A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ၌ လူနည်းစုတိုင်းရင်းသားများ၏ ကိုယ်တွင်းကလီစာများကို ထုတ်ယူ ရောင်းချနေဟု ကုလသမဂ္ဂတွင် အစီရင်ခံ

တရုတ်နိုင်ငံမှာ နှိပ်ကွပ်ခံ ဘာသာရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေဆီက ကိုယ်တွင်း ကလီစာတွေကို လုပ်ငန်းအဆင့်နဲ့ ထုတ်ယူပြီး ရောင်းချနေတယ်လို့ ရှေ့နေ ဟာမစ် ဆာဘီက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဌာနချုပ်မှာ စက်တင်ဘာ ၂၄ ရက်က ပြောလိုက်ပါတယ်။ အလိုမတူဘဲ ကိုယ်တွင်းကလီစာ ထုတ်ယူမှု စွဲချက်တွေအတွက် လွတ်လပ်တဲ့ ခုံရုံးဖြစ်တဲ့ China Tribunal ရဲ့ တွေ့ရှိချက်တွေကို ရှေ့နေက တင်ပြခဲ့တာပါ။ တရုတ်နိုင်ငံ အနောက်မြောက်စွန်း ရှင်းကျန်းဒေသက ဝီဂါ တိုင်းရင်းသားတွေနဲ့ ဖှာ လွန်ကုန်းဘာသာရေးအဖွဲ့အပေါ် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်မှု ရှိ၊ မရှိ စစ်ဆေးရာမှာ ကျိုးကြောင်းခိုင်လုံတဲ့ သံသယ ဆိုတာထက်ပိုပြီး အတည်ပြုခဲ့ပြီးပြီဆိုတာ နောက်ဆုံး အစီရင်ခံစာက တွေ့ရှိထားတယ်လို့ ရှေ့နေက ပြောပါတယ်။ အစီရင်ခံစာကို The China Tribunalက ဇွန်လက တင်ပြခဲ့တာပါ။ ဒီခုံရုံးကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးက တရားသူကြီး ဆာ ဂျက်ဖှရီ နိုက်စ် ကျူစီက သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။  မျက်မြင် သက်သေတွေ၊ ဆေးဘက်ပညာရှင်တွေနဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေဆီက သက်သေတွေကိုလည်း ကြားနာခဲ့ပါတယ်။ တရုတ်ဟာ အနှစ် ၂၀ ထက်မနည်း အချိန်အတွင်း ဖှာလွန်ကုန်း ဘာသာရေး အုပ်စုဝင်တွေကို သတ်ဖြတ်ပြီး ကိုယ်တွင်း ကလီစာတွေ ထုတ်ယူခဲ့ပြီးပြီ။ ဒီနေ့အထိလည်း ဆက်လုပ်နေဆဲပဲ ဆိုတဲ့ ရှင်းလင်းတဲ့ သက်သေတွေ ရှိနေတယ်လို့ ခုံရုံးက ကောက်ချက်ချထားပါတယ်။ ပမာဏအားဖြင့် လျော့နည်းပေမယ့် ဝီဂါ မွတ်စလင် တိုင်းရင်းသားတွေ၊ တိဘက်လူမျိုးတွေနဲ့ ခရစ်ယာန် ဂိုဏ်းခွဲတချို့က ဖမ်းဆီးထိန်းသိမ်း ခံရသူတွေဆီကနေလည်း အလိုမတူဘဲ ကိုယ်တွင်းကလီစာတွေ ထုတ်ယူခဲ့တဲ့ သက်သေ ဖြစ်နိုင်ခြေတွေ ရှိနေသေးတယ်လို့ The China Tribunal က ပြောပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းပြည်နယ်က ဝီဂါတိုင်းရင်းသား အယောက် ၁ သန်းကျော်ကို ထိန်းသိမ်းထားပြီး ပြန်လည်ပညာပေးနေတယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ပြစ်တင် ရှုတ်ချမှုကို သိသိသာသာ ရနေပါတယ်။  The China Tribunal ကတော့ ထိန်းသိမ်းခံ လူတွေဟာ ကိုယ်တွင်း ကလီစာဘဏ်အဖြစ် အသုံးချခံနေရတယ်၊ ပုံမှန် ဆေးစစ်တာလည်း ခံနေရတယ် ဆိုတဲ့ သက်သေတွေကို တွေ့ထားတယ်လို့ ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တ႐ုတ္ႏိုင္ငံ၌ လူနည္းစု တိုင္းရင္းသားမ်ား၏ ကိုယ္တြင္းကလီစာမ်ားကို ထုတ္ယူ ေရာင္းခ်ေနဟု ကုလသမဂၢတြင္ အစီရင္ခံ တ႐ုတ္ႏိုင္ငံမွာ ႏွိပ္ကြပ္ခံ ဘာသာေရးနဲ႔ တိုင္းရင္းသား လူနည္းစုေတြဆီက ကိုယ္တြင္း ကလီစာေတြကို လုပ္ငန္းအဆင့္နဲ႔ ထုတ္ယူၿပီး ေရာင္းခ်ေနတယ္လို႔ ေရွ႕ေန ဟာမစ္ ဆာဘီက ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ဌာနခ်ဳပ္မွာ စက္တင္ဘာ ၂၄ ရက္က ေျပာလိုက္ပါတယ္။ အလိုမတူဘဲ ကိုယ္တြင္းကလီစာ ထုတ္ယူမႈ စြဲခ်က္ေတြအတြက္ လြတ္လပ္တဲ့ ခုံ႐ုံးျဖစ္တဲ့ China Tribunal ရဲ႕ ေတြ႕ရွိခ်က္ေတြကို ေရွ႕ေနက တင္ျပခဲ့တာပါ။ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္စြန္း ရွင္းက်န္းေဒသက ဝီဂါ တိုင္းရင္းသားေတြနဲ႔ ဖွာ လြန္ကုန္းဘာသာေရးအဖြဲ႕အေပၚ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈမ်ိဳး က်ဴးလြန္မႈ ရွိ၊ မရွိ စစ္ေဆးရာမွာ က်ိဳးေၾကာင္းခိုင္လုံတဲ့ သံသယ ဆိုတာထက္ပိုၿပီး အတည္ျပဳခဲ့ၿပီးၿပီဆိုတာ ေနာက္ဆုံး အစီရင္ခံစာက ေတြ႕ရွိထားတယ္လို႔ ေရွ႕ေနက ေျပာပါတယ္။ အစီရင္ခံစာကို The China Tribunalက ဇြန္လက တင္ျပခဲ့တာပါ။ ဒီခုံ႐ုံးကို ႏိုင္ငံတကာ ရာဇဝတ္မႈ ခုံ႐ုံးက တရားသူႀကီး ဆာ ဂ်က္ဖွရီ ႏိုက္စ္ က်ဴစီက သဘာပတိအျဖစ္ ေဆာင္႐ြက္ပါတယ္။ မ်က္ျမင္ သက္ေသေတြ၊ ေဆးဘက္ပညာရွင္ေတြနဲ႔ လူ႔အခြင့္အေရး စုံစမ္းစစ္ေဆး သူေတြဆီက သက္ေသေတြကိုလည္း ၾကားနာခဲ့ပါတယ္။ တ႐ုတ္ဟာ အႏွစ္ ၂၀ ထက္မနည္း အခ်ိန္အတြင္း ဖွာလြန္ကုန္း ဘာသာေရး အုပ္စုဝင္ေတြကို သတ္ျဖတ္ၿပီး ကိုယ္တြင္း ကလီစာေတြ ထုတ္ယူခဲ့ၿပီးၿပီ။ ဒီေန႔အထိလည္း ဆက္လုပ္ေနဆဲပဲ ဆိုတဲ့ ရွင္းလင္းတဲ့ သက္ေသေတြ ရွိေနတယ္လို႔ ခုံ႐ုံးက ေကာက္ခ်က္ခ်ထားပါတယ္။ ပမာဏအားျဖင့္ ေလ်ာ့နည္းေပမယ့္ ဝီဂါ မြတ္စလင္ တိုင္းရင္းသားေတြ၊ တိဘက္လူမ်ိဳးေတြနဲ႔ ခရစ္ယာန္ ဂိုဏ္းခြဲတခ်ိဳ႕က ဖမ္းဆီးထိန္းသိမ္း ခံရသူေတြဆီကေနလည္း အလိုမတူဘဲ ကိုယ္တြင္းကလီစာေတြ ထုတ္ယူခဲ့တဲ့ သက္ေသ ျဖစ္ႏိုင္ေျခေတြ ရွိေနေသးတယ္လို႔ The China Tribunal က ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ရွင္းက်န္းျပည္နယ္က ဝီဂါတိုင္းရင္းသား အေယာက္ ၁ သန္းေက်ာ္ကို ထိန္းသိမ္းထားၿပီး ျပန္လည္ပညာေပးေနတယ္ဆိုတဲ့ တ႐ုတ္အစိုးရရဲ႕ လုပ္ရပ္ဟာ ႏိုင္ငံတကာရဲ႕ အာ႐ုံစိုက္မႈနဲ႔ ျပစ္တင္ ရႈတ္ခ်မႈကို သိသိသာသာ ရေနပါတယ္။ The China Tribunal ကေတာ့ ထိန္းသိမ္းခံ လူေတြဟာ ကိုယ္တြင္း ကလီစာဘဏ္အျဖစ္ အသုံးခ် ခံေနရတယ္၊ ပုံမွန္ ေဆးစစ္တာလည္း ခံေနရတယ္ ဆိုတဲ့ သက္ေသေတြကို ေတြ႕ထားတယ္လို႔ ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up