Home
မြန်မာသတင်း
ပုပ္ပားတောင်ကလပ်တွင် ကျောက်တုံးပြိုကျပြီး စောင်းတန်းအမိုးများပျက်စီး
DVB
·
September 24, 2019
72159731_2452676618309082_5303467231038930944_n
71294441_2452676494975761_8718074851081846784_n
71119672_2452676571642420_4741319839501516800_n
70846121_2452676461642431_4319935577274187776_n
70825820_2452676538309090_2307485421887553536_n
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ်မှာ မနေ့ မနက်ပိုင်းက ကျောက်တုံးပြိုကျပြီး စောင်းတန်းအမိုး ၂ ခန်းလောက်ပျက်စီးခဲ့တယ်လို့ ဂေါပက အဖွဲ့ထံက သိရပါတယ်။  စက်တင်ဘာ ၂၃ မနက်က မိုးသည်းထန်စွာရွာသွန်းပြီး မနက် ၅ နာရီခွဲလောက်မှာ တောင်ကလပ် သားဖွားဂူနဲ့ ပုဂံမျော်နန်းကြား အထက်သံလှေခါးအောက်အနီး တောင်နံရံကနေ ကျောက်တုံး တတုံးပြိုကျခဲ့တာပါ။ ပုပ္ပားတောင်ကလပ်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးမြင့်က “တောင်ကလပ်ပေါ်မှာ တောင်ပြိုကျပျက်စီးမှု မဖြစ်အောင်သုံးရေသုံးစွဲခွင့်ကို မပြုတော့ဘူး။ တောင်ပေါ်က ပြုတ်ကျခဲ့တဲ့ ကျောက်ခဲကိုလည်း ခံနိုင်ရည်ရှိအောင်နဲ့ အလိုအလျှောက်လျှောကျသွားနိုင်တဲ့ အမိုးမျိုးတွေ ဖြစ်အောင် အင်ဂျင်နီယာနဲ့တိုင်ပင်နေတယ်။ အရင်တုန်းကတော့  တောင်ကြီးတခုလုံးကိုထိန်းချုပ် တဲ့ ပိုက်ကွန်နဲ့ ရက်တဲ့ စနစ်မျိုး စဉ်းစားခဲ့ဖူးတယ်။ အကောင်အထည်တော့ မပေါ်သေးပါဘူး။ ကုန်ကျငွေလည်း အရမ်းများမှာဆိုတော့ လေ့လာနေဆဲဖြစ်ပါတယ်” လို့ပြောပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် စောင်းတန်းအမိုးသွပ်တွေနဲ့ သံတန်းတွေပါရှိတဲ့ ၅ ပေခန်း ၂ ခန်း ပျက်စီးခဲ့ပြီး လူနဲ့ တိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ ဘုရားဖူးတွေ အန္တရာယ်မရှိသွားလာလို့ ရရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ ဘူမိဗေဒသိပ္ပံပညာရှင် ဦးသန်းထွန်း က “အကယ်၍ တောင်ကလပ်ကြီးမှာ သဘာဝစီးပြီးဖြစ်နေတဲ့ ကျောက်တုံးပြိုတယ်ဆိုရင်တော့ သတိထား ရလိမ့်မယ်။ စိုးရိမ်ရလိမ့်မယ်။ ကျနော်တို့ပြန်ပြီးတော့ လုပ်မယ်ဆိုရင်တော့ နိုင်ငံခြား အကူအညီတွေနဲ့ လုပ်မှရလိမ့်မယ်။ တွဲဆက်နေတဲ့ကျောက်တုံးက ပြုတ်ပြုတ်ကျနေတယ်ဆိုရင် အားနည်းတဲ့သဘောရှိတယ်။ သေချာလေ့လာပြီးမှ ပြောလို့ရမယ်”လို့ ပြောပါတယ်။ ပြိုကျတဲ့ ကျောက်အမျိုးအစားမှာ မြင်းသီတာကျောက်အမျိုးအစား ဆေးဖက်ဝင်ကျောက် ဖြစ်ပြီး ၄ ပေခွဲ ၅ ပေ အရွယ် ရှိတယ်လို့ ဂေါပက အဖွဲ့က ပြောပါတယ်။ သတင်း- ကိုလင်း(ချောက်)၊ ဓာတ်ပုံ - နေအောင်
ပုပၸားေတာင္ကလပ္တြင္ ေက်ာက္တုံးၿပိဳက်ၿပီး ေစာင္းတန္းအမိုးမ်ားပ်က္စီး DVB မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ပုပၸားေတာင္ကလပ္မွာ မေန႔ မနက္ပိုင္းက ေက်ာက္တုံးၿပိဳက်ၿပီး ေစာင္းတန္းအမိုး ၂ ခန္းေလာက္ပ်က္စီးခဲ့တယ္လို႔ ေဂါပက အဖြဲ႕ထံက သိရပါတယ္။ စက္တင္ဘာ ၂၃ မနက္က မိုးသည္းထန္စြာ႐ြာသြန္းၿပီး မနက္ ၅ နာရီခြဲေလာက္မွာ ေတာင္ကလပ္ သားဖြားဂူနဲ႔ ပုဂံေမ်ာ္နန္းၾကား အထက္သံေလွခါးေအာက္အနီး ေတာင္နံရံကေန ေက်ာက္တုံး တတုံးၿပိဳက်ခဲ့တာပါ။ ပုပၸားေတာင္ကလပ္ေဂါပကအဖြဲ႕ အတြင္းေရးမႉး ဦးေဌးျမင့္က “ေတာင္ကလပ္ေပၚမွာ ေတာင္ၿပိဳက်ပ်က္စီးမႈ မျဖစ္ေအာင္သုံးေရသုံးစြဲခြင့္ကို မျပဳေတာ့ဘူး။ ေတာင္ေပၚက ျပဳတ္က်ခဲ့တဲ့ ေက်ာက္ခဲကိုလည္း ခံႏိုင္ရည္ရွိေအာင္နဲ႔ အလိုအေလွ်ာက္ေလွ်ာက်သြားႏိုင္တဲ့ အမိုးမ်ိဳးေတြ ျဖစ္ေအာင္ အင္ဂ်င္နီယာနဲ႔တိုင္ပင္ေနတယ္။ အရင္တုန္းကေတာ့ ေတာင္ႀကီးတခုလုံးကိုထိန္းခ်ဳပ္ တဲ့ ပိုက္ကြန္နဲ႔ ရက္တဲ့ စနစ္မ်ိဳး စဥ္းစားခဲ့ဖူးတယ္။ အေကာင္အထည္ေတာ့ မေပၚေသးပါဘူး။ ကုန္က်ေငြလည္း အရမ္းမ်ားမွာဆိုေတာ့ ေလ့လာေနဆဲျဖစ္ပါတယ္” လို႔ေျပာပါတယ္။ အဆိုပါျဖစ္စဥ္ေၾကာင့္ ေစာင္းတန္းအမိုးသြပ္ေတြနဲ႔ သံတန္းေတြပါရွိတဲ့ ၅ ေပခန္း ၂ ခန္း ပ်က္စီးခဲ့ၿပီး လူနဲ႔ တိရိစာၦန္ထိခိုက္မႈမရွိဘဲ ဘုရားဖူးေတြ အႏၲရာယ္မရွိသြားလာလို႔ ရရွိေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံဘူမိသိပၸံအသင္း၊ ဘူမိေဗဒသိပၸံပညာရွင္ ဦးသန္းထြန္း က “အကယ္၍ ေတာင္ကလပ္ႀကီးမွာ သဘာဝစီးၿပီးျဖစ္ေနတဲ့ ေက်ာက္တုံးၿပိဳတယ္ဆိုရင္ေတာ့ သတိထား ရလိမ့္မယ္။ စိုးရိမ္ရလိမ့္မယ္။ က်ေနာ္တို႔ျပန္ၿပီးေတာ့ လုပ္မယ္ဆိုရင္ေတာ့ ႏိုင္ငံျခား အကူအညီေတြနဲ႔ လုပ္မွရလိမ့္မယ္။ တြဲဆက္ေနတဲ့ေက်ာက္တုံးက ျပဳတ္ျပဳတ္က်ေနတယ္ဆိုရင္ အားနည္းတဲ့သေဘာရွိတယ္။ ေသခ်ာေလ့လာၿပီးမွ ေျပာလို႔ရမယ္”လို႔ ေျပာပါတယ္။ ၿပိဳက်တဲ့ ေက်ာက္အမ်ိဳးအစားမွာ ျမင္းသီတာေက်ာက္အမ်ိဳးအစား ေဆးဖက္ဝင္ေက်ာက္ ျဖစ္ၿပီး ၄ ေပခြဲ ၅ ေပ အ႐ြယ္ ရွိတယ္လို႔ ေဂါပက အဖြဲ႕က ေျပာပါတယ္။ သတင္း- ကိုလင္း(ေခ်ာက္)၊ ဓာတ္ပုံ - ေနေအာင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024