Home
မြန်မာသတင်း
မြိတ်မြို့လျှပ်စစ်မီးပေးရန် ကုမ္ပဏီ ၆ ခု တင်ဒါဝင်ရောက်ယှဉ်ပြိုင်
DVB
·
September 25, 2019
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် လျှပ်စစ်တင်ဒါအဆိုပြုလွှာတွေနဲ့ပတ်သက်ပြီး ဖွင့်ဖောက်ခြင်းကို ထားဝယ်မြို့ အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမမှာ စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။ မြိတ်မြို့ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအတွက် ကုမ္ပဏီ ၆ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး ကုမ္ပဏီအသီးသီးရဲ့ တင်ဒါအဆိုပြုလွှာစျေးနှုန်းတွေဟာ လျှပ်စစ် တစ်ယူနစ်ကို အနိမ့်ဆုံးစျေး ၂၉၂ ကျပ်ကနေ ၃၉၈ ကျပ်အထိ အသီးသီးရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ မြိတ်မြို့ကို လျှပ်စစ်မီးဖြန့်ဝေပေးနေတဲ့ ကုမ္ပဏီက ယခင်က တင်ဒါ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခဲ့ပေမယ့် အမည်ပျက်စာရင်း အသွင်းမခံရတာကြောင့် တင်ဒါ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီအပေါ် ဒေသခံတွေကြားထဲ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ အဲဒီအပေါ်မှာ မှတ်ချက်မပေးချင်ဘဲ အဆိုပါကုမ္ပဏီအနေနဲ့ အမည်ပျက်စာရင်း မကြေညာဖြင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့်ရှိပြီး တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်လို့ ပြည်ထောင်စုက ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ဆောင်ရွက်သွားမယ် တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးအောင်သူရကပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ နိုင်ငံတော်က ဖြန့်ဝေတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်း မရှိတာ ကြောင့် ပုဂ္ဂလိက လျှပ်စစ်မီးဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေနဲ့သာ လျှပ်စစ်မီးပေးဝေနေတာဖြစ်ပြီး နိုင်ငံတော်အစိုးရက လျှပ်စစ်ဖြန့်ဖြူးမယ့် မဟာဓါတ်အားလိုင်းကတော့ တနင်္သာရီတိုင်းအတွင်းကို ၂၀၂၀ - ၂၀၂၁ ခုနှစ်လောက်မှာစတင် ရောက်ရှိနိုင်မှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ၿမိတ္ၿမိဳ႕လွ်ပ္စစ္မီးေပးရန္ ကုမၸဏီ ၆ ခု တင္ဒါဝင္ေရာက္ယွဥ္ၿပိဳင္ DVB တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ျဖန႔္ျဖဴးျခင္းလုပ္ငန္းအတြက္ လွ်ပ္စစ္တင္ဒါအဆိုျပဳလႊာေတြနဲ႔ပတ္သက္ၿပီး ဖြင့္ေဖာက္ျခင္းကို ထားဝယ္ၿမိဳ႕ အစိုးရအဖြဲ႕႐ုံး အစည္းေဝးခန္းမမွာ စက္တင္ဘာလ ၂၄ ရက္က ျပဳလုပ္ခဲ့ပါတယ္။ ၿမိတ္ၿမိဳ႕ကို လွ်ပ္စစ္ဓါတ္အားျဖန႔္ျဖဴးေရးအတြက္ ကုမၸဏီ ၆ ခုက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ ၾကၿပီး ကုမၸဏီအသီးသီးရဲ႕ တင္ဒါအဆိုျပဳလႊာေစ်းႏႈန္းေတြဟာ လွ်ပ္စစ္ တစ္ယူနစ္ကို အနိမ့္ဆုံးေစ်း ၂၉၂ က်ပ္ကေန ၃၉၈ က်ပ္အထိ အသီးသီးရွိခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိ ၿမိတ္ၿမိဳ႕ကို လွ်ပ္စစ္မီးျဖန႔္ေဝေပးေနတဲ့ ကုမၸဏီက ယခင္က တင္ဒါ စည္းမ်ဥ္းစည္းကမ္း ေဖာက္ဖ်က္ခဲ့ေပမယ့္ အမည္ပ်က္စာရင္း အသြင္းမခံရတာေၾကာင့္ တင္ဒါ ျပန္လည္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အဲဒီအေပၚ ေဒသခံေတြၾကားထဲ ေဝဖန္မႈေတြလည္းရွိခဲ့ပါတယ္။ အဲဒီအေပၚမွာ မွတ္ခ်က္မေပးခ်င္ဘဲ အဆိုပါကုမၸဏီအေနနဲ႔ အမည္ပ်က္စာရင္း မေၾကညာျဖင့္ တင္ဒါဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ခြင့္ရွိၿပီး တင္ဒါစည္းမ်ဥ္းစည္းကမ္းနဲ႔ပတ္သက္လို႔ ျပည္ေထာင္စုက ၫႊန္ၾကားထားတဲ့ လုပ္ထုံးလုပ္နည္း စည္းမ်ဥ္းစည္းကမ္းေတြ အတိုင္း ေဆာင္႐ြက္သြားမယ္ တနသၤာရီတိုင္းေဒသႀကီး လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီး ဦးေအာင္သူရကေျပာပါတယ္။ တနသၤာရီတိုင္းအတြင္းမွာ ႏိုင္ငံေတာ္က ျဖန႔္ေဝတဲ့ လွ်ပ္စစ္မဟာဓာတ္အားလိုင္း မရွိတာ ေၾကာင့္ ပုဂၢလိက လွ်ပ္စစ္မီးျဖန႔္ျဖဴးတဲ့ ကုမၸဏီေတြနဲ႔သာ လွ်ပ္စစ္မီးေပးေဝေနတာျဖစ္ၿပီး ႏိုင္ငံေတာ္အစိုးရက လွ်ပ္စစ္ျဖန႔္ျဖဴးမယ့္ မဟာဓါတ္အားလိုင္းကေတာ့ တနသၤာရီတိုင္းအတြင္းကို ၂၀၂၀ - ၂၀၂၁ ခုႏွစ္ေလာက္မွာစတင္ ေရာက္ရွိႏိုင္မွာျဖစ္တယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024