Home
မြန်မာသတင်း
မေးခွန်းများမဖြေကြားသဖြင့် မွန်ပြည်နယ်လွှတ်တော်နှင့် အစိုးရ အငြင်းပွားနေ
DVB
·
September 25, 2019
မွန်ပြည်နယ်လွှတ်တော်မှာ မေးမြန်းထားတဲ့ မေးခွန်းထက်ဝက်လောက်ကို ကြိုတင်ရောက်မလာတာကြောင့် မဖြေပေးနိုင်ဘူးသေးဘူးလို့  မွန်ပြည်နယ် အစိုးရက လွှတ်တော်ကို အကြောင်းပြန်လိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မေးခွန်း ၄၉ ခု မေးမြန်းသွားဖို့ လွှတ်တော်က အစိုးရအဖွဲ့ဆီပေးပို့ထားတာပါ။ ဒါပေမယ့် အစိုးရအဖွဲ့ကတော့ မေးခွန်း ၄၉ ခု ထဲမှာ မေးခွန်း ၂၄ ခုဟာ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၀ အရ အစည်းအဝေး မကျင်းပခင် ၁၀ ရက် ကြိုတင်မရောက်လို့ အခု အစည်းအဝေးမှာ မဖြေကြားပေးနိုင်သေးဘူးလို့ စက်တင်ဘာ ၂၃ ရက်စွဲနဲ့ ဝန်ကြီးချုပ် လက်မှတ်ထိုးပြီး လွှတ်တော်ကို ပေးပို့လာခဲ့ပါတယ်။ အခုလို မပေးပို့ခင် လွှတ်တော်က နောက်ကျမေးခွန်းတွေအတွက် အစိုးရအဖွဲ့ အချိန်ရအောင် လွှတ်တော် ကျင်းပတဲ့ရက် နောက်ဆုတ်ပေးမယ်လို့ ညှိနှိုင်းစာပေးပို့ခဲ့ပေမယ့် အစိုးရအဖွဲ့က လက်မခံတာကြောင့် အငြင်းပွားတာ စတင်ဖြစ်ပေါ်ခဲ့တာပါ။ မွန်ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကတော့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ကိုယ်စားလှယ်တွေဟာ မေးမြန်းမယ့် မေးခွန်းတွေကို အစည်းအဝေး မကျင်းပခင် ၁၀ ရက်အလိုမှာ လွှတ်တော်အကြီးအမှူးဆီတင်ပြရမယ်လို့ပဲပါရှိပြီး အစိုးရအဖွဲ့ကို ဘယ်အချိန်ပေးပို့ရမယ်ဆိုတာ ပြဋ္ဌာန်းချက် မရှိဘူးလို့ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကတော့ ကိုယ်စားလှယ်တွေမေးမြန်းတဲ့မေးခွန်းတွေဟာ အစိုးရအဖွဲ့ကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ဘူးလို့ပြောပါတယ်။ အခုလို ဥပဒေဆိုင်ရာ အငြင်းပွားတာကို လွှတ်တော်အနေနဲ့ အကောင်းဆုံး နည်းလမ်းတခု ရှာပြီး ဖြေရှင်းသွားမယ်လို့ လွှတ်တော် ဒု ဥက္ကဋ္ဌက ပြောပါတယ်။ 
ေမးခြန္းမ်ားမေျဖၾကားသျဖင့္ မြန္ျပည္နယ္လႊတ္ေတာ္ႏွင့္ အစိုးရ အျငင္းပြားေန DVB မြန္ျပည္နယ္လႊတ္ေတာ္မွာ ေမးျမန္းထားတဲ့ ေမးခြန္းထက္ဝက္ေလာက္ကို ႀကိဳတင္ေရာက္မလာတာေၾကာင့္ မေျဖေပးႏိုင္ဘူးေသးဘူးလို႔ မြန္ျပည္နယ္ အစိုးရက လႊတ္ေတာ္ကို အေၾကာင္းျပန္လိုက္ပါတယ္။ ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ရဲ႕ ၁၄ ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝးမွာ ေမးခြန္း ၄၉ ခု ေမးျမန္းသြားဖို႔ လႊတ္ေတာ္က အစိုးရအဖြဲ႕ဆီေပးပို႔ထားတာပါ။ ဒါေပမယ့္ အစိုးရအဖြဲ႕ကေတာ့ ေမးခြန္း ၄၉ ခု ထဲမွာ ေမးခြန္း ၂၄ ခုဟာ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၁၀၀ အရ အစည္းအေဝး မက်င္းပခင္ ၁၀ ရက္ ႀကိဳတင္မေရာက္လို႔ အခု အစည္းအေဝးမွာ မေျဖၾကားေပးႏိုင္ေသးဘူးလို႔ စက္တင္ဘာ ၂၃ ရက္စြဲနဲ႔ ဝန္ႀကီးခ်ဳပ္ လက္မွတ္ထိုးၿပီး လႊတ္ေတာ္ကို ေပးပို႔လာခဲ့ပါတယ္။ အခုလို မေပးပို႔ခင္ လႊတ္ေတာ္က ေနာက္က်ေမးခြန္းေတြအတြက္ အစိုးရအဖြဲ႕ အခ်ိန္ရေအာင္ လႊတ္ေတာ္ က်င္းပတဲ့ရက္ ေနာက္ဆုတ္ေပးမယ္လို႔ ညႇိႏႈိင္းစာေပးပို႔ခဲ့ေပမယ့္ အစိုးရအဖြဲ႕က လက္မခံတာေၾကာင့္ အျငင္းပြားတာ စတင္ျဖစ္ေပၚခဲ့တာပါ။ မြန္ျပည္နယ္ လႊတ္ေတာ္ ဒု ဥကၠ႒ ေဒါက္တာ ေအာင္ႏိုင္ဦးကေတာ့ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒအရ ကိုယ္စားလွယ္ေတြဟာ ေမးျမန္းမယ့္ ေမးခြန္းေတြကို အစည္းအေဝး မက်င္းပခင္ ၁၀ ရက္အလိုမွာ လႊတ္ေတာ္အႀကီးအမႉးဆီတင္ျပရမယ္လို႔ပဲပါရွိၿပီး အစိုးရအဖြဲ႕ကို ဘယ္အခ်ိန္ေပးပို႔ရမယ္ဆိုတာ ျပ႒ာန္းခ်က္ မရွိဘူးလို႔ေျပာပါတယ္။ လႊတ္ေတာ္ဥကၠ႒ကေတာ့ ကိုယ္စားလွယ္ေတြေမးျမန္းတဲ့ေမးခြန္းေတြဟာ အစိုးရအဖြဲ႕ကို အခက္ေတြ႕ေအာင္ လုပ္ေနတာ မဟုတ္ဘူးလို႔ေျပာပါတယ္။ အခုလို ဥပေဒဆိုင္ရာ အျငင္းပြားတာကို လႊတ္ေတာ္အေနနဲ႔ အေကာင္းဆုံး နည္းလမ္းတခု ရွာၿပီး ေျဖရွင္းသြားမယ္လို႔ လႊတ္ေတာ္ ဒု ဥကၠ႒က ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024