Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ပြီးဖမ်းမိထားသည့် DKBA ခွဲထွက်အဖွဲ့ဝင်များကို မွန်ပြည်သစ်ပါတီ ပြန်လွှတ်ပေး
နော်နိုရင်း
·
September 25, 2019
မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်း DKBA ခွဲထွက် အဖွဲ့က ဝင်ရောက်လှုပ်ရှားအခြေချနေတဲ့အတွက် နယ်မြေရှင်းရာမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို DKBA ခွဲထွက်အဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိ ပြန်လွှတ်ပေးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်းက ထိုင်းနယ်စပ်တနေရာရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲမှာ ဗိုလ်မှူးနဂါး ဦးဆောင်တဲ့DKBA ခွဲထွက်အဖွဲ့က အခုစက်တင်ဘာလ အတွင်းမှာ ဝင်ရောက်လှုပ်ရှား အခြေချခဲ့တာလို့ ဘုရားသုံးဆူမြို့နယ် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်အာကာက ပြောပါတယ်။ ဒီလိုဝင်ရောက်လာလို့ စက်တင်ဘာ ၁၆ ရက်နေ့က DKBA ခွဲထွက်အဖွဲ့နဲ့ တွေ့ဆုံပြီး ထွက်ခွာပေးဖို့ ပြောဆိုပေမယ့် မထွက်ခွာလို့ မွန်ပြည်သစ်ပါတီနဲ့ စက်တင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲ ၂ ရက်တာအတွင်း DKBA ခွဲထွက်အဖွဲ့ဝင် ၇ ဦးကိုဖမ်းဆီးရမိထားခဲ့ပြီး တိုင်းရင်းသားအချင်းချင်း ဖြစ်လို့ ၂၁ ရက်နေ့က ထိုင်းနယ်စပ်တနေရာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ နိုင်အာကာက ပြောပါတယ်။ “မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲမှာ DKBA ခွဲထွက်လာနေတယ်ပေါ့နော်။ တွေ့ဆုံပွဲ လုပ်ပြီးတော့ သူတို့ကို ပေးရှောင်ခိုင်းတယ်ပေါ့နော်။ သူတို့က မထွက်တော့ ကျနော်တို့က တပ်ပိုင်း ဆိုင်ရာ စစ်ကြောင်းတွေ လှုပ်ရှားတာနဲ့ ထိတွေ့မှုဖြစ်သွားတယ်။ တိုက်ပွဲအနည်းအကျဉ်းလောက်ပဲ ဖြစ်ပြီးတော့ သူတို့လည်းထွက်ပေးပြီး‌တော့ လူကတော့ ၆ ယောက် ၇ ယောက် ကျနော်တို့ ဖမ်းမိထားပါတယ်ဗျာ။ ကျနော်တို့လည်း တိုင်းရင်းသားညီကိုမောင်နှမ စိတ်ထားသဘောထား နဲ့ပေါ့နော်။ သူတို့သွားချင်တဲ့နေရာ ထိုင်းနယ်စပ်တနေရာမှာ ပြန်လွှတ်လိုက်ပြီ။” ဒါ့အပြင် သူတို့ရဲ့ လက်နက် ၅ လက်ကိုလည်း သိမ်းဆည်းရမိထားတယ်လို့လည်း ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး DKBA ခွဲထွက် အဖွဲ့ဘက်ကိုတော့ ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း  တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲမှာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားကြတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးကေအန်ယူ တပ်ဖွဲ့တို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ 
တိုက္ပြဲျဖစ္ၿပီးဖမ္းမိထားသည့္ DKBA ခြဲထြက္အဖြဲ႕ဝင္မ်ားကို မြန္ျပည္သစ္ပါတီ ျပန္လႊတ္ေပး ေနာ္ႏိုရင္း မြန္ျပည္သစ္ပါတီရဲ႕ ထိန္းခ်ဳပ္နယ္ေျမအတြင္း DKBA ခြဲထြက္ အဖြဲ႕က ဝင္ေရာက္လႈပ္ရွားအေျခခ်ေနတဲ့အတြက္ နယ္ေျမရွင္းရာမွာ တိုက္ပြဲျဖစ္ပြားခဲ့သလို DKBA ခြဲထြက္အဖြဲ႕ဝင္တခ်ိဳ႕ကို ဖမ္းဆီးရမိ ျပန္လႊတ္ေပးခဲ့တယ္လို႔ မြန္ျပည္သစ္ပါတီက ေျပာပါတယ္။ ကရင္ျပည္နယ္ ဘုရားသုံးဆူၿမိဳ႕နယ္အတြင္းက ထိုင္းနယ္စပ္တေနရာရွိ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမထဲမွာ ဗိုလ္မႉးနဂါး ဦးေဆာင္တဲ့DKBA ခြဲထြက္အဖြဲ႕က အခုစက္တင္ဘာလ အတြင္းမွာ ဝင္ေရာက္လႈပ္ရွား အေျခခ်ခဲ့တာလို႔ ဘုရားသုံးဆူၿမိဳ႕နယ္ မြန္ျပည္သစ္ပါတီဥကၠ႒ ႏိုင္အာကာက ေျပာပါတယ္။ ဒီလိုဝင္ေရာက္လာလို႔ စက္တင္ဘာ ၁၆ ရက္ေန႔က DKBA ခြဲထြက္အဖြဲ႕နဲ႔ ေတြ႕ဆုံၿပီး ထြက္ခြာေပးဖို႔ ေျပာဆိုေပမယ့္ မထြက္ခြာလို႔ မြန္ျပည္သစ္ပါတီနဲ႔ စက္တင္ဘာ ၁၇ နဲ႔ ၁၈ ရက္ေန႔ေတြမွာ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ ဒီတိုက္ပြဲ ၂ ရက္တာအတြင္း DKBA ခြဲထြက္အဖြဲ႕ဝင္ ၇ ဦးကိုဖမ္းဆီးရမိထားခဲ့ၿပီး တိုင္းရင္းသားအခ်င္းခ်င္း ျဖစ္လို႔ ၂၁ ရက္ေန႔က ထိုင္းနယ္စပ္တေနရာမွာ ျပန္လႊတ္ေပးခဲ့တယ္လို႔ ႏိုင္အာကာက ေျပာပါတယ္။ “မြန္ျပည္သစ္ပါတီထိန္းခ်ဳပ္နယ္ေျမထဲမွာ DKBA ခြဲထြက္လာေနတယ္ေပါ့ေနာ္။ ေတြ႕ဆုံပြဲ လုပ္ၿပီးေတာ့ သူတို႔ကို ေပးေရွာင္ခိုင္းတယ္ေပါ့ေနာ္။ သူတို႔က မထြက္ေတာ့ က်ေနာ္တို႔က တပ္ပိုင္း ဆိုင္ရာ စစ္ေၾကာင္းေတြ လႈပ္ရွားတာနဲ႔ ထိေတြ႕မႈျဖစ္သြားတယ္။ တိုက္ပြဲအနည္းအက်ဥ္းေလာက္ပဲ ျဖစ္ၿပီးေတာ့ သူတို႔လည္းထြက္ေပးၿပီး‌ေတာ့ လူကေတာ့ ၆ ေယာက္ ၇ ေယာက္ က်ေနာ္တို႔ ဖမ္းမိထားပါတယ္ဗ်ာ။ က်ေနာ္တို႔လည္း တိုင္းရင္းသားညီကိုေမာင္ႏွမ စိတ္ထားသေဘာထား နဲ႔ေပါ့ေနာ္။ သူတို႔သြားခ်င္တဲ့ေနရာ ထိုင္းနယ္စပ္တေနရာမွာ ျပန္လႊတ္လိုက္ၿပီ။” ဒါ့အျပင္ သူတို႔ရဲ႕ လက္နက္ ၅ လက္ကိုလည္း သိမ္းဆည္းရမိထားတယ္လို႔လည္း ေျပာပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး DKBA ခြဲထြက္ အဖြဲ႕ဘက္ကိုေတာ့ ဆက္သြယ္ ေမးျမန္းလို႔ မရေသးပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကလည္း တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္ထဲမွာ အန္စီေအ အပစ္ရပ္လက္မွတ္ထိုးထားၾကတဲ့ မြန္ျပည္သစ္ပါတီနဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးေကအန္ယူ တပ္ဖြဲ႕တို႔အၾကားတိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024