၃၉ ဗိုက်ပူ(သို့)Snare အဖွဲ့၏ FG Live Lounge တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်(ရုပ်သံ)

1.2K
“ဟိုနေရာကို ဂိုး… ဒီနေရာကို ဂိုး… ဟိုဟာစားလိုက်နဲ့… ဒီဟာစားလိုက်မို့… အဲဒီလို ကောင်မလေးတွေ ကြိုက်သူမရှိလို့… အခုတော့ ၃၉-ဗိုက်ပူကြီးလို… ဂျုံးဂျုံး ကျနေပြီ… ဂျုံးဂျုံးကျနေပြီ… ဂျုံးဂျုံးကျနေပြီ… ၃၉-ဗိုက်ပူကြီးလို”
ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက လူငယ်ကြိုက် ဟစ်ဟော့ပ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ Snare အဖွဲ့ရဲ့ နာမည်ကြီး သီချင်းတပုဒ်မှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းဟာ ရှိုးပွဲတိုင်းလိုလိုမှာ ပရိသတ်တွေ တောင်းဆိုခံရတဲ့ သီချင်းတပုဒ်ဖြစ် ပြီး ခုလာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ Snare အဖွဲ့ရဲ့ FG Live Lounge တကိုယ်တော် တေးဂီတဖျော်ဖြေပွဲမှာ ပရိသတ်တွေက တဝကြီးခံစားနားဆင်ကြရတော့ မှာ ဖြစ်ပါတယ်။
FG Live Lounge အစီအစဉ်ကတော့ အပတ်စဉ် စနေနေ့တိုင်း နာမည်ကြီး တေး သံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ် က ရေကူးစတူဒီယိုမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ မျိုးကျော့မြိုင်ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ခုတပတ်ပိတ်ပွဲအနေနဲ့ လူငယ်ကြိုက် ဟစ်ဟော့ပ်အဖွဲ့Snare က ပါဝင်လာခဲ့တာပါ။
Snare အဖွဲ့ရဲ့ တကိုယ်တော် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးချင်တဲ့ ပရိသတ်တွေ အနေနဲ့ လက်မှတ်တွေကို ကျပ် ၁၅၀၀၀ နဲ့ ဝယ်ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
နေဝင်းနဲ့ ဖြိုးလေး ပါဝင်တဲ့ Snare အဖွဲ့ဟာ Rap Game၊ ဘကြီးဖြိုးနဲ့ ဦးနေဝင်း၊ ပူးတွဲချန်ပီယံစတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး တခြားအတွဲ ခွေတွေမှာ ရော ဂီတဖျော်ဖြေပွဲတွေမှာပါ သီဆိုဖျော်ဖြေနေကြသူတွေ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ One Band Show နောက်ပိုင်း တကိုယ်တော်ဖျော်ဖြေမှုအနေနဲ့ ဒီပွဲဟာ ပရိသတ်တွေအတွက် ကျေနပ်မှုတခုခု ပေးနိုင်မှာ ဖြစ်ပါတယ်။
Lucky Hand တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေမှုမှာ တခြား ဘယ်အဆိုတော်တွေ၊ တေးဂီတအဖွဲ့တွေ ပါဝင်သီဆိုသွားကြမလဲဆိုတာကိုတော့ ဒီပွဲမှာ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။
၃၉ ဗိုက္ပူ(သို႔)Snare အဖြဲ႕၏ FG Live Lounge ေတးဂီတေဖ်ာ္ေျဖပြဲ က်င္းပမည္(႐ုပ္သံ) DVB “ဟိုေနရာကို ဂိုး… ဒီေနရာကို ဂိုး… ဟိုဟာစားလိုက္နဲ႔… ဒီဟာစားလိုက္မို႔… အဲဒီလို ေကာင္မေလးေတြ ႀကိဳက္သူမရွိလို႔… အခုေတာ့ ၃၉-ဗိုက္ပူႀကီးလို… ဂ်ဳံးဂ်ဳံး က်ေနၿပီ… ဂ်ဳံးဂ်ဳံးက်ေနၿပီ… ဂ်ဳံးဂ်ဳံးက်ေနၿပီ… ၃၉-ဗိုက္ပူႀကီးလို” ဒါကိုၾကားလိုက္တာနဲ႔ ပရိသတ္ေတြက လူငယ္ႀကိဳက္ ဟစ္ေဟာ့ပ္ေတးဂီတအဖြဲ႕ တဖြဲ႕ျဖစ္တဲ့ Snare အဖြဲ႕ရဲ႕ နာမည္ႀကီး သီခ်င္းတပုဒ္မွန္း သိၾကၿပီး ျဖစ္မွာပါ။ ဒီသီခ်င္းဟာ ရႈိးပြဲတိုင္းလိုလိုမွာ ပရိသတ္ေတြ ေတာင္းဆိုခံရတဲ့ သီခ်င္းတပုဒ္ျဖစ္ ၿပီး ခုလာမယ့္ စက္တင္ဘာလ ၂၈ ရက္ေန႔မွာေတာ့ Snare အဖြဲ႕ရဲ႕ FG Live Lounge တကိုယ္ေတာ္ ေတးဂီတေဖ်ာ္ေျဖပြဲမွာ ပရိသတ္ေတြက တဝႀကီးခံစားနားဆင္ၾကရေတာ့ မွာ ျဖစ္ပါတယ္။ FG Live Lounge အစီအစဥ္ကေတာ့ အပတ္စဥ္ စေနေန႔တိုင္း နာမည္ႀကီး ေတး သံရွင္ေတြနဲ႔ ေဖ်ာ္ေျဖပြဲအျဖစ္ ျပဳလုပ္လာခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၊ ေဝဇယႏၲာလမ္းမေပၚ က ေရကူးစတူဒီယိုမွာ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တပတ္ကေတာ့ ဂီတေလာကမွာ ဆယ္စုႏွစ္နဲ႔ခ်ီ ပရိသတ္ေတြ အားေပးမႈ အခိုင္အမာ ရရွိထားတဲ့ မ်ိဳးေက်ာ့ၿမိဳင္ရဲ႕ ေဖ်ာ္ေျဖပြဲကို ျပဳလုပ္ခဲ့တာျဖစ္ၿပီး ခုတပတ္ပိတ္ပြဲအေနနဲ႔ လူငယ္ႀကိဳက္ ဟစ္ေဟာ့ပ္အဖြဲ႕Snare က ပါဝင္လာခဲ့တာပါ။ Snare အဖြဲ႕ရဲ႕ တကိုယ္ေတာ္ သီဆိုေဖ်ာ္ေျဖမႈကို ၾကည့္ရႈအားေပးခ်င္တဲ့ ပရိသတ္ေတြ အေနနဲ႔ လက္မွတ္ေတြကို က်ပ္ ၁၅၀၀၀ နဲ႔ ဝယ္ယူၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။ ေနဝင္းနဲ႔ ၿဖိဳးေလး ပါဝင္တဲ့ Snare အဖြဲ႕ဟာ Rap Game၊ ဘႀကီးၿဖိဳးနဲ႔ ဦးေနဝင္း၊ ပူးတြဲခ်န္ပီယံစတဲ့ တကိုယ္ေတာ္ေတးအယ္လ္ဘမ္ေတြ ထြက္ရွိထားခဲ့ၿပီး တျခားအတြဲ ေခြေတြမွာ ေရာ ဂီတေဖ်ာ္ေျဖပြဲေတြမွာပါ သီဆိုေဖ်ာ္ေျဖေနၾကသူေတြ ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ One Band Show ေနာက္ပိုင္း တကိုယ္ေတာ္ေဖ်ာ္ေျဖမႈအေနနဲ႔ ဒီပြဲဟာ ပရိသတ္ေတြအတြက္ ေက်နပ္မႈတခုခု ေပးႏိုင္မွာ ျဖစ္ပါတယ္။ Lucky Hand ေတးဂီတအဖြဲ႕နဲ႔အတူ ေဖ်ာ္ေျဖမႈမွာ တျခား ဘယ္အဆိုေတာ္ေတြ၊ ေတးဂီတအဖြဲ႕ေတြ ပါဝင္သီဆိုသြားၾကမလဲဆိုတာကိုေတာ့ ဒီပြဲမွာ ရႈစားၾကရမွာပဲ ျဖစ္ပါတယ္။