ကိုအောင်ကြီး၏ရှေ့နေကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးက အမှုဖွင့်

ဗစ်တိုးရီးယားအမှုအတွက် တရားစွဲခံထားရတဲ့ ယာဉ်မောင်း ကိုအောင်ကြီးရဲ့ ရှေ့နေကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်လို့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းက သိရပါတယ်။
နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ နဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ တို့နဲ့ အမှုဖွင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့က ပတ္တာနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ဥပဒေအကြံပေးချက်နဲ့အညီ တရားစွဲတင်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ အမှုစစ်အရာရှိက ပြောပါတယ်။
အမှုဖွင့်ခံထားရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကတော့ အမှုဖွင့်ခံထားရတဲ့အတွက် လက်ရှိ ဆောင်ရွက်နေတဲ့ ဗစ်တိုးရီးယားအမှုအတွက် ဆောင်ရွက်နေမှုအပေါ် အဟန့်အတားဖြစ်စေနိုင် ပေမယ့်လည်း နောက်ဆုတ်သွားဖို့မရှိဘူးလို့ သတင်းမီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။
ကိုေအာင္ႀကီး၏ေရွ႕ေနကို Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉးက အမႈဖြင့္
ေအာင္ဆန္းဦး
ဗစ္တိုးရီးယားအမႈအတြက္ တရားစြဲခံထားရတဲ့ ယာဥ္ေမာင္း ကိုေအာင္ႀကီးရဲ႕ ေရွ႕ေနကို Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က ပုဒ္မ ၂ ခုနဲ႔ အမႈဖြင့္ထားတယ္လို႔ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ ပတၱာနယ္ေျမရဲစခန္းက သိရပါတယ္။
ႏိုင္လြတ္လုံဥပေဒ ပုဒ္မ ၁၀ နဲ႔ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁ တို႔နဲ႔ အမႈဖြင့္ ၿပီးခဲ့တဲ့ ဩဂုတ္လ ၃၁ ရက္ေန႔က ပတၱာနယ္ေျမရဲစခန္းမွာ အမႈဖြင့္ခဲ့တာျဖစ္ၿပီး ဥပေဒအႀကံေပးခ်က္နဲ႔အညီ တရားစြဲတင္ႏိုင္ေရး လုပ္ေဆာင္သြားမယ္လို႔ အမႈစစ္အရာရွိက ေျပာပါတယ္။
အမႈဖြင့္ခံထားရတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္ကေတာ့ အမႈဖြင့္ခံထားရတဲ့အတြက္ လက္ရွိ ေဆာင္႐ြက္ေနတဲ့ ဗစ္တိုးရီးယားအမႈအတြက္ ေဆာင္႐ြက္ေနမႈအေပၚ အဟန႔္အတားျဖစ္ေစႏိုင္ ေပမယ့္လည္း ေနာက္ဆုတ္သြားဖို႔မရွိဘူးလို႔ သတင္းမီဒီယာေတြကို ေျဖဆိုခဲ့ပါတယ္။