အူဘာတက္ကစီကုမ္ပဏီ လန်ဒန်တွင် လုပ်ငန်း လိုင်စင် ၂ လသာရရှိ

1.1K
အူဘာတက္ကစီကုမ္ပဏီဟာ စက်တင်ဘာလ ၂၄ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ၂ လသာ ရခဲ့ပါတယ်။
အူဘာကုမ္ပဏီဟာ အစောပိုင်းတုန်းက သူရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ရုပ်သိမ်းခဲ့တဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ယှဉ်ပြိုင်ရာမှာ အများဆုံး လုပ်ငန်းလုပ်ကိုင်ခွင့် ၅ နှစ် မရရှိဘဲ ၂ လပဲ ရခဲ့တာပါ။
အူဘာဟာ ကြီးမားတဲ့ ပြစ်မှုတွေနဲ့ ဒရိုင်ဘာ နောက်ကြောင်းရာဇဝင် စစ်ဆေးခြင်းတွေမှာ ပျက်ကွက်တာတွေ ရှိတာမို့ ၂၀၁၇ လိုင်စင် သက်တမ်း တိုးမြှင့်ရေး တောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ လန်ဒန်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (TfL) က ပြောပါတယ်။
အခု ခွင့်ပြုလိုက်တဲ့ လိုင်စင်သက်တမ်း ၂ လမှာ အူဘာအနေနဲ့ ခရီးသည် ဘေးကင်းရေး စည်းကမ်းချက်သစ်တွေကို လိုက်နာရမှာဖြစ်ပြီး ကုမ္ပဏီဆီကနေ သတင်းအချက်အလက် အသေးစိတ် လိုချင်တယ်လို့ (TfL) က ပြောပါတယ်။
TfL က သတ်မှတ်လိုက်တဲ့ စည်းကမ်းသစ်တွေမှာ လမ်းကြောင်းတူ ခရီးသည် ဝေမျှ စီးနင်းတာ၊ သင့်တော်တဲ့ အာမခံထားရှိတာနဲ့ အူဘာကနေ တက္ကစီဒရိုင်ဘာ နောက်ကြောင်းရာဇဝင် စုံစမ်းတာတွေ ပါဝင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အူဘာတကၠစီကုမၸဏီ လန္ဒန္တြင္ လုပ္ငန္း လိုင္စင္ ၂ လသာရရွိ
အူဘာတကၠစီကုမၸဏီဟာ စက္တင္ဘာလ ၂၄ ရက္ေန႔က ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ လုပ္ငန္း လုပ္ကိုင္ခြင့္ လိုင္စင္ ၂ လသာ ရခဲ့ပါတယ္။
အူဘာကုမၸဏီဟာ အေစာပိုင္းတုန္းက သူရဲ႕ လုပ္ငန္းလုပ္ကိုင္ခြင့္ကို ႐ုပ္သိမ္းခဲ့တဲ့ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕နဲ႔ ယွဥ္ၿပိဳင္ရာမွာ အမ်ားဆုံး လုပ္ငန္းလုပ္ကိုင္ခြင့္ ၅ ႏွစ္ မရရွိဘဲ ၂ လပဲ ရခဲ့တာပါ။
အူဘာဟာ ႀကီးမားတဲ့ ျပစ္မႈေတြနဲ႔ ဒ႐ိုင္ဘာ ေနာက္ေၾကာင္းရာဇဝင္ စစ္ေဆးျခင္းေတြမွာ ပ်က္ကြက္တာေတြ ရွိတာမို႔ ၂၀၁၇ လိုင္စင္ သက္တမ္း တိုးျမႇင့္ေရး ေတာင္းဆိုခ်က္ကို ပယ္ခ်ခဲ့တယ္လို႔ လန္ဒန္ပို႔ေဆာင္ေရး အာဏာပိုင္အဖြဲ႕ (TfL) က ေျပာပါတယ္။
အခု ခြင့္ျပဳလိုက္တဲ့ လိုင္စင္သက္တမ္း ၂ လမွာ အူဘာအေနနဲ႔ ခရီးသည္ ေဘးကင္းေရး စည္းကမ္းခ်က္သစ္ေတြကို လိုက္နာရမွာျဖစ္ၿပီး ကုမၸဏီဆီကေန သတင္းအခ်က္အလက္ အေသးစိတ္ လိုခ်င္တယ္လို႔ (TfL) က ေျပာပါတယ္။
TfL က သတ္မွတ္လိုက္တဲ့ စည္းကမ္းသစ္ေတြမွာ လမ္းေၾကာင္းတူ ခရီးသည္ ေဝမွ် စီးနင္းတာ၊ သင့္ေတာ္တဲ့ အာမခံထားရွိတာနဲ႔ အူဘာကေန တကၠစီဒ႐ိုင္ဘာ ေနာက္ေၾကာင္းရာဇဝင္ စုံစမ္းတာေတြ ပါဝင္တယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။