Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် တီအန်အယ်လ်အေတို့ တိုက်ပွဲဖြစ် 
အောင်သူ
·
September 24, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကုန်းဆာကျေးရွာအနီးမှာ  တပ်မတော်နဲ့ တီအန်အယ်လ်အေတို့ ဒီမနက် ၅ နာရီကျော်လောက်ကတည်းက နေ့လယ်ပိုင်းအထိ တိုက်ပွဲ တွေဖြစ်နေပါတယ်။ ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာအနားက တောင်‌ကြောပေါ်မှာ  ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ တီအန်အယ်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောပါတယ်။ အခုဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ တိုက်ပွဲဖြစ်ပွားနေတာကို သိရှိ ခြင်းမရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတပ်မတော်အနေနဲ့အပစ်ရပ်ပြီးနောက်ပိုင်း RCSS နဲ့၁၅ မိနစ်ဝန်းကျင်သာကြာတဲ့ တိုက်ပွဲတခုသာဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ထဲမှာ ဒီနေ့မနက်ကတည်းကတိုက်ပွဲဖြစ်နေတဲ့ အကြောင်းကို  ဒေသခံတ ဦးက အတည်ပြုပြောဆိုပါ တယ်။  ဒေသအခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီကလည်း တိုက်ပွဲနဲ့နီးတဲ့ ကုန်းဆာ၊ နမ့်ဟူးဒဲ၊ မန်နောင်။ နမ့်ပါချီးစတဲ့ ကျေးရွာတွေက ဒေသခံတွေက ရွာပြင်မထွက်ရဲဘဲ ဗုံးခိုကျင်းထဲမှာ ပုန်းနေရတဲ့လို့ သတင်းရေးသားထားပါတယ်။ တီအန်အယ်အေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်ကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာထားပြီး တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာ မယ် ဆိုရင် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ တပ်မတော်ဘက်ကတော  လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက  ကောင်းမွန်တဲ့ ရလဒ်တွေ မထွက်တာကြောင့် ၉ လတာ တဖက်သတ်အပစ်ရပ်တာကို ထပ်မံမတိုးတော့ဘဲ စစ်တိုင်း ၅ တိုင်းမှာ အပစ်ရပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။
ကြတ္ခိုင္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ တီအန္အယ္လ္ေအတို႔ တိုက္ပြဲျဖစ္ ေအာင္သူ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ ကုန္းဆာေက်း႐ြာအနီးမွာ တပ္မေတာ္နဲ႔ တီအန္အယ္လ္ေအတို႔ ဒီမနက္ ၅ နာရီေက်ာ္ေလာက္ကတည္းက ေန႔လယ္ပိုင္းအထိ တိုက္ပြဲ ေတြျဖစ္ေနပါတယ္။ ကြတ္ခိုင္ၿမိဳ႕နယ္ ကုန္းဆာေက်း႐ြာအနားက ေတာင္‌ေၾကာေပၚမွာ ဒီေန႔ မြန္းလြဲ ၁၂ နာရီ ၃၀ မိနစ္အခ်ိန္ထိ တိုက္ပြဲေတြျဖစ္ေနတယ္လို႔ တီအန္အယ္ေအ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ကေျပာပါတယ္။ အခုျဖစ္ပြားေနတဲ့တိုက္ပြဲအေျခအေနနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္း မွန္ျပန္ၾကားေရး အဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့ တိုက္ပြဲျဖစ္ပြားေနတာကို သိရွိ ျခင္းမရွိေသးဘူးလို႔ ဒီဗြီဘီကို ေျပာပါတယ္။ လက္ရွိမွာတပ္မေတာ္အေနနဲ႔အပစ္ရပ္ၿပီးေနာက္ပိုင္း RCSS နဲ႔၁၅ မိနစ္ဝန္းက်င္သာၾကာတဲ့ တိုက္ပြဲတခုသာျဖစ္ပြားခဲ့တယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ဒီေန႔မနက္ကတည္းကတိုက္ပြဲျဖစ္ေနတဲ့ အေၾကာင္းကို ေဒသခံတ ဦးက အတည္ျပဳေျပာဆိုပါ တယ္။ ေဒသအေျခစိုက္ ေ႐ႊဖီေျမသတင္းေအဂ်င္စီကလည္း တိုက္ပြဲနဲ႔နီးတဲ့ ကုန္းဆာ၊ နမ့္ဟူးဒဲ၊ မန္ေနာင္။ နမ့္ပါခ်ီးစတဲ့ ေက်း႐ြာေတြက ေဒသခံေတြက ႐ြာျပင္မထြက္ရဲဘဲ ဗုံးခိုက်င္းထဲမွာ ပုန္းေနရတဲ့လို႔ သတင္းေရးသားထားပါတယ္။ တီအန္အယ္ေအ ပါဝင္တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြဘက္ကေတာ့ ဒီဇင္ဘာ ၃၁ ရက္ေန႔အထိ အပစ္ရပ္ေၾကာင္း ေၾကညာထားၿပီး တပ္မေတာ္ဘက္က ထိုးစစ္ဆင္တိုက္ခိုက္လာ မယ္ ဆိုရင္ ခုခံကာကြယ္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ တပ္မေတာ္ဘက္ကေတာ လက္ရွိ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြက ေကာင္းမြန္တဲ့ ရလဒ္ေတြ မထြက္တာေၾကာင့္ ၉ လတာ တဖက္သတ္အပစ္ရပ္တာကို ထပ္မံမတိုးေတာ့ဘဲ စစ္တိုင္း ၅ တိုင္းမွာ အပစ္ရပ္မႈကို အဆုံးသတ္ခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024