ဘန်ကောက်က ဖက်ရှင်မယ် ၁ ဦး ထူးဆန်းစွာ သေဆုံးမှု 

ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ လူတော်တော်များ စိတ်ဝင်စားတဲ့ သတင်းတွေထဲမှာ ပါတီသွားတဲ့ ဖက်ရှင်မယ် ၁ ဦး ထူးဆန်းစွာသေဆုံးပြီး သံသယရှိသူကို စွဲချက်မတင်နိုင်သေး တဲ့ သတင်းပဲ ဖြစ်ပါတယ်။  အသက် ၂၅ နှစ်ရွယ်ရှိ ထိတီမား ခေါ် လန်လာဘဲလ် ဆိုသူ ဖက်ရှင်မယ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ဘန်ကောက်-ဘန်ဘိုထောင်းန်နယ်မြေရှိ ဧည့်ခံပွဲတစ်ခုမှာ အရက်ငှဲ့ပြီး ဖျော်ဖြေပေးဖို့ ငှားရမ်းခြင်းခံခဲ့ရပါတယ်။  မိသားစုဝင်တွေက သူမကို တညနေလုံး ဆက်သွယ်လို့မရဘဲ ၁၇ ရက်နေ့ မနက် ၁ နာရီလောက်မှာမှ သူနဲ့အတူ အလုပ်လုပ်တဲ့ ယောကျ်ားလေးသူငယ်ချင်း နိုင်းရာ့ချ်ဒေ ခေါ် နမ့်အွန် (၂၅ နှစ်) ရဲ့ ကွန်ဒိုတိုက်ခန်းအောက်ထပ် ဆိုဖာပေါ်မှာ သေဆုံးတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့ကြတာပါ။  တာဝန်ရှိသူတွေက စီစီတီဗွီကင်မရာကို ပြန်ကြည့်ရာမှာ ညနေ ၅ နာရီကျော်က နမ့်အွန်က လန်လာဘဲလ်ကို ဧည့်ခံပွဲကနေ အပြင်ကို ပွေ့ချီလာတဲ့ပုံ၊ အဲဒီနောက် ရာ့ချ်ဒါးနယ်မြေရှိ သူ့ရဲ့ကွန်ဒိုတိုက်ခန်း အထပ် ၆ ကို ပွေ့ခေါ်သွားပုံ၊ သန်းခေါင်ကျော်တော့ မိန်းကလေးကို အောက်ဆုံးထပ် ဆိုဖာပေါ် လာချထားပြီး အပေါ်ပြန်တက်သွားပုံကို တွေ့ခဲ့ကြပါတယ်။  ဒါ့အပြင် ဧည့်ခံပွဲကနေ ထွက်လာတဲ့ ဗွီဒီယိုဖိုင်တွေမှာလည်း နမ့်အွန်ဟာ လန်လာဘယ်လ်နဲ့အတူ ကခုန်နေပြီး အရက်သောက်တာ၊ လက်ပွန်းတတီးရှိနေတာ၊ နမ့်အွန်ဟာ မိန်းမပွေသူအဖြစ် နာမည်ကြီးနေတာကြောင့် သေသူမိန်းကလေးရဲ့ မိသားစုဝင်နဲ့ လူမှုကွန်ရက်ထဲမှာတော့ နမ့်အွန်ဟာ မိန်းကလေးကို ဆေးခပ်ပြီး သေဆုံးသည်ထိ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူ အဓိကတရားခံအဖြစ် ယူဆပြီး ရဲတပ်ဖွဲ့ကိုလည်း အမြန်ဆုံး အရေးယူပေးစေချင်နေပါတယ်။  ဒါပေမဲ့ နမ့်အွန်ကတော့ သူဟာ မိန်းကလေးနဲ့ လုပ်ငန်းသဘောအရ ဖက်လှဲတကင်း ပြုပေမယ့် လိင်မှုကိစ္စ မကျူးလွန်ခဲ့ကြောင်း၊ ပါတီညက မိန်းကလေး အမူးလွန်နေလို့ သူ့အခန်းထဲ ခေါ်လာခဲ့ပေမယ့် သူရော မိန်းကလေးပါ ၂ ယောက်လုံး မူးနေလို့ ကာမကိစ္စ မရှိကြောင်း၊ အဲဒီနောက် မိန်းကလေးကို သူ့မိသားစုဝင်တွေ လာခေါ်ပြီးပြုစုဖို့  တိုက်ခန်းအောက်ထပ် ဆိုဖာပေါ်ချထားပေးခဲ့တာလို့ ရဲတွေကို ဖွင့်ဆိုထားပါတယ်။  ဒီကြားထဲမှာ နမ့်အွန်က တယ်လီဖုန်းထဲကနေပြီး သူ့သူငယ်ချင်းတွေဆီကို  အယောက် ၁၀၀ မြောက်မယား ရပြီ၊ တညတာ တော်ရတဲ့မယား စတဲ့ခ ပ်ကြွားကြွား စကားလုံးတွေနဲ့ အတူ လန်လာဘယ်လ် အိပ်နေတဲ့ပုံတွေပါ ပို့ထားတဲ့ ဖိုင်တွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။  ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်ကိုသာ စောင့်နေပြီး၊ လူသက်သေ ပစ္စည်းသက်သေတွေလည်း မခိုင်လုံသေးလို့ ဘယ်သူ့ကိုမှ စွဲချက်မတင်သေးပါဘူး။  အဆိုပါ သက်သေတွေထဲမှာ မိန်းကလေးပတ်ထားတဲ့ သွေးခုန်နှုန်းတိုင်းတာနိုင်တဲ့ လက်ပတ်နာရီ၊ မိန်းကလေး သတိမေ့နေစဉ် ခေါင်းကို လက်နဲ့ပွတ်ပေးနေတဲ့ ရွှေရောင်လက်ပတ်နာရီပိုင်ရှင်တွေပါ စစ်ဆေးလျက်ရှိပါတယ်။  အမှုဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်နေ့ သတင်းစာ ရှင်းလင်းပြောကြားရာမှာတော့  မှုခင်းဆေးစစ်ချက်အရ မိန်းကလေးရဲ့ သွေးထဲမှာ အယ်လ်ကိုဟော ပါဝင်မှု ၄၁၈ မီလီဂရမ်ရှိကြောင်း (၅၀ ထက် ကျော်ရင် မူးတဲ့ အဆင့်လို့ သတ်မှတ်ထား)၊ အခြားမူးယစ်ဆေးတွေတော့ မတွေ့ရဘဲ မိန်းမကိုယ်မှာလည်း အခြားသူရဲ့ ဒီအန်အေမတွေ့ရှိရ၊ အမျိုးသားသုက်ပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။ နမ့်အွန်ရဲ့ အခန်းထဲမှာလည်း အသုံးပြုပြီး ကွန်ဒုံးစတွေ မတွေ့ရဘူးလို့ ပြောပါတယ်။  မိန်းကလေးရဲ့ နာရီမှာတော့ သူမဟာ ၁၆ ရက်နေ့ ည ၅ နာရီကတည်းက သွေးခုန်နှုန်း ရပ်သွားပြီလို့ ပြထားပါတယ်။ ဗွီဒီယိုဖိုင်ထဲက မိန်းကလေးရဲ့ ခေါင်းကို ပွတ်ပေးနေတဲ့ လက်ပိုင်ရှင် ပတ်ထားသော နာရီမှာ ပါတီကျင်းပတဲ့ အိမ်ရှင်အမျိုးသားရဲ့ လက်ပတ်နာရီနဲ့ တူနေတာမို့ သူ့ကိုပါ ခေါ်ယူစစ်ဆေးပေမယ့် ဆိုင်ရှင်ကတော့ သူ့လက် မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး နမ့်အွန်ရဲ့ နာရီသာဖြစ်ကြောင်း၊ နမ့်အွန်က အဲဒီနာရီ ကြိုးပြတ်သွားလို့ အနက်ရောင်နဲ့ လဲပတ်ထားတာလို့ ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။  လက်ရှိအခြေအနေအရ ပါတီပွဲကျင်းပတဲ့ အိမ်ပိုင်ရှင်ကပါ နမ့်အွန်ကို မိန်းကလေး သေဆုံးရခြင်းရဲ့ အဓိကတရားခံအဖြစ် တွန်းပို့လျက်ရှိပါတယ်။  ဒါပေမဲ့ အဆိုပါ ပါတီပွဲကျင်းပတဲ့ အိမ်ပိုင်ရှင်မှာ ယခင်ကလည်း  စီးပွားရေးသမား အများစုပါတဲ့ ပါတီပွဲလုပ်ပြီး လှပချောမောတဲ့ မော်ဒယ်လ်တွေ၊ ဖက်ရှင်မယ်တွေကို ကြေးကြီးပေးပြီး ငှားရမ်းလေ့ရှိကြောင်း၊ အချို့မိန်းကလေးတွေမှာ လူမှန်းမသိအောင်မူးမေ့ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာတွေရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။  သေဆုံးသူ မိန်းကလေးမှာ ၃ နှစ်ရွယ် သမီးလေးနဲ့ မိသားစုကို  ရှာဖွေကျွေးမွေးနေသူ ဖြစ်ပြီး ဒီအလုပ်မျိုး လုပ်သက် ၄ နှစ်အတွင်း တခါမှ အရက်ကို အလွန်အကျွံမူးအောင် မ‌ေသာက်ခဲ့ဖူးတဲ့အတွက် ဒီလောက်များပြားတဲ့ အယ်လ်ကိုဟောပမာဏ သူ့ကိုယ်ထဲ ဘယ်လို ရောက်လာသလဲ ဆိုတာလည်း စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။  ဒါကြောင့် ရဲတပ်ဖွဲ့က အများသံသယဖြစ်နေသူကို စွဲချက်မတင်သေးဘဲ ပါတီပွဲလုပ်တဲ့ အိမ်ရှင်ကိုရော အခြားသက်သေတွေကိုပါ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပဲလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။  အကယ်၍ နမ့်အွန် ဆိုသောအမျိုးသားမှ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက တပါးသူအား အသက်ဆုံးရှုံးစေမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ တပါးသူအား ချုပ်နှောင်ထားမှုတွေနဲ့ အရေးယူခံရမှာဖြစ်ပြီး သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။  ကိုးကား-မန်နေဂျာအွန်လိုင်း ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘန္ေကာက္က ဖက္ရွင္မယ္ ၁ ဦး ထူးဆန္းစြာ ေသဆုံးမႈ  ခုရက္ပိုင္းအတြင္း ထိုင္းႏိုင္ငံမွာ လူေတာ္ေတာ္မ်ား စိတ္ဝင္စားတဲ့ သတင္းေတြထဲမွာ ပါတီသြားတဲ့ ဖက္ရွင္မယ္ ၁ ဦး ထူးဆန္းစြာေသဆုံးၿပီး သံသယရွိသူကို စြဲခ်က္မတင္ႏိုင္ေသး တဲ့ သတင္းပဲ ျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္႐ြယ္ရွိ ထိတီမား ေခၚ လန္လာဘဲလ္ ဆိုသူ ဖက္ရွင္မယ္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၆ ရက္ေန႔က ဘန္ေကာက္-ဘန္ဘိုေထာင္းန္နယ္ေျမရွိ ဧည့္ခံပြဲတစ္ခုမွာ အရက္ငွဲ႔ၿပီး ေဖ်ာ္ေျဖေပးဖို႔ ငွားရမ္းျခင္းခံခဲ့ရပါတယ္။ မိသားစုဝင္ေတြက သူမကို တညေနလုံး ဆက္သြယ္လို႔မရဘဲ ၁၇ ရက္ေန႔ မနက္ ၁ နာရီေလာက္မွာမွ သူနဲ႔အတူ အလုပ္လုပ္တဲ့ ေယာက်္ားေလးသူငယ္ခ်င္း ႏိုင္းရာ့ခ်္ေဒ ေခၚ နမ့္အြန္ (၂၅ ႏွစ္) ရဲ႕ ကြန္ဒိုတိုက္ခန္းေအာက္ထပ္ ဆိုဖာေပၚမွာ ေသဆုံးတဲ့ အေနအထားနဲ႔ ျပန္ေတြ႕ခဲ့ၾကတာပါ။ တာဝန္ရွိသူေတြက စီစီတီဗြီကင္မရာကို ျပန္ၾကည့္ရာမွာ ညေန ၅ နာရီေက်ာ္က နမ့္အြန္က လန္လာဘဲလ္ကို ဧည့္ခံပြဲကေန အျပင္ကို ေပြ႕ခ်ီလာတဲ့ပုံ၊ အဲဒီေနာက္ ရာ့ခ်္ဒါးနယ္ေျမရွိ သူ႔ရဲ႕ကြန္ဒိုတိုက္ခန္း အထပ္ ၆ ကို ေပြ႕ေခၚသြားပုံ၊ သန္းေခါင္ေက်ာ္ေတာ့ မိန္းကေလးကို ေအာက္ဆုံးထပ္ ဆိုဖာေပၚ လာခ်ထားၿပီး အေပၚျပန္တက္သြားပုံကို ေတြ႕ခဲ့ၾကပါတယ္။ ဒါ့အျပင္ ဧည့္ခံပြဲကေန ထြက္လာတဲ့ ဗြီဒီယိုဖိုင္ေတြမွာလည္း နမ့္အြန္ဟာ လန္လာဘယ္လ္နဲ႔အတူ ကခုန္ေနၿပီး အရက္ေသာက္တာ၊ လက္ပြန္းတတီးရွိေနတာ၊ နမ့္အြန္ဟာ မိန္းမေပြသူအျဖစ္ နာမည္ႀကီးေနတာေၾကာင့္ ေသသူမိန္းကေလးရဲ႕ မိသားစုဝင္နဲ႔ လူမႈကြန္ရက္ထဲမွာေတာ့ နမ့္အြန္ဟာ မိန္းကေလးကို ေဆးခပ္ၿပီး ေသဆုံးသည္ထိ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့သူ အဓိကတရားခံအျဖစ္ ယူဆၿပီး ရဲတပ္ဖြဲ႕ကိုလည္း အျမန္ဆုံး အေရးယူေပးေစခ်င္ေနပါတယ္။ ဒါေပမဲ့ နမ့္အြန္ကေတာ့ သူဟာ မိန္းကေလးနဲ႔ လုပ္ငန္းသေဘာအရ ဖက္လွဲတကင္း ျပဳေပမယ့္ လိင္မႈကိစၥ မက်ဴးလြန္ခဲ့ေၾကာင္း၊ ပါတီညက မိန္းကေလး အမူးလြန္ေနလို႔ သူ႔အခန္းထဲ ေခၚလာခဲ့ေပမယ့္ သူေရာ မိန္းကေလးပါ ၂ ေယာက္လုံး မူးေနလို႔ ကာမကိစၥ မရွိေၾကာင္း၊ အဲဒီေနာက္ မိန္းကေလးကို သူ႔မိသားစုဝင္ေတြ လာေခၚၿပီးျပဳစုဖို႔  တိုက္ခန္းေအာက္ထပ္ ဆိုဖာေပၚခ်ထားေပးခဲ့တာလို႔ ရဲေတြကို ဖြင့္ဆိုထားပါတယ္။ ဒီၾကားထဲမွာ နမ့္အြန္က တယ္လီဖုန္းထဲကေနၿပီး သူ႔သူငယ္ခ်င္းေတြဆီကို  အေယာက္ ၁၀၀ ေျမာက္မယား ရၿပီ၊ တညတာ ေတာ္ရတဲ့မယား စတဲ့ခ ပ္ႂကြားႂကြား စကားလုံးေတြနဲ႔ အတူ လန္လာဘယ္လ္ အိပ္ေနတဲ့ပုံေတြပါ ပို႔ထားတဲ့ ဖိုင္ေတြ လူမႈကြန္ရက္မွာ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမဲ့ ရဲတပ္ဖြဲ႕ကေတာ့ မႈခင္းဆရာဝန္ရဲ႕ ေဆးစစ္ခ်က္ကိုသာ ေစာင့္ေနၿပီး၊ လူသက္ေသ ပစၥည္းသက္ေသေတြလည္း မခိုင္လုံေသးလို႔ ဘယ္သူ႔ကိုမွ စြဲခ်က္မတင္ေသးပါဘူး။ အဆိုပါ သက္ေသေတြထဲမွာ မိန္းကေလးပတ္ထားတဲ့ ေသြးခုန္ႏႈန္းတိုင္းတာႏိုင္တဲ့ လက္ပတ္နာရီ၊ မိန္းကေလး သတိေမ့ေနစဥ္ ေခါင္းကို လက္နဲ႔ပြတ္ေပးေနတဲ့ ေ႐ႊေရာင္လက္ပတ္နာရီပိုင္ရွင္ေတြပါ စစ္ေဆးလ်က္ရွိပါတယ္။ အမႈေဆာင္႐ြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စက္တင္ဘာ ၂၃ ရက္ေန႔ သတင္းစာ ရွင္းလင္းေျပာၾကားရာမွာေတာ့  မႈခင္းေဆးစစ္ခ်က္အရ မိန္းကေလးရဲ႕ ေသြးထဲမွာ အယ္လ္ကိုေဟာ ပါဝင္မႈ ၄၁၈ မီလီဂရမ္ရွိေၾကာင္း (၅၀ ထက္ ေက်ာ္ရင္ မူးတဲ့ အဆင့္လို႔ သတ္မွတ္ထား)၊ အျခားမူးယစ္ေဆးေတြေတာ့ မေတြ႕ရဘဲ မိန္းမကိုယ္မွာလည္း အျခားသူရဲ႕ ဒီအန္ေအမေတြ႕ရွိရ၊ အမ်ိဳးသားသုက္ပိုးမေတြ႕ရဘူးလို႔ ဆိုပါတယ္။ နမ့္အြန္ရဲ႕ အခန္းထဲမွာလည္း အသုံးျပဳၿပီး ကြန္ဒုံးစေတြ မေတြ႕ရဘူးလို႔ ေျပာပါတယ္။ မိန္းကေလးရဲ႕ နာရီမွာေတာ့ သူမဟာ ၁၆ ရက္ေန႔ ည ၅ နာရီကတည္းက ေသြးခုန္ႏႈန္း ရပ္သြားၿပီလို႔ ျပထားပါတယ္။ ဗြီဒီယိုဖိုင္ထဲက မိန္းကေလးရဲ႕ ေခါင္းကို ပြတ္ေပးေနတဲ့ လက္ပိုင္ရွင္ ပတ္ထားေသာ နာရီမွာ ပါတီက်င္းပတဲ့ အိမ္ရွင္အမ်ိဳးသားရဲ႕ လက္ပတ္နာရီနဲ႔ တူေနတာမို႔ သူ႔ကိုပါ ေခၚယူစစ္ေဆးေပမယ့္ ဆိုင္ရွင္ကေတာ့ သူ႔လက္ မဟုတ္ဘူးလို႔ ျငင္းဆိုထားၿပီး နမ့္အြန္ရဲ႕ နာရီသာျဖစ္ေၾကာင္း၊ နမ့္အြန္က အဲဒီနာရီ ႀကိဳးျပတ္သြားလို႔ အနက္ေရာင္နဲ႔ လဲပတ္ထားတာလို႔ ရဲစခန္းမွာ ထြက္ဆိုထားပါတယ္။ လက္ရွိအေျခအေနအရ ပါတီပြဲက်င္းပတဲ့ အိမ္ပိုင္ရွင္ကပါ နမ့္အြန္ကို မိန္းကေလး ေသဆုံးရျခင္းရဲ႕ အဓိကတရားခံအျဖစ္ တြန္းပို႔လ်က္ရွိပါတယ္။ ဒါေပမဲ့ အဆိုပါ ပါတီပြဲက်င္းပတဲ့ အိမ္ပိုင္ရွင္မွာ ယခင္ကလည္း  စီးပြားေရးသမား အမ်ားစုပါတဲ့ ပါတီပြဲလုပ္ၿပီး လွပေခ်ာေမာတဲ့ ေမာ္ဒယ္လ္ေတြ၊ ဖက္ရွင္မယ္ေတြကို ေၾကးႀကီးေပးၿပီး ငွားရမ္းေလ့ရွိေၾကာင္း၊ အခ်ိဳ႕မိန္းကေလးေတြမွာ လူမွန္းမသိေအာင္မူးေမ့ၿပီး လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရတာေတြရွိေၾကာင္း သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ေသဆုံးသူ မိန္းကေလးမွာ ၃ ႏွစ္႐ြယ္ သမီးေလးနဲ႔ မိသားစုကို  ရွာေဖြေကြၽးေမြးေနသူ ျဖစ္ၿပီး ဒီအလုပ္မ်ိဳး လုပ္သက္ ၄ ႏွစ္အတြင္း တခါမွ အရက္ကို အလြန္အကြၽံမူးေအာင္ မ‌ေသာက္ခဲ့ဖူးတဲ့အတြက္ ဒီေလာက္မ်ားျပားတဲ့ အယ္လ္ကိုေဟာပမာဏ သူ႔ကိုယ္ထဲ ဘယ္လို ေရာက္လာသလဲ ဆိုတာလည္း စဥ္းစားစရာ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ရဲတပ္ဖြဲ႕က အမ်ားသံသယျဖစ္ေနသူကို စြဲခ်က္မတင္ေသးဘဲ ပါတီပြဲလုပ္တဲ့ အိမ္ရွင္ကိုေရာ အျခားသက္ေသေတြကိုပါ ဆက္လက္စုံစမ္းစစ္ေဆးေနဆဲပဲလို႔ သတင္းေထာက္ေတြကို ေျပာသြားပါတယ္။ အကယ္၍ နမ့္အြန္ ဆိုေသာအမ်ိဳးသားမွ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားပါက တပါးသူအား အသက္ဆုံးရႈံးေစမႈ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ တပါးသူအား ခ်ဳပ္ေႏွာင္ထားမႈေတြနဲ႔ အေရးယူခံရမွာျဖစ္ၿပီး ေသဒဏ္အထိ ျပစ္ဒဏ္က်ခံရႏိုင္ပါတယ္။ ကိုးကား-မန္ေနဂ်ာအြန္လိုင္း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up