ဒေါ်လာ ၆၃ ဘီလီယံ ကုန်ကျခံ ဆောက်လုပ်ထားသည့် တာရှင်းလေဆိပ်သစ် တရုတ်ဖွင့်လှစ်

960
အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံ ကုန်ကျခံ တည်ဆောက်ထားတဲ့ တာရှင်း နိုင်ငံတကာလေဆိပ်ကို ဖွင့်လှစ်လိုက်ပြီလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာလ ၂၅ ရက်နေ့မှာ တရားဝင် ကြောညာလိုက်ပါတယ်။
တာရှင်းနိုင်ငံတကာလေဆိပ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်မတိုင် ရက်ပိုင်းအလိုမှာ ဖွင့်လှစ်လိုက်တာပါ။
တာရှင်းနိုင်ငံတကာလေဆိပ်ကို ၅ နှစ်နဲ့ အပြီးတည်ဆောက်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံမှာ အကြီးမားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့နေချိန် ဒီလေဆိပ်က အခြေခံ အဆောက်အုံ ဖွံဖြိုးရေးမှာ တွန်းအားတရပ် ဖြစ်ပါလိမ့်မယ်။
မြို့တော် ဘေဂျင်းတောင်ဘက်မှာ ရှိတဲ့ အဲဒီလေဆိပ်ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းတဲ့ ရင်းမြစ်သစ်အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။
PKX ဆိုပြီး အတိုကောက်ခေါ်ဆိုတဲ့ ဒဏ္ဍာရီလာ ဖီးနစ်ငှက်ပုံစံ တာရှင်းလေဆိပ်ဟာ လေဆိပ်ဝန်ဆောင်နိုင်စွမ်း အကန့်အသတ်ကြောင့် မကြာခဏ ခရီးစဉ် ကြန့်ကြာမှုတွေ ဖြစ်နေတဲ့ လက်ရှိ ဘေဂျင်း နိုင်ငံတကာလေဆိပ်ရဲ့ ဖိအားတွေကို သက်သာစေလိမ့်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေဒၚလာ ၆၃ ဘီလီယံ ကုန္က်ခံ ေဆာက္လုပ္ထားသည့္ တာရွင္းေလဆိပ္သစ္ တ႐ုတ္ဖြင့္လွစ္
အေမရိကန္ေဒၚလာ ၆၃ ဘီလီယံ ကုန္က်ခံ တည္ေဆာက္ထားတဲ့ တာရွင္း ႏိုင္ငံတကာေလဆိပ္ကို ဖြင့္လွစ္လိုက္ၿပီလို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က စက္တင္ဘာလ ၂၅ ရက္ေန႔မွာ တရားဝင္ ေၾကာညာလိုက္ပါတယ္။
တာရွင္းႏိုင္ငံတကာေလဆိပ္ကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္မတိုင္ ရက္ပိုင္းအလိုမွာ ဖြင့္လွစ္လိုက္တာပါ။
တာရွင္းႏိုင္ငံတကာေလဆိပ္ကို ၅ ႏွစ္နဲ႔ အၿပီးတည္ေဆာက္ခဲ့တာျဖစ္ၿပီး ဆယ္စုႏွစ္ေတြအတြင္း တ႐ုတ္ႏိုင္ငံမွာ အႀကီးမားဆုံး စီးပြားေရးက်ဆင္းမႈ ႀကဳံေတြ႕ေနခ်ိန္ ဒီေလဆိပ္က အေျခခံ အေဆာက္အုံ ဖြံၿဖိဳးေရးမွာ တြန္းအားတရပ္ ျဖစ္ပါလိမ့္မယ္။
ၿမိဳ႕ေတာ္ ေဘဂ်င္းေတာင္ဘက္မွာ ရွိတဲ့ အဲဒီေလဆိပ္ကို ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အားေကာင္းတဲ့ ရင္းျမစ္သစ္အျဖစ္ ဂုဏ္ျပဳခဲ့ပါတယ္။
PKX ဆိုၿပီး အတိုေကာက္ေခၚဆိုတဲ့ ဒ႑ာရီလာ ဖီးနစ္ငွက္ပုံစံ တာရွင္းေလဆိပ္ဟာ ေလဆိပ္ဝန္ေဆာင္ႏိုင္စြမ္း အကန႔္အသတ္ေၾကာင့္ မၾကာခဏ ခရီးစဥ္ ၾကန႔္ၾကာမႈေတြ ျဖစ္ေနတဲ့ လက္ရွိ ေဘဂ်င္း ႏိုင္ငံတကာေလဆိပ္ရဲ႕ ဖိအားေတြကို သက္သာေစလိမ့္မယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။