Home
မြန်မာသတင်း
မြေပုံနှင့် မင်းပြားမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်၊ တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ
DVB
·
September 25, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နဲ့ မြေပုံမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ စက်တင်ဘာ၂၅ ရက် မနက် ၉ နာရီလောက်က တိုက်ပွဲတွေပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတယ်လို့  နှစ်ဖက်လက်နက်ကိုင်တွေနဲ့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။ ဒီနေ့မနက် မြေပုံမြို့နယ် ယိုချောင်းတံတားရဲ့ မြောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေရာမှာ တပ်မတော်က ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲခဲ့တာလို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုပါတယ်။ “တိုက်ပွဲကတော့ မနက် ၉ နာရီလောက်စပြီးဖြစ်တယ်၊ အခုအချိန်အထိတော့ ကြိုးကြားကြိုး ကြား ပစ်ခတ်နေတုန်းပဲ၊ သူတို့ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ စက်သေနတ်တွေနဲ့လည်းပစ်တယ်။ ရော့ကက်တွေနဲ့လည်းပစ်တယ်။ ဒေသတွင်းတခုလုံးလည်ပတ်ပြီးတော့ ပစ်တာတွေလုပ်တာပေါ့။ အခုအချိန်ထိကတော့ ထိခိုက်အကျအဆုံးကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်ကစလို့ ကမ်းထောင်ကြီးကျေးရွာရဲ့ အရှေ့မြောက် တောင်တန်းမှာ တပ်မတော်ကမြေပြင်ထိုးစစ်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အေအေအဖွဲ့က ပြောပါတယ်။ မြေပုံမြို့နယ် ယိုချောင်းတံတားက တိုက်ပွဲမှာ တပ်မတော် ရဟတ်ယာဉ်သုံးတိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။ “ဟုတ်တယ် ဒီနေ့ နှစ်နေရာဖြစ်တယ်ဗျ။ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတောင် အနားမှာဖြစ်တယ်။ ပြီးတော့ မြေပုံယိုးချောင်း တံတားရဲ့မြောက်ဖက်မှာ တနေရာဖြစ်တယ်။ နှစ်ရာပေါ့နော်။ မင်းပြားမြို့နယ် ပန်းမြောင်းဖက်မှာတော့ ရဟတ်ယာဉ်မသုံးဘူး။ မြေပုံမှာတော့ ရဟတ်ယာဉ်သုံး တိုက်ခိုက်တယ်။ လိုအပ်ရင်တိုက်ခိုက်မှာပဲ၊” ဒီကနေ့မနက်တိုက်ပွဲတွေမှာ နှစ်ဘက်ထိခိုက်မှု အခြေအနေကို ညနေပိုင်းအထိ အသေးစိတ်မသိရသေးဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။ ပန်းမြောင်းဒေသခံတဦးက “ပန်းမြောင်း- ဒိုင်းသားကျေးရွာအနား ကင်းညင်းကုန်နားမှာ ဖြစ်နေတာ၊ ဘုန်းကြီးတောင် တလျှောက်မှာလည်းဖြစ်တယ်။ ဒီကနေ့ မနက်ပိုင်းဖြစ်နေတာ။ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်နေတာ။ လက်နက်ကြီးတွေက လည်းတလျှောက် ပစ်နေတာ။ လေးနာရီလောက်ကြာတာပစ်ခတ်နေတာ၊ ဒီနေ့ ရဟတ်ယာဉ်တော့ မရောက်ဘူး။ မနေ့ကတော့ ရောက်တယ်။ ပစ်ခတ်မှုတွေကတော့ အခုအချိန်ကြားနေရတုန်းပါပဲ”လို့ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို
ေျမပုံႏွင့္ မင္းျပားၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲျပင္းထန္၊ တပ္မေတာ္က ရဟတ္ယာဥ္ျဖင့္ ဗုံးႀကဲ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္နဲ႔ ေျမပုံၿမိဳ႕နယ္ေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ စက္တင္ဘာ၂၅ ရက္ မနက္ ၉ နာရီေလာက္က တိုက္ပြဲေတြျပင္းျပင္း ထန္ထန္ျဖစ္ပြားေနတယ္လို႔ ႏွစ္ဖက္လက္နက္ကိုင္ေတြနဲ႔ ေဒသခံေတြက ဒီဗြီဘီကိုေျပာပါတယ္။ ဒီေန႔မနက္ ေျမပုံၿမိဳ႕နယ္ ယိုေခ်ာင္းတံတားရဲ႕ ေျမာက္ဘက္မွာ တိုက္ပြဲျဖစ္ပြားေနရာမွာ တပ္မေတာ္က ရဟတ္ယာဥ္ ၂ စီးနဲ႔ ဗုံးႀကဲခဲ့တာလို႔ ရကၡိဳင့္တပ္ေတာ္ေအေအ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာဆိုပါတယ္။ “တိုက္ပြဲကေတာ့ မနက္ ၉ နာရီေလာက္စၿပီးျဖစ္တယ္၊ အခုအခ်ိန္အထိေတာ့ ႀကိဳးၾကားႀကိဳး ၾကား ပစ္ခတ္ေနတုန္းပဲ၊ သူတို႔ဘက္က ရဟတ္ယာဥ္ႏွစ္စီးနဲ႔ စက္ေသနတ္ေတြနဲ႔လည္းပစ္တယ္။ ေရာ့ကက္ေတြနဲ႔လည္းပစ္တယ္။ ေဒသတြင္းတခုလုံးလည္ပတ္ၿပီးေတာ့ ပစ္တာေတြလုပ္တာေပါ့။ အခုအခ်ိန္ထိကေတာ့ ထိခိုက္အက်အဆုံးကေတာ့ မသိရေသးဘူး” လို႔ ေျပာပါတယ္။ စက္တင္ဘာ ၂၁ ရက္ကစလို႔ ကမ္းေထာင္ႀကီးေက်း႐ြာရဲ႕ အေရွ႕ေျမာက္ ေတာင္တန္းမွာ တပ္မေတာ္ကေျမျပင္ထိုးစစ္ေတြနဲ႔ ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေအေအအဖြဲ႕က ေျပာပါတယ္။ ေျမပုံၿမိဳ႕နယ္ ယိုေခ်ာင္းတံတားက တိုက္ပြဲမွာ တပ္မေတာ္ ရဟတ္ယာဥ္သုံးတိုက္ခိုက္ခဲ့တယ္လို႔ အေနာက္ပိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဒီဗြီဘီကိုေျပာပါတယ္။ “ဟုတ္တယ္ ဒီေန႔ ႏွစ္ေနရာျဖစ္တယ္ဗ်။ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာေတာင္ အနားမွာျဖစ္တယ္။ ၿပီးေတာ့ ေျမပုံယိုးေခ်ာင္း တံတားရဲ႕ေျမာက္ဖက္မွာ တေနရာျဖစ္တယ္။ ႏွစ္ရာေပါ့ေနာ္။ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းဖက္မွာေတာ့ ရဟတ္ယာဥ္မသုံးဘူး။ ေျမပုံမွာေတာ့ ရဟတ္ယာဥ္သုံး တိုက္ခိုက္တယ္။ လိုအပ္ရင္တိုက္ခိုက္မွာပဲ၊” ဒီကေန႔မနက္တိုက္ပြဲေတြမွာ ႏွစ္ဘက္ထိခိုက္မႈ အေျခအေနကို ညေနပိုင္းအထိ အေသးစိတ္မသိရေသးဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။ ပန္းေျမာင္းေဒသခံတဦးက “ပန္းေျမာင္း- ဒိုင္းသားေက်း႐ြာအနား ကင္းညင္းကုန္နားမွာ ျဖစ္ေနတာ၊ ဘုန္းႀကီးေတာင္ တေလွ်ာက္မွာလည္းျဖစ္တယ္။ ဒီကေန႔ မနက္ပိုင္းျဖစ္ေနတာ။ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ ျဖစ္ေနတာ။ လက္နက္ႀကီးေတြက လည္းတေလွ်ာက္ ပစ္ေနတာ။ ေလးနာရီေလာက္ၾကာတာပစ္ခတ္ေနတာ၊ ဒီေန႔ ရဟတ္ယာဥ္ေတာ့ မေရာက္ဘူး။ မေန႔ကေတာ့ ေရာက္တယ္။ ပစ္ခတ္မႈေတြကေတာ့ အခုအခ်ိန္ၾကားေနရတုန္းပါပဲ”လို႔ေျပာပါတယ္။ သတင္း-ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024