ပါလီမန်ကို ဆိုင်းငံ့လိုက်သည့် ဝန်ကြီးချုပ်၏လုပ်ရပ် တရားမဝင်ဟု ဗြိတိန်တရားလွှတ်တော်ချုပ် ဆုံးဖြတ်

အီးယူကနေ ဗြိတိန် ထွက်ခွာဖို့ သီတင်းပတ်ပိုင်းအလိုမှာ ပါလီမန်ကို  ဆိုင်းငံ့လိုက်တဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ဗြိတိန်တရားလွှတ်တော်ချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ  ကျိုးကြောင်းမညီဘဲ ပါလီမန်ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းဆောင်တာ ဆောင်ရွက်နိုင်စွမ်းကို တားမြစ်တဲ့သဘော သက်ရောက်တာကြောင့်  ဖြစ်တယ်လို့ တရားလွှတ်တော်ချုပ် အကြီးအကဲ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။  အဲဒီဆုံးဖြတ်ချက်ကို  တရားသူကြီး ၁၁ ဦးက တခဲနက် ထောက်ခံခဲ့ပါတယ်။ နောက်ဘာဆက်လုပ်မလဲ ဆိုတာနဲ့ ပတ်သက်လို့  ပါလီမန် ဥက္ကဋ္ဌက ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း တရားလွှတ်တော်ချုပ် အကြီးအကဲက ပြောခဲ့ပါတယ်။   ဗြိတိန် ပါလီမန်ကို  စက်တင်ဘာ ၁၀ ရက်ကနေ အောက်တိုဘာ ၁၄ ရက်အထိ ယာယီဆိုင်းငံ့ထားပါတယ်။ ဒီလို ဆိုင်းငံ့တာကို  နိုင်ငံရေးအရ ကြားနေတဲ့ ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ်က သဘောတူထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပါလီမန္ကို ဆိုင္းငံ့လိုက္သည့္ ဝန္ႀကီးခ်ဳပ္၏လုပ္ရပ္ တရားမဝင္ဟု ၿဗိတိန္တရားလႊတ္ေတာ္ခ်ဳပ္ ဆုံးျဖတ္ အီးယူကေန ၿဗိတိန္ ထြက္ခြာဖို႔ သီတင္းပတ္ပိုင္းအလိုမွာ ပါလီမန္ကို  ဆိုင္းငံ့လိုက္တဲ့ ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္ရဲ႕ လုပ္ရပ္ဟာ တရားမဝင္ဘူးလို႔ ၿဗိတိန္တရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္လိုက္ပါတယ္။ ဒီလုပ္ရပ္ဟာ  က်ိဳးေၾကာင္းမညီဘဲ ပါလီမန္ရဲ႕ ဖြဲ႕စည္းပုံဆိုင္ရာ လုပ္ငန္းေဆာင္တာ ေဆာင္႐ြက္ႏိုင္စြမ္းကို တားျမစ္တဲ့သေဘာ သက္ေရာက္တာေၾကာင့္  ျဖစ္တယ္လို႔ တရားလႊတ္ေတာ္ခ်ဳပ္ အႀကီးအကဲ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ေျပာခဲ့ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္ကို  တရားသူႀကီး ၁၁ ဦးက တခဲနက္ ေထာက္ခံခဲ့ပါတယ္။ ေနာက္ဘာဆက္လုပ္မလဲ ဆိုတာနဲ႔ ပတ္သက္လို႔  ပါလီမန္ ဥကၠ႒က ဆုံးျဖတ္မွာ ျဖစ္တယ္လို႔လည္း တရားလႊတ္ေတာ္ခ်ဳပ္ အႀကီးအကဲက ေျပာခဲ့ပါတယ္။ ၿဗိတိန္ ပါလီမန္ကို  စက္တင္ဘာ ၁၀ ရက္ကေန ေအာက္တိုဘာ ၁၄ ရက္အထိ ယာယီဆိုင္းငံ့ထားပါတယ္။ ဒီလို ဆိုင္းငံ့တာကို  ႏိုင္ငံေရးအရ ၾကားေနတဲ့ ၿဗိတိန္ ဘုရင္မႀကီး အဲလိဇဘတ္က သေဘာတူထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up