ဟုမ္မလင်းကုန်တင်ကုန်ချလုပ်သားများနှင့် တစညပါတီ မြေပိုင်ဆိုင်မှုပြဿနာ လွှတ်တော်တွင် မေးခွန်းထုတ်

905
ဟုမ္မလင်းမြို့က ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ တစညပါတီတို့ မြေနေရာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အပေါ် နှစ်ချီကြာနေပြီဖြစ်ပေမယ့် မပြီးပြတ်သေးတာကြောင့် အမြန်ဆုံးဖြေရှင်းပေးနိုင်ရေး ဒေသခံကိုယ်စားလှယ်က စစ်ကိုင်းတိုင်းလွှတ်တော်မှာ တောင်းဆို လိုက်ပါတယ်။
မြို့မဆိပ်ကမ်းမြေနေရာအငြင်းပွားမှုကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အရ ရှိပြီးသား တစညပါတီအမည်ပေါက်ဂရန်ကို ပယ်ဖျက်ဖို့နဲ့ နောက်ထပ်လျှောက်ထားမှုကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ စာထွက်ညွှန်ကြားခဲ့ပေမယ့် ၁ နှစ်ကျော်ကြာတဲ့အထိ ထူးခြားမလာသေးတာကြောင့် ဒေသခံကိုယ်စားလှယ်က စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့တာပါ။
အဆောက်အဦနဲ့ပတ်သက်လို့ နှစ်ဖက်အဖွဲ့အစည်းဝင်တွေ လက်မှတ်ရေးထိုးကာ မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ တရားဝင်လွှဲပြောင်းလှူဒါန်းတာတွေ စိစစ်တွေ့ရှိရတာကြောင့် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန်လိုအပ်တယ်ဆိုကာ ခရိုင်ထွေအုပ်က တင်ပြလာတဲ့အတွက် တိုင်းထွေအုပ်ကတဆင့် ပြည်ထောင်စုကို တင်ပြထားပြီး ပြည်ထောင်စုက ညွှန်ကြားချက်ရရင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်း လုံနယ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစိုးရအဖွဲ့အနေနဲ့ အစည်းဝေးဆုံးဖြတ်ချက် ချထားတဲ့ အတိုင်း ပြတ်ပြတ်သားသား အကောင်အထည်ဖော်ရမယ့်အစား လက်ရှိမှာ ပြည်ထောင်စုကို ထပ်မံတင်ပြထားတယ်ဆိုတာက မဖြစ်သင့်ဘူးလို့လည်း ဒေသခံ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ်၊ မေလတုန်းကလည်း ကုန်တင်ကုန်ချ အလုပ်သမားတွေက ဟုမ္မလင်းမြို့မှာ ဆန္ဒပြခဲ့ကြပါသေးတယ်။
အဲဒီတုန်းက သတင်းတွေမှာ အလုပ်သမားတွေရဲ့ ပြောကြားချက်အရတော့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ တစညပါတီအနေနဲ့ မြေနေရာအခက်အခဲကြောင့် ခေတ္တရုံးဖွင့်ခွင့်ပေးခဲ့ တာသာ ဖြစ်ပြီး ပါတီအနေနဲ့ကတော့ သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့ ခွင့်ပြုချက်နဲ့ အညီသာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဟုမၼလင္းကုန္တင္ကုန္ခ်လုပ္သားမ်ားႏွင့္ တစညပါတီ ေျမပိုင္ဆိုင္မႈျပႆနာ လႊတ္ေတာ္တြင္ ေမးခြန္းထုတ္ ေအာင္ကိုလတ္ ဟုမၼလင္းၿမိဳ႕က ဆိပ္ကမ္းကုန္တင္ကုန္ခ် အလုပ္သမားေတြနဲ႔ တစညပါတီတို႔ ေျမေနရာပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့အေပၚ ႏွစ္ခ်ီၾကာေနၿပီျဖစ္ေပမယ့္ မၿပီးျပတ္ေသးတာေၾကာင့္ အျမန္ဆုံးေျဖရွင္းေပးႏိုင္ေရး ေဒသခံကိုယ္စားလွယ္က စစ္ကိုင္းတိုင္းလႊတ္ေတာ္မွာ ေတာင္းဆို လိုက္ပါတယ္။ ၿမိဳ႕မဆိပ္ကမ္းေျမေနရာအျငင္းပြားမႈကို စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕ အစည္းအေဝး အရ ရွိၿပီးသား တစညပါတီအမည္ေပါက္ဂရန္ကို ပယ္ဖ်က္ဖို႔နဲ႔ ေနာက္ထပ္ေလွ်ာက္ထားမႈကို လုပ္ထုံးလုပ္နည္းနဲ႔အညီ ေဆာင္႐ြက္ဖို႔ စာထြက္ၫႊန္ၾကားခဲ့ေပမယ့္ ၁ ႏွစ္ေက်ာ္ၾကာတဲ့အထိ ထူးျခားမလာေသးတာေၾကာင့္ ေဒသခံကိုယ္စားလွယ္က စက္တင္ဘာလ ၂၃ ရက္ေန႔က က်င္းပတဲ့ တိုင္းလႊတ္ေတာ္အစည္းအေဝးမွာ ေမးခြန္းေမးျမန္းခဲ့တာပါ။ အေဆာက္အဦနဲ႔ပတ္သက္လို႔ ႏွစ္ဖက္အဖြဲ႕အစည္းဝင္ေတြ လက္မွတ္ေရးထိုးကာ မွတ္ပုံတင္ စာခ်ဳပ္စာတမ္းနဲ႔ တရားဝင္လႊဲေျပာင္းလႉဒါန္းတာေတြ စိစစ္ေတြ႕ရွိရတာေၾကာင့္ အစိုးရအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္လည္သုံးသပ္ရန္လိုအပ္တယ္ဆိုကာ ခ႐ိုင္ေထြအုပ္က တင္ျပလာတဲ့အတြက္ တိုင္းေထြအုပ္ကတဆင့္ ျပည္ေထာင္စုကို တင္ျပထားၿပီး ျပည္ေထာင္စုက ၫႊန္ၾကားခ်က္ရရင္ ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ စစ္ကိုင္းတိုင္း လုံနယ္ဝန္ႀကီးက ျပန္လည္ေျဖၾကားခဲ့ပါတယ္။ အစိုးရအဖြဲ႕အေနနဲ႔ အစည္းေဝးဆုံးျဖတ္ခ်က္ ခ်ထားတဲ့ အတိုင္း ျပတ္ျပတ္သားသား အေကာင္အထည္ေဖာ္ရမယ့္အစား လက္ရွိမွာ ျပည္ေထာင္စုကို ထပ္မံတင္ျပထားတယ္ဆိုတာက မျဖစ္သင့္ဘူးလို႔လည္း ေဒသခံ လႊတ္ေတာ္ ကိုယ္စားလွယ္က ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ ၂၀၁၇ ခုႏွစ္၊ ေမလတုန္းကလည္း ကုန္တင္ကုန္ခ် အလုပ္သမားေတြက ဟုမၼလင္းၿမိဳ႕မွာ ဆႏၵျပခဲ့ၾကပါေသးတယ္။ အဲဒီတုန္းက သတင္းေတြမွာ အလုပ္သမားေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ ၂၀၁၀ ေ႐ြးေကာက္ပြဲကာလမွာ တစညပါတီအေနနဲ႔ ေျမေနရာအခက္အခဲေၾကာင့္ ေခတၱ႐ုံးဖြင့္ခြင့္ေပးခဲ့ တာသာ ျဖစ္ၿပီး ပါတီအေနနဲ႔ကေတာ့ သက္ဆိုင္ရာ အစိုးရဌာနေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ အညီသာ ေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။