ထိုင်းဖက်ရှင်အလှမယ် သေဆုံးမှုနှင့် ပတ်သက်ပြီး  သံသယရှိသူကို ဖမ်းဆီး 

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က လန်လာဘဲလ် ဆိုသူ ဖက်ရှင်မယ် တဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသား တဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးလိုက်ပါတယ် ။  အဆိုပါ အမျိုးသားဟာ သေဆုံးသူနဲ့ နောက်ဆုံးအချိန်ထိ အတူရှိခဲ့တဲ့ ဖျော်ဖြေရေးလုပ်ငန်း လုပ်ဖော်ကိုင်ဖက် နိုင်းရာ့ချ်ဒေ ခေါ် နမ့်အွန်  ဖြစ်ပါတယ်။  သူဟာ ဖက်ရှင်မယ် သေဆုံးမှုမှာ  သံသ‌ယအရှိဆုံးတရားခံအဖြစ် ရဲက ယူဆထားတာ ဖြစ်ပြီး  စက်တင်ဘာ ၂၄ ရက် ည ၁၀ နာရီလောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဝရမ်းစာနဲ့အတူ သူနေထိုင်ရာ ကွန်ဒိုတိုက်ခန်းကို သွားရောက် ဖမ်းဆီးခဲ့တာပါ။  သူ့ကို သွားရောက်ဖမ်းဆီးစဉ် သတင်းထောက်တွေရော၊ ဒီအမှုကို စိတ်ဝင်စားတဲ့သူတွေပါ လူအုပ်လိုက်ကြီး တိုက်ခန်းအောက်ကနေ စောင့်နေကြတာကြောင့် နိုင်းနမ့်အွန်ဟာ အချိန်အတော်ကြာ အဖမ်းမခံဘဲ တံခါးပိတ်ထားခဲ့ပါတယ်။  ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေ လူစုခွဲပြီး မနီးမဝေးကနေ ကိုယ်ယောင်ဖျောက်နေခဲ့ကြောင်း၊ ညသန်းခေါင်ယံအချိန်မှာတော့ နိုင်းနမ့်အွန်ရဲ့ မိဘတွေက ကားနဲ့ သူတို့သားကို လာကြိုခဲ့ပြီး လမ်းခုလပ် ဓာတ်ဆီဆိုင်တဆိုင်မှာ ဝင်နားစဉ် နောက်ယောင်ခံ လိုက်လာတဲ့ ရဲတွေက ရုပ်ဖျက်ဝတ်စားဆင်ယင်လာတဲ့ သူ့ကို ဖမ်းဆီးလိုက်တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ် ။  သူ့ကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း နယ်မြေ ၈ ရဲတပ်ဖွဲ့က  စက်တင်ဘာ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။  ရဲကသူ့ကို အနည်းဆုံး ၅ နာရီကြာ စစ်ဆေးရေးလုပ်ခဲ့ရာမှာ နမ့်အွန်ကတော့ မိန်းကလေး သူ့လက်ထဲမှာ သေဆုံးတာကို မသိရှိကြောင်း၊ မိန်းကလေးကို  သေစေလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ထွက်ဆိုချက်တွေထဲမှာ အမှုအတွက် အရေးပါတဲ့ အချက်အလက်တချို့ ရရှိခဲ့ပြီး နောက်ထပ် ပါဝင်ပတ်သက်သူတွေကိုလည်း စုံစမ်းဖော်ထုတ်သွား မယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ် ။  လောလောဆယ် ရဲတပ်ဖွဲ့က နမ့်အွန်ကို တပါးသူအား သေဆုံးသည်အထိ ချုပ်နှောင်ထားမှု၊ မိန်းကလေးအား လိင်ပိုင်းဆိုင်ရာကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ ခေါ်ဆောင်သွားမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စတဲ့ ပြစ်မှု ၃ ခုနဲ့ စွဲချက်တင်ထားတယ်လို့ အမှတ် ၈ နယ်မြေရဲတပ်ဖွဲ့ ရဲမှူးကြီး ဆုမ်ရစ်ထိတုန်တောက် ကပြောပါတယ် ။  ထိုင်းနိုင်ငံမှာ ဖက်ရှင်မောင်မယ်တွေ၊ အကမယ်တွေကို အရက်ဝိုင်းတွေ၊ ပါတီတွေမှာ ဖျော်ဖြေပေးဖို့ အခကြေးငွေကြီးကြီးပေးပြီး ငှားရမ်းတဲ့ လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလည်း ရှိနေသလို ဖက်ရှင်မယ် မိန်းကလေး သေဆုံးခဲ့ရပုံကလည်း ထူးဆန်းတာကြောင့် ဒီအမှုကို ထိုင်းလူမှုကွန်ရက်မှာ စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။  ကိုးကား- သနေရှင်း၊ မန်နေဂျာအွန်လိုင်း ~~~~~~~~~~~~~~~~~~~ Zawgyi_version ထိုင္းဖက္ရွင္အလွမယ္ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး  သံသယရွိသူကို ဖမ္းဆီး  ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၇ ရက္ေန႔က လန္လာဘဲလ္ ဆိုသူ ဖက္ရွင္မယ္ တဦးေသဆုံးမႈနဲ႔ ပတ္သက္ၿပီး သံသယရွိတဲ့ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဘက္ အမ်ိဳးသား တဦးကို ထိုင္းရဲတပ္ဖြဲ႕က မေန႔ညက ဖမ္းဆီးလိုက္ပါတယ္ ။ အဆိုပါ အမ်ိဳးသားဟာ ေသဆုံးသူနဲ႔ ေနာက္ဆုံးအခ်ိန္ထိ အတူရွိခဲ့တဲ့ ေဖ်ာ္ေျဖေရးလုပ္ငန္း လုပ္ေဖာ္ကိုင္ဘက္ ႏိုင္းရာ့ခ်္ေဒ ေခၚ နမ့္အြန္  ျဖစ္ပါတယ္။ သူဟာ ဖက္ရွင္မယ္ ေသဆုံးမႈမွာ  သံသ‌ယအရွိဆုံးတရားခံအျဖစ္ ရဲက ယူဆထားတာ ျဖစ္ၿပီး  စက္တင္ဘာ ၂၄ ရက္ ည ၁၀ နာရီေလာက္မွာေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဝရမ္းစာနဲ႔အတူ သူေနထိုင္ရာ ကြန္ဒိုတိုက္ခန္းကို သြားေရာက္ ဖမ္းဆီးခဲ့တာပါ။ သူ႔ကို သြားေရာက္ဖမ္းဆီးစဥ္ သတင္းေထာက္ေတြေရာ၊ ဒီအမႈကို စိတ္ဝင္စားတဲ့သူေတြပါ လူအုပ္လိုက္ႀကီး တိုက္ခန္းေအာက္ကေန ေစာင့္ေနၾကတာေၾကာင့္ ႏိုင္းနမ့္အြန္ဟာ အခ်ိန္အေတာ္ၾကာ အဖမ္းမခံဘဲ တံခါးပိတ္ထားခဲ့ပါတယ္။ ဒါေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ေတြ လူစုခြဲၿပီး မနီးမေဝးကေန ကိုယ္ေယာင္ေဖ်ာက္ေနခဲ့ေၾကာင္း၊ ညသန္းေခါင္ယံအခ်ိန္မွာေတာ့ ႏိုင္းနမ့္အြန္ရဲ႕ မိဘေတြက ကားနဲ႔ သူတို႔သားကို လာႀကိဳခဲ့ၿပီး လမ္းခုလပ္ ဓာတ္ဆီဆိုင္တဆိုင္မွာ ဝင္နားစဥ္ ေနာက္ေယာင္ခံ လိုက္လာတဲ့ ရဲေတြက ႐ုပ္ဖ်က္ဝတ္စားဆင္ယင္လာတဲ့ သူ႔ကို ဖမ္းဆီးလိုက္တယ္လို႔ သေနရွင္းသတင္းမွာ ေဖာ္ျပပါတယ္ ။ သူ႔ကို ဖမ္းဆီးလိုက္ၿပီျဖစ္ေၾကာင္း နယ္ေျမ ၈ ရဲတပ္ဖြဲ႕က  စက္တင္ဘာ ၂၅ ရက္ေန႔က သတင္းစာရွင္းလင္းခဲ့ပါတယ္။ ရဲကသူ႔ကို အနည္းဆုံး ၅ နာရီၾကာ စစ္ေဆးေရးလုပ္ခဲ့ရာမွာ နမ့္အြန္ကေတာ့ မိန္းကေလး သူ႔လက္ထဲမွာ ေသဆုံးတာကို မသိရွိေၾကာင္း၊ မိန္းကေလးကို  ေသေစလိုတဲ့ ရည္႐ြယ္ခ်က္ မရွိေၾကာင္း၊ ဒါေပမဲ့ သူ႔ရဲ႕ ထြက္ဆိုခ်က္ေတြထဲမွာ အမႈအတြက္ အေရးပါတဲ့ အခ်က္အလက္တခ်ိဳ႕ ရရွိခဲ့ၿပီး ေနာက္ထပ္ ပါဝင္ပတ္သက္သူေတြကိုလည္း စုံစမ္းေဖာ္ထုတ္သြား မယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္ ။ ေလာေလာဆယ္ ရဲတပ္ဖြဲ႕က နမ့္အြန္ကို တပါးသူအား ေသဆုံးသည္အထိ ခ်ဳပ္ေႏွာင္ထားမႈ၊ မိန္းကေလးအား လိင္ပိုင္းဆိုင္ရာက်ဴးလြန္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေခၚေဆာင္သြားမႈ၊ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ စတဲ့ ျပစ္မႈ ၃ ခုနဲ႔ စြဲခ်က္တင္ထားတယ္လို႔ အမွတ္ ၈ နယ္ေျမရဲတပ္ဖြဲ႕ ရဲမႉးႀကီး ဆုမ္ရစ္ထိတုန္ေတာက္ ကေျပာပါတယ္ ။ ထိုင္းႏိုင္ငံမွာ ဖက္ရွင္ေမာင္မယ္ေတြ၊ အကမယ္ေတြကို အရက္ဝိုင္းေတြ၊ ပါတီေတြမွာ ေဖ်ာ္ေျဖေပးဖို႔ အခေၾကးေငြႀကီးႀကီးေပးၿပီး ငွားရမ္းတဲ့ လုပ္ငန္းေတြရဲ႕ ေနာက္ကြယ္မွာ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြလည္း ရွိေနသလို ဖက္ရွင္မယ္ မိန္းကေလး ေသဆုံးခဲ့ရပုံကလည္း ထူးဆန္းတာေၾကာင့္ ဒီအမႈကို ထိုင္းလူမႈကြန္ရက္မွာ စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။ ကိုးကား- သေနရွင္း၊ မန္ေနဂ်ာအြန္လိုင္း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up