Home
မြန်မာသတင်း
အရပ်သားသေဆုံးမှုစုံစမ်းစစ်ဆေးရန်အဆိုကို တပ်ကကန့်ကွက်သော်လည်း ရခိုင်လွှတ်တော်အတည်ပြု
DVB
·
September 24, 2019
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အဆိုကို တပ်မတော်သားတွေက ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံသူအရေအတွက်များတာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတွေထိခိုက် သေဆုံးရတဲ့ အပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေ၊ လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့လေ့လာစုံစမ်းရေး အဖွဲ့ဖွဲ့စည်းပြီး လေ့လာစုံစမ်းဖို့ အဆိုကို စက်တင်ဘာ ၂၃ ရက်နေ့မှာ ရခိုင်လွှတ်တော်က အတည်ပြုလိုက်တာပါ။ အဲ့ဒီအဆိုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့မှာကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အဲ့ဒီအဆိုကို ဆက်လက်ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပါတယ်။ ဦးထွန်းသာစိန်တင်သွင်းတဲ့ ဒီအဆိုကို တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံ ဆွေးနွေးသွားပါတယ်။ ဒီအဆို လွှတ်တော်မှာ မှတ်တမ်းအဖြစ်ထားရှိဖို့ပြည်နယ်အစိုးရကိုယ်စား  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမင်းသန့်က တင်ပြသွားပါတယ်။ အဲ့ဒီနောက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကိုတင်သွင်းသူ မြောက်ဦး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကိုမေးမြန်ရာမှာ အဆိုကို လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် လွှတ်တော်ရဲ့အဆုံး အဖြတ်ကို ရယူဖို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ လက်ရှိတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက အရပ်သား ပြည်သူ ၈၀ ကျော်ထက်မနည်းသေဆုံခဲ့ရပြီး ထိခိုက် ဒဏ်ရာရသူတွေ ၁၂၀ ကျော်ရှိတယ်လို့ အဆိုရှင်က ဆိုပါတယ်။  ဒီအဆိုကို လွှတ်တော်မှာ မတ်တတ်ရပ်စနစ်နဲ့ မဲခွဲဆုံးဖြတ်ရာမှာတော့ အဆိုကို ထောက်ခံသူ ၂၁ ဦးနဲ့ ကန့်ကွက်သူ ၁၂ ဦး၊ ကြားနေ ၁ ဦးနဲ့ ထောက်ခံသူများတဲ့အတွက်အဆိုကို ရခိုင် ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဝဏ္ဏခွာညို
အရပ္သားေသဆုံးမႈစုံစမ္းစစ္ေဆးရန္အဆိုကို တပ္ကကန႔္ကြက္ေသာ္လည္း ရခိုင္လႊတ္ေတာ္အတည္ျပဳ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြမွာ အရပ္သားျပည္သူ ထိခိုက္ေသဆုံးတာေတြနဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးဖို႔ အဆိုကို တပ္မေတာ္သားေတြက ကန႔္ကြက္ခဲ့ေပမယ့္ ေထာက္ခံသူအေရအတြက္မ်ားတာေၾကာင့္ ရခိုင္ျပည္နယ္လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။ တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြထိခိုက္ ေသဆုံးရတဲ့ အေပၚ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ဦးေဆာင္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ဌာနဆိုင္ရာေတြ၊ လူမႈအဖြဲ႕အစည္းက ပုဂၢိဳလ္ေတြ ပါဝင္တဲ့ေလ့လာစုံစမ္းေရး အဖြဲ႕ဖြဲ႕စည္းၿပီး ေလ့လာစုံစမ္းဖို႔ အဆိုကို စက္တင္ဘာ ၂၃ ရက္ေန႔မွာ ရခိုင္လႊတ္ေတာ္က အတည္ျပဳလိုက္တာပါ။ အဲ့ဒီအဆိုကို ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၈ ရက္က ေျမာက္ဦးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က တင္သြင္းခဲ့တာျဖစ္ၿပီး စက္တင္ဘာ ၂၃ ရက္ေန႔မွာက်င္းပတဲ့ ျပည္နယ္လႊတ္ေတာ္ အစည္းအေဝးမွာ အဲ့ဒီအဆိုကို ဆက္လက္ေဆြးေႏြးရာမွာ တပ္မေတာ္သားကိုယ္စားလွယ္ေတြ ကန႔္ကြက္ခဲ့ၾကပါတယ္။ ဦးထြန္းသာစိန္တင္သြင္းတဲ့ ဒီအဆိုကို တက္ေရာက္လာၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ဦးက ေထာက္ခံ ေဆြးေႏြးသြားပါတယ္။ ဒီအဆို လႊတ္ေတာ္မွာ မွတ္တမ္းအျဖစ္ထားရွိဖို႔ျပည္နယ္အစိုးရကိုယ္စား တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးႀကီးမင္းသန႔္က တင္ျပသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လႊတ္ေတာ္ဥကၠ႒က ဒီအဆိုကိုတင္သြင္းသူ ေျမာက္ဦး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကိုေမးျမန္ရာမွာ အဆိုကို လႊတ္ေတာ္ဥကၠ႒ကေနတဆင့္ လႊတ္ေတာ္ရဲ႕အဆုံး အျဖတ္ကို ရယူဖို႔ျပန္လည္ေျဖၾကားခဲ့ပါတယ္။ လက္ရွိတိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္အတြင္းက အရပ္သား ျပည္သူ ၈၀ ေက်ာ္ထက္မနည္းေသဆုံခဲ့ရၿပီး ထိခိုက္ ဒဏ္ရာရသူေတြ ၁၂၀ ေက်ာ္ရွိတယ္လို႔ အဆိုရွင္က ဆိုပါတယ္။ ဒီအဆိုကို လႊတ္ေတာ္မွာ မတ္တတ္ရပ္စနစ္နဲ႔ မဲခြဲဆုံးျဖတ္ရာမွာေတာ့ အဆိုကို ေထာက္ခံသူ ၂၁ ဦးနဲ႔ ကန႔္ကြက္သူ ၁၂ ဦး၊ ၾကားေန ၁ ဦးနဲ႔ ေထာက္ခံသူမ်ားတဲ့အတြက္အဆိုကို ရခိုင္ ျပည္နယ္လႊတ္ေတာ္မွာ အတည္ျပဳခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024