ဟွာဝေး ဘဏ္ဍာရေးအကြီးအကဲကို ကနေဒါက ဖမ်းထားသည့်ကိစ္စ ဖြေရှင်းချက်တောင်းဆို

1K
ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေး အကြီးအကဲမုန့်ဝမ့်ကျိုးကို ဗန်ကူးဗားလေဆိပ်မှာ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ဖြေရှင်းချက် တောင်းဖို့အတွက် မုန့်ဝမ့်ကျိုးနဲ့ သူ့ရှေ့နေအဖွဲ့ဟာ စက်တင်ဘာလ ၂၃ ရက်က ကနေဒါတရားရုံးကို လာရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က အမေရိကန် အစိုးရ တောင်းဆိုမှုနဲ့ မုန့်ဝမ့်ကျိူးကို ဘဏ်လုပ်ငန်း လိမ်လည်မှု၊ အီရန်မှာ ဟွာဝေးလုပ်ငန်း လုပ်ကိုင်တာနဲ့ ပတ်သက်ပြီး ဗြိတိန် HSBC ကုမ္ပဏီကို လှည့်စားမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ မုန့်ဝမ့်ကျိုးကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံစလုံးနဲ့ တရုတ်ဟာ ဆက်ဆံရေး ယိုယွင်းခဲ့ပါတယ်။
မုန့်ဝမ့်ကျိုးက သူဟာ အပြစ်ကင်းပြီး တရားခံ လွှဲပြောင်းရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။
မုန့်ဝမ့်ကျိုးရဲ့ ရှေ့နေအဖွဲ့ကတော့ အမေရိကန်နဲ့ ကနေဒါ အာဏာပိုင်တွေအကြား အဆက်အသွယ်တွေ အပါအဝင် သတင်းအချက်အလက်တွေ ဖွင့်ချရေး တရားရုံးမှာ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
ဒီနှစ်အစောပိုင်းတုန်းက မုန့်ဝမ့်ကျိုးရဲ့ ရှေ့နေအဖွဲ့ ဥပဒေကြောင်းအရ တောင်းဆိုတာနဲ့ ပတ်သက်ပြီး ကနေဒါ ရဲတပ်ဖွဲ့နဲ့ နယ်စပ်အရာရှိသူတွေက သူတို့ဟာ ဥပဒေအတိုင်း သဘောရိုးနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ တုံ့ပြန်ပြောကြားထားပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဟြာေဝး ဘ႑ာေရးအႀကီးအကဲကို ကေနဒါက ဖမ္းထားသည့္ကိစၥ ေျဖရွင္းခ်က္ေတာင္းဆို
ဟြာေဝးကုမၸဏီရဲ႕ ဘ႑ာေရး အႀကီးအကဲမုန႔္ဝမ့္က်ိဳးကို ဗန္ကူးဗားေလဆိပ္မွာ ဖမ္းဆီးခဲ့တာနဲ႔ ပတ္သက္လို႔ ေျဖရွင္းခ်က္ ေတာင္းဖို႔အတြက္ မုန႔္ဝမ့္က်ိဳးနဲ႔ သူ႔ေရွ႕ေနအဖြဲ႕ဟာ စက္တင္ဘာလ ၂၃ ရက္က ကေနဒါတရား႐ုံးကို လာေရာက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ ရက္ေန႔က အေမရိကန္ အစိုးရ ေတာင္းဆိုမႈနဲ႔ မုန႔္ဝမ့္က်ိဴးကို ဘဏ္လုပ္ငန္း လိမ္လည္မႈ၊ အီရန္မွာ ဟြာေဝးလုပ္ငန္း လုပ္ကိုင္တာနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ HSBC ကုမၸဏီကို လွည့္စားမႈ စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
ဟြာေဝးဘ႑ာေရးအႀကီးအကဲ မုန႔္ဝမ့္က်ိဳးကို ဖမ္းဆီးခဲ့တာနဲ႔ ပတ္သက္လို႔ အေမရိကန္နဲ႔ ကေနဒါ ႏွစ္ႏိုင္ငံစလုံးနဲ႔ တ႐ုတ္ဟာ ဆက္ဆံေရး ယိုယြင္းခဲ့ပါတယ္။
မုန႔္ဝမ့္က်ိဳးက သူဟာ အျပစ္ကင္းၿပီး တရားခံ လႊဲေျပာင္းေရးအတြက္ တိုက္ပြဲဝင္သြားမယ္လို႔ ေျပာဆိုထားပါတယ္။
မုန႔္ဝမ့္က်ိဳးရဲ႕ ေရွ႕ေနအဖြဲ႕ကေတာ့ အေမရိကန္နဲ႔ ကေနဒါ အာဏာပိုင္ေတြအၾကား အဆက္အသြယ္ေတြ အပါအဝင္ သတင္းအခ်က္အလက္ေတြ ဖြင့္ခ်ေရး တရား႐ုံးမွာ ေတာင္းဆိုသြားမယ္လို႔ ဆိုပါတယ္။
ဒီႏွစ္အေစာပိုင္းတုန္းက မုန႔္ဝမ့္က်ိဳးရဲ႕ ေရွ႕ေနအဖြဲ႕ ဥပေဒေၾကာင္းအရ ေတာင္းဆိုတာနဲ႔ ပတ္သက္ၿပီး ကေနဒါ ရဲတပ္ဖြဲ႕နဲ႔ နယ္စပ္အရာရွိသူေတြက သူတို႔ဟာ ဥပေဒအတိုင္း သေဘာ႐ိုးနဲ႔ လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ တုံ႔ျပန္ေျပာၾကားထားပါတယ္။