ကြက်မွေးမြူရေးဥပဒေကြမ်းကို ရှမ်းပြည်နယ်လွှတ်တော်အတည်ပြု
DVB
·
September 24, 2019
ရှမ်းပြည်နယ်အတွက် အလွန်အရေးပါပြီး လိုအပ်နေတဲ့ ကြက်မွေးမြူရေး ဥပဒေကြမ်းကို စက်တင်ဘာ ၂၃ ရက်က ရှမ်းပြည်နယ် လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ရှမ်းပြည်နယ်မှာ ကြက်မွေးမြူရေးဥပဒေမရှိသေးတဲ့အတွက် အောက်ခြေမှာ ပြဿနာမျိုးစုံ နဲ့ရင်ဆိုင်နေရသလို အရေးယူမှုတွေလည်း အားနည်းနေပြီး မရှိမဖြစ်လိုအပ်တဲ့အတွက် ဥပဒေကြမ်းကိုတင်သွင်းတာဖြစ်တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။
ဒီဥပဒေမှာ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းရှင်တွေအတွက် ကာကွယ်ပေးသလို ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလည်း ဖြေရှင်းပေးနိုင်တဲ့ ဥပဒေဖြစ်တယ်လို့ ဆိုပါတယ်။
ကြက်မွေးမြူရေးဥပဒေကြမ်းကို ၂၀၁၆ ခုနှစ် ဒုတိယ အကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ အခန်း(၁၁) ပုဒ်မပေါင်း ၃၄ခုနဲ့ စတင်တင်သွင်းခဲ့ပြီး အခုဥပဒေ ကြမ်းကော်မတီက အခန်း ၁၃ ခန်း နဲ့ ပုဒ်မပေါင်း ၄၅ ခုနဲ့ ပြင်ဆင်ဖြည့်စွက် တည်ပြုလိုက်တာဖြစ်ပါတယ်။
သတင်း - ခွန်ရာဇာ၊ ဓာတ်ပုံ- Shan Parliament