A d v e r t i s e m e n t With Us

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရန် စုံစမ်းရေးလုပ်မည် 

အမေရိကန်သမ္မတ ထရမ့်ကို ပြစ်တင်စွပ်စွဲဖို့ စုံစမ်းရေး ပြုလုပ်သွားမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီက စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ သမ္မတထရမ့်နဲ့ ယူကရိန်း သမ္မတ ဇီလန်စကီတို့ ဖုန်းပြောဆိုတာနဲ့ ပတ်သက်ပြီး သတင်းဖွင့်ချသူ တဦးက စောင့်ကြည့်ရေးအဖွဲ့တခုကို တိုင်ကြားပြီးနောက်မှာ ဒီအငြင်းပွားဖွယ်ကိစ္စ ပေါ်ပေါက်ခဲ့တာပါ။ ဒီမိုကရက်တစ် သမ္မတကိုယ်စားလှယ်လောင်း  ဂျိုးဘိုင်ဒင်နဲ့ သားဖြစ်သူတို့ကို စုံစမ်းဖို့  သမ္မတ ထရမ့်က ယူကရိန်း သမ္မတ ဇီလန်စကီကို ဖိအားပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးနောက်  အောက်လွှတ်တော်က စုံစမ်းရေးပြုလုပ်သွားမယ်ဆိုပြီး နန်စီပယ်လိုစီက ကြေညာလိုက်တာပါ။ ဒီလို ပြစ်တင်စွပ်စွဲရေးလုပ်ဖို့  လပေါင်းအတော်ကြာ ငြင်းဆန်ခဲ့တဲ့ နန်စီပယ်လိုစီက “သမ္မတဟာ တာဝန်ခံရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး”လို့ ပြောခဲ့ပါတယ်။     လောလောဆယ် သမ္မတ ထရမ့်အပေါ် စုံစမ်းရေးလုပ်နေတဲ့ ကော်မတီ  ၆ ခုက ပြစ်တင်စွပ်စွဲရေးကိစ္စ တစိတ်တပိုင်းအနေနဲ့ အဲဒီကိစ္စကို ဆက်စုံစမ်းသွားမယ်လို့ နန်စီပယ်လိုစီက ပြောပါတယ်။  သမ္မတ ထရမ့်ကတော့ အမေရိကန် အနေနဲ့ ယူကရိန်းကို  အမေရိကန် ဒေါ်လာ သန်း ၄၀၀- နီးပါး အကူအညီပေးတာကို အတည်ပြုခဲ့ပေမယ့်  အဲဒီငွေကို ခုတုံးလုပ်ပြီး ဂျိုးဘိုင်ဒင် ထိခိုက်စေဖို့ ယူကရိန်းသမ္မတ ဇီလန်စကီကို စုံစမ်းရေး လုပ်ခိုင်းခဲ့တယ်ဆိုတာကို သမ္မတ ထရမ့်က ငြင်းဆိုထားပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version သမၼတထရမ့္ကို စြပ္စြဲျပစ္တင္ရန္ စုံစမ္းေရးလုပ္မည္  အေမရိကန္သမၼတ ထရမ့္ကို ျပစ္တင္စြပ္စြဲဖို႔ စုံစမ္းေရး ျပဳလုပ္သြားမယ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီပယ္လိုစီက စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။ သမၼတထရမ့္နဲ႔ ယူကရိန္း သမၼတ ဇီလန္စကီတို႔ ဖုန္းေျပာဆိုတာနဲ႔ ပတ္သက္ၿပီး သတင္းဖြင့္ခ်သူ တဦးက ေစာင့္ၾကည့္ေရးအဖြဲ႕တခုကို တိုင္ၾကားၿပီးေနာက္မွာ ဒီအျငင္းပြားဖြယ္ကိစၥ ေပၚေပါက္ခဲ့တာပါ။ ဒီမိုကရက္တစ္ သမၼတကိုယ္စားလွယ္ေလာင္း  ဂ်ိဳးဘိုင္ဒင္နဲ႔ သားျဖစ္သူတို႔ကို စုံစမ္းဖို႔  သမၼတ ထရမ့္က ယူကရိန္း သမၼတ ဇီလန္စကီကို ဖိအားေပးခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚ ခဲ့ၿပီးေနာက္  ေအာက္လႊတ္ေတာ္က စုံစမ္းေရးျပဳလုပ္သြားမယ္ဆိုၿပီး နန္စီပယ္လိုစီက ေၾကညာလိုက္တာပါ။ ဒီလို ျပစ္တင္စြပ္စြဲေရးလုပ္ဖို႔  လေပါင္းအေတာ္ၾကာ ျငင္းဆန္ခဲ့တဲ့ နန္စီပယ္လိုစီက “သမၼတဟာ တာဝန္ခံရမယ္။ ဥပေဒအထက္မွာ ဘယ္သူမွ မရွိဘူး”လို႔ ေျပာခဲ့ပါတယ္။ ေလာေလာဆယ္ သမၼတ ထရမ့္အေပၚ စုံစမ္းေရးလုပ္ေနတဲ့ ေကာ္မတီ  ၆ ခုက ျပစ္တင္စြပ္စြဲေရးကိစၥ တစိတ္တပိုင္းအေနနဲ႔ အဲဒီကိစၥကို ဆက္စုံစမ္းသြားမယ္လို႔ နန္စီပယ္လိုစီက ေျပာပါတယ္။ သမၼတ ထရမ့္ကေတာ့ အေမရိကန္ အေနနဲ႔ ယူကရိန္းကို  အေမရိကန္ ေဒၚလာ သန္း ၄၀၀- နီးပါး အကူအညီေပးတာကို အတည္ျပဳခဲ့ေပမယ့္  အဲဒီေငြကို ခုတုံးလုပ္ၿပီး ဂ်ိဳးဘိုင္ဒင္ ထိခိုက္ေစဖို႔ ယူကရိန္းသမၼတ ဇီလန္စကီကို စုံစမ္းေရး လုပ္ခိုင္းခဲ့တယ္ဆိုတာကို သမၼတ ထရမ့္က ျငင္းဆိုထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up