A d v e r t i s e m e n t With Us

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု  ၁၂ နှစ်မြောက်အခမ်းအနား မန္တလေးတွင်ကျင်းပ

၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအထိမ်းအမှတ် (၁၂) နှစ်မြောက်အခမ်းအနားကို စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက မန္တလေးမြို့ အမရပူရမြို့နယ် ဗားကရာကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၊ဆရာတော် ဦးစိန္တိတ၊ ရေပူကျောင်းဆရာတော်တို့နဲ့ ရွှေဝါရောင် ဆရာတော် သံဃာတော်တွေ ကြွရောက်ခဲ့ပြီး ကြွရောက်လာတဲ့ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ပင့်သံဃာတော် (၂၅) ပါးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က သံဃာတော် တပါးကို ကျပ် ၁၀၀၀၀ နှုန်းလှူဒါန်းခဲ့ပြီး အခြား အလှူရှင်တွေကလည်း လှူဖွယ်ဝတ္ထုတွေကို လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ မနက်အစောပိုင်းကလည်း လက်ဆည်ကန်ရပ်က လူထုတိုက်ရှေ့မှာ ဘုံဆွမ်းလောင်းလှူခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ မြို့တော်ဝန် ဦးရဲလွင် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ သတင်း- ထိန်ထိန်လင်း၊ Photo - Kaung Zaw Hein / MPA
၂၀၀၇ ေ႐ႊဝါေရာင္သံဃာ့လႈပ္ရွားမႈ ၁၂ ႏွစ္ေျမာက္အခမ္းအနား မႏၲေလးတြင္က်င္းပ DVB ၂၀၀၇ ခုႏွစ္ ေ႐ႊဝါေရာင္သံဃာ့လႈပ္ရွားမႈအထိမ္းအမွတ္ (၁၂) ႏွစ္ေျမာက္အခမ္းအနားကို စက္တင္ဘာ ၂၅ ရက္ မနက္ပိုင္းက မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ဗားကရာေက်ာင္းတိုက္မွာ က်င္းပခဲ့ပါတယ္။ ဒီအခမ္းအနားကို ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္၊ဆရာေတာ္ ဦးစိႏၲိတ၊ ေရပူေက်ာင္းဆရာေတာ္တို႔နဲ႔ ေ႐ႊဝါေရာင္ ဆရာေတာ္ သံဃာေတာ္ေတြ ႂကြေရာက္ခဲ့ၿပီး ႂကြေရာက္လာတဲ့ သံဃာေတာ္ေတြကို ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကပါတယ္။ ဒီအခမ္းအနားမွာ ပင့္သံဃာေတာ္ (၂၅) ပါးအတြက္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ က သံဃာေတာ္ တပါးကို က်ပ္ ၁၀၀၀၀ ႏႈန္းလႉဒါန္းခဲ့ၿပီး အျခား အလႉရွင္ေတြကလည္း လႉဖြယ္ဝတၳဳေတြကို လႉဒါန္းခဲ့ၾကပါတယ္။ ဒါ့အျပင္ ေ႐ႊဝါေရာင္ေတာ္လွန္ေရးကာလအတြင္း က်ဆုံးသြားတဲ့ ရဟန္းရွင္လူ ေက်ာင္းသား ျပည္သူေတြကို ေအာက္ေမ့ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီကေန႔ မနက္အေစာပိုင္းကလည္း လက္ဆည္ကန္ရပ္က လူထုတိုက္ေရွ႕မွာ ဘုံဆြမ္းေလာင္းလႉခဲ့ပါတယ္။ အဆိုပါ အခမ္းအနားကို မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္နဲ႔ ၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္ အပါအဝင္ အစိုးရအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ပါတယ္။ သတင္း- ထိန္ထိန္လင္း၊ Photo - Kaung Zaw Hein / MPA

A d v e r t i s e m e n t With Us

More News
Up