတော့ နောက်ပိုင်းကျတော့ ကလေးမက အသက်မပြည့်သေး ဘူး။ ကလေးလည်းဖြစ်တယ်။ လင်မယားလည်းမဟုတ်ဘူးဆိုတော့ ကျနော်တို့ကဝိုင်းပြီး အမျိုးသမီး အဖွဲ့တွေနဲ့ ချိတ်ပြီးတော့မှ ဒီဟာက အမှုဖွင့်မှရမယ်ဆိုပြီးပြောတာပေါ့နော်။  သူ့အဖေကလည်း ခရီးလွန်နေတဲ့အချိန်ဆိုတော့ သူ့အဖေပြန်လာတော့မှပဲ အမှုကိုသွားဖွင့်နိုင်ခဲ့တာပေါ့နော်။ ” အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖရူဆိုမြို့မရဲစခန်းမှူး ဒုရဲမှူး ဇေယျာမင်းကလည်း  အမှုလာဖွင့်လို့ ပုဒ်မှာ ၃၇၆ နဲ့ အမှုဖွင့်ပေးထားပြီးဖြစ်တယ်လို့ ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။ “ကျနော်တို့ဘက်ကတော့ လုပ်ငန်းကတော့ လုပ်ပြီးသွားပြီဗျာ။ ကျနော်တို့ဘက်က အမှုဖွင့်ဆို ဖွင့်ပြီးသွားပြီဗျာ။ ပုဒ်မ ၃၇၆ အမှုနဲ့ပေါ့။ ” ဒီအမှုကို အရပ်ဖက်နဲ့စစ်မလား တပ်ဖက်ပဲစစ်မှာလားဆိုတာကိုတော့ အသေအချာ မပြောနိုင်သေးကြောင်းနဲ့ တပ်ကိုသားမေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။  ဒီကနေ့မှာတော့ ကယားပြည်နယ်အခြေစိုက် အမျိုးသမီးအဖွဲ့တခုကနေပြီးကူညီပြီး လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဆေးစစ်ပေးခဲ့သလို ရှေ့ဆက်အမှုကိစ္စအတွက်လည်း ရှေ့နေတွေနဲ့ တိုင်ပင်လုပ်ဆောင်နေပါတယ်။ အမှုကျူးလွန်တဲ့တပ်သားကိုတော့  သူ့တပ်ရင်းမှာပဲ ထိန်းသိမ်းထားပြီး တပ်ခုံရုံးမှာသာ စစ်ဆေးမယ်လို့ အရာရှိတွေက ပြောဆိုကြောင်းလည်း ရှေ့နေ ဦးသဲရယ်က ပြောပါတယ်။ မိန်းကလေးငယ်အတွက် လုံခြုံမှုနဲ့ တရားမျှတမှုရရှိရေးအတွက် ကူညီပေးနေတဲ့ ကရင်နီ အမျိုးအမီးအစည်းအရုံး ဥက္ကဋ္ဌ မမီးမီးက “အခုကတော့ အစ်မတို့ KNWO ကလည်း သွားနေတယ်။ ရဲတွေလည်း ဒီဆေးရုံကိုလာပြီးတော့ သူတို့စစ်ဆေးမယ်။ အဲဒါပြီးမှာ ဒကစက ရဲကို လွှဲမလား မလွှဲမလား ဆိုတာ အစ်မတို့သိရမှာပေါ့နော်။ ” မိဘတွေနဲ့ အရပ်ဖက်အဖွဲ့တွေကတော့ ဒီအမှုကို အရပ်ဖက်တရားရုံးမှာသာ စစ်ဆေးပေးဖို့ လိုလားနေကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က လွိုင်ကော်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်ခဲ့သူကို လွိုင်ကော်ခရိုင် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခဲ့ပါတယ်။
ဖ႐ူဆိုၿမိဳ႕နယ္တြင္ တပ္မေတာ္သား ၁ ဦးက အသက္ ၁၃ ႏွစ္အ႐ြယ္မိန္းကေလးငယ္ကို အဓမၼျပဳက်င့္မႈ ျဖစ္ပြား ေနာ္ႏိုရင္း ကယားျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္မွာ နယ္ေျမခံ ေျချမန္တပ္ရင္း ခမရ ၄၂၈ က တပ္မေတာ္သားတဦးက အသက္ ၁၃ ႏွစ္အ႐ြယ္မိန္းကေလးငယ္တဦးကို အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တဲ့ ရဲစခန္းမွာ အမႈဖြင့္ ထားပါတယ္။ ဖ႐ူဆိုၿမိဳ႕နယ္ ရာဧပရားေက်း႐ြာမွာေနထိုင္တဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ဟာ သူ႔အစ္မနဲ႔အတူ ဖ႐ူဆိုၿမိဳ႕မွာလာေရာက္ေနထိုင္ေနစဥ္ စက္တင္ဘာ ၂၂ ရက္ေန႔ခင္းပိုင္းမွာ တပ္မေတာ္သားတဦးက ေခၚေဆာင္သြားၿပီး အဓမၼျပဳက်င့္ခဲ့တာလို႔ ဖ႐ူဆိုၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ဦးသဲရယ္က ေျပာပါတယ္။ “သူ႔အစ္မက စစ္သားတေယာက္နဲ႔အိမ္ေထာင္က်ၿပီးေတာ့မွ ၿမိဳ႕ေပၚတက္ေနတယ္။ လိုက္ေနတာေပါ့။ ေနရင္းနဲ႔ စစ္သားတေယာက္က သူ႔ကိုလာၿပီးေတာ့မွလိမ္လည္ၿပီးအစ္မက လာေခၚခိုင္းလို႔ဆိုၿပီးေတာ့မွ ေခၚသြားတာေပါ့ေနာ္။ ေခၚထုတ္ၿပီးမွ ၿမိဳ႕နယ္ အားကစားကြင္းဝိုင္း ထဲမွာ သြားၿပီးေတာ့ မုဒိမ္းက်င့္တာေပါ့ကေလးမကို။” အေစာပိုင္းကေတာ့ ကေလးခ်င္း ေဆာ့ကစားရင္း ရန္ျဖစ္ၿပီးငိုတာလို႔ပဲ ပတ္ဝန္းက်င္က ထင္တဲ့အတြက္ သြားမၾကည့္ခဲ့ဘဲ ကေလးမေလး ငိုတာၾကာလာတာေၾကာင့္ အနီးနား ပတ္ဝန္းက်င္က လူေတြသြားၾကည့္မွ ျဖစ္စဥ္သိခဲ့ရေၾကာင္း ေျပာပါတယ္။ ကေလးမရဲ႕ ဖခင္က ဒီအမႈကို ဖ႐ူဆိုၿမိဳ႕နယ္ရဲစခန္းကို တိုင္ၾကားခဲ့တယ္လို႔လည္း ဦးသဲရယ္က ေျပာပါတယ္။ “တပ္ဘက္ေနၿပီးမွ သူတို႔အရာရွိေတြကလည္း ေလ်ာ္ေၾကးနဲ႔ၿပီးေပးဖို႔ သူ႔အစ္မကိုလည္း လာေျပာသြားတာရွိတယ္လို႔ ေျပာတယ္။ သူ႔အစ္မကေတာ့ ဖိအားနည္းနည္းေပးခံရတာေပါ့ေလ။ ဒီအမႈကို တရားမစြဲဖို႔၊ ေၾကေအးေပးဖို႔ဖိအားေပးမႈေတြရွိတယ္လို႔က်ေနာ္တို႔အဲလိုၾကားသိရတယ္။ သူတို႔အစက ေၾကေအးမယ္လို႔ေျပာၾကေတာ့ ေနာက္ပိုင္းက်ေတာ့ ကေလးမက အသက္မျပည့္ေသး ဘူး။ ကေလးလည္းျဖစ္တယ္။ လင္မယားလည္းမဟုတ္ဘူးဆိုေတာ့ က်ေနာ္တို႔ကဝိုင္းၿပီး အမ်ိဳးသမီး အဖြဲ႕ေတြနဲ႔ ခ်ိတ္ၿပီးေတာ့မွ ဒီဟာက အမႈဖြင့္မွရမယ္ဆိုၿပီးေျပာတာေပါ့ေနာ္။ သူ႔အေဖကလည္း ခရီးလြန္ေနတဲ့အခ်ိန္ဆိုေတာ့ သူ႔အေဖျပန္လာေတာ့မွပဲ အမႈကိုသြားဖြင့္ႏိုင္ခဲ့တာေပါ့ေနာ္။ ” အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဖ႐ူဆိုၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေဇယ်ာမင္းကလည္း အမႈလာဖြင့္လို႔ ပုဒ္မွာ ၃၇၆ နဲ႔ အမႈဖြင့္ေပးထားၿပီးျဖစ္တယ္လို႔ ဒီဗြီဘီကို အတည္ျပဳ ေျပာပါတယ္။ “က်ေနာ္တို႔ဘက္ကေတာ့ လုပ္ငန္းကေတာ့ လုပ္ၿပီးသြားၿပီဗ်ာ။ က်ေနာ္တို႔ဘက္က အမႈဖြင့္ဆို ဖြင့္ၿပီးသြားၿပီဗ်ာ။ ပုဒ္မ ၃၇၆ အမႈနဲ႔ေပါ့။ ” ဒီအမႈကို အရပ္ဖက္နဲ႔စစ္မလား တပ္ဖက္ပဲစစ္မွာလားဆိုတာကိုေတာ့ အေသအခ်ာ မေျပာႏိုင္ေသးေၾကာင္းနဲ႔ တပ္ကိုသားေမးျမန္းဖို႔ ေျပာဆိုခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ ကယားျပည္နယ္အေျခစိုက္ အမ်ိဳးသမီးအဖြဲ႕တခုကေနၿပီးကူညီၿပီး လြိဳင္ေကာ္ျပည္သူ႔ေဆး႐ုံမွာ ေဆးစစ္ေပးခဲ့သလို ေရွ႕ဆက္အမႈကိစၥအတြက္လည္း ေရွ႕ေနေတြနဲ႔ တိုင္ပင္လုပ္ေဆာင္ေနပါတယ္။ အမႈက်ဴးလြန္တဲ့တပ္သားကိုေတာ့ သူ႔တပ္ရင္းမွာပဲ ထိန္းသိမ္းထားၿပီး တပ္ခုံ႐ုံးမွာသာ စစ္ေဆးမယ္လို႔ အရာရွိေတြက ေျပာဆိုေၾကာင္းလည္း ေရွ႕ေန ဦးသဲရယ္က ေျပာပါတယ္။ မိန္းကေလးငယ္အတြက္ လုံၿခဳံမႈနဲ႔ တရားမွ်တမႈရရွိေရးအတြက္ ကူညီေပးေနတဲ့ ကရင္နီ အမ်ိဳးအမီးအစည္းအ႐ုံး ဥကၠ႒ မမီးမီးက “အခုကေတာ့ အစ္မတို႔ KNWO ကလည္း သြားေနတယ္။ ရဲေတြလည္း ဒီေဆး႐ုံကိုလာၿပီးေတာ့ သူတို႔စစ္ေဆးမယ္။ အဲဒါၿပီးမွာ ဒကစက ရဲကို လႊဲမလား မလႊဲမလား ဆိုတာ အစ္မတို႔သိရမွာေပါ့ေနာ္။ ” မိဘေတြနဲ႔ အရပ္ဖက္အဖြဲ႕ေတြကေတာ့ ဒီအမႈကို အရပ္ဖက္တရား႐ုံးမွာသာ စစ္ေဆးေပးဖို႔ လိုလားေနၾကပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၈ ရက္ေန႔က လြိဳင္ေကာ္ၿမိဳ႕နယ္မွာ အသက္ ၁၄ ႏွစ္အ႐ြယ္ မယားပါသမီးကို အဓမၼျပဳက်င့္ခဲ့သူကို လြိဳင္ေကာ္ခ႐ိုင္ တရား႐ုံးက အလုပ္နဲ႔ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္လိုက္ခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024