ဟေတီနိုင်ငံတွင် အထက်လွှတ်တော်အမတ်က ဆန္ဒပြသူများကို  သေနတ်ဖြင့် ပစ်ခတ်

ဟေတီနိုင်ငံက လွှတ်တော်အနီး ဆန္ဒပြပွဲအတွင်း အထက်လွှတ်တော် အမတ်တယောက်က လေထဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ စက်တင်ဘာ ၂၃ ရက်က လူ ၂ ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။ နိုင်ငံအတွင်း လောင်စာနဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေလို့ ဒေါသထွက်နေတဲ့ လူထုတွေက ဆန္ဒပြနေခဲ့ကြတာပါ။ အထက်လွှတ်တော်အမတ် ယန်းမာရီ ရပ်ဖှ်ဖေသီရယ်က သူ့ကားနားကို ဆန္ဒပြသူတွေ ဝိုင်းလာတဲ့ အချိန်မှာ ကားပေါ်က ဆင်းပြီး လေထဲကို သေနတ်နဲ့ ပစ်ခဲ့တာပါ။ သတင်းထောက်တယောက်နဲ့ လုံခြုံရေး အစောင့်တယောက် ဒဏ်ရာရသွားပြီး ဖှေသီရယ်က သူ့ကိုယ်သူ ဆန္ဒပြသူတွေဆီကနေ ကာကွယ်ဖို့ ခုလို လုပ်ခဲ့တာလို့ ဒေသခံ မီဒီယာတွေက ရေးပါတယ်။ မနှစ်က ဗင်နီဇွဲလားနဲ့ စွမ်းအင်ဖြန့်ဖြူးမှု သဘောတူညီချက် ပျက်ပြားပြီး ဟေတီအစိုးရနဲ့ အမေရိကန် စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်းတို့ကြား အငြင်းပွားမှုကြောင့် နိုင်ငံထဲမှာ ကာလရှည် မီးပြတ်နေပြီး လောင်စာ ပြတ်လပ်နေပါတယ်။ ဒါကြောင့် ပြည်သူတွေက သမ္မတ ယိုဗေနယ်မွိုက်စ်ရဲ့ အစိုးရကို ဒေါသထွက်နေပါတယ်။  ဟေတီဟာ အိမ်နီးချင်း ဗင်နီဇွဲလားနိုင်ငံကို လောင်စာအတွက် မှီခိုနေရတာပါ။ ခုတော့ လူဦးရေ ၁၁ သန်းရှိတဲ့ ဟေတီဟာ နိုင်ငံတကာ ဈေးကွက်ကို မှီခိုနေရလို့ ကုန်စည်ဈေးနှုန်းတွေအပေါ်  ဖိအားမြင့်တက်လာခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေဟတီႏိုင္ငံတြင္ အထက္လႊတ္ေတာ္အမတ္က ဆႏၵျပသူမ်ားကို  ေသနတ္ျဖင့္ ပစ္ခတ္ ေဟတီႏိုင္ငံက လႊတ္ေတာ္အနီး ဆႏၵျပပြဲအတြင္း အထက္လႊတ္ေတာ္ အမတ္တေယာက္က ေလထဲကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ စက္တင္ဘာ ၂၃ ရက္က လူ ၂ ေယာက္ထက္မနည္း ဒဏ္ရာရပါတယ္။ ႏိုင္ငံအတြင္း ေလာင္စာနဲ႔ စားနပ္ရိကၡာ ျပတ္လပ္ေနလို႔ ေဒါသထြက္ေနတဲ့ လူထုေတြက ဆႏၵျပေနခဲ့ၾကတာပါ။ အထက္လႊတ္ေတာ္အမတ္ ယန္းမာရီ ရပ္ဖွ္ေဖသီရယ္က သူ႔ကားနားကို ဆႏၵျပသူေတြ ဝိုင္းလာတဲ့ အခ်ိန္မွာ ကားေပၚက ဆင္းၿပီး ေလထဲကို ေသနတ္နဲ႔ ပစ္ခဲ့တာပါ။ သတင္းေထာက္တေယာက္နဲ႔ လုံၿခဳံေရး အေစာင့္တေယာက္ ဒဏ္ရာရသြားၿပီး ေဖွသီရယ္က သူ႔ကိုယ္သူ ဆႏၵျပသူေတြဆီကေန ကာကြယ္ဖို႔ ခုလို လုပ္ခဲ့တာလို႔ ေဒသခံ မီဒီယာေတြက ေရးပါတယ္။ မႏွစ္က ဗင္နီဇြဲလားနဲ႔ စြမ္းအင္ျဖန႔္ျဖဴးမႈ သေဘာတူညီခ်က္ ပ်က္ျပားၿပီး ေဟတီအစိုးရနဲ႔ အေမရိကန္ စြမ္းအင္ကုန္သြယ္ေရးလုပ္ငန္းတို႔ၾကား အျငင္းပြားမႈေၾကာင့္ ႏိုင္ငံထဲမွာ ကာလရွည္ မီးျပတ္ေနၿပီး ေလာင္စာ ျပတ္လပ္ေနပါတယ္။ ဒါေၾကာင့္ ျပည္သူေတြက သမၼတ ယိုေဗနယ္မြိဳက္စ္ရဲ႕ အစိုးရကို ေဒါသထြက္ေနပါတယ္။ ေဟတီဟာ အိမ္နီးခ်င္း ဗင္နီဇြဲလားႏိုင္ငံကို ေလာင္စာအတြက္ မွီခိုေနရတာပါ။ ခုေတာ့ လူဦးေရ ၁၁ သန္းရွိတဲ့ ေဟတီဟာ ႏိုင္ငံတကာ ေဈးကြက္ကို မွီခိုေနရလို႔ ကုန္စည္ေဈးႏႈန္းေတြအေပၚ  ဖိအားျမင့္တက္လာခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up