အော်ဂဲနစ် သီးနှံ အသိမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည်
DVB
·
September 24, 2019
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အခုနှစ်ကုန်အတွင်း သီးနှံ အမျိုးအစားအလိုက် အော်ဂဲနစ်သီးနှံ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသွားဖို့ ရှိနေပါတယ်။
စက်တင်ဘာ ၂၃ ရက်က နေပြည်တော်ကောင်စီရုံးမှာ ပြုလုပ်တဲ့ မှိုစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အစည်းအဝေးအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဒီဗွီဘီ သတင်းဌာနရဲ့ မေးမြန်းချက်အပေါ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူးဦးမြင့်ဆွေက အခုလိုပြောဆိုခဲ့တာပါ။
"အာဆီယံ အော်ဂဲနစ်စံချိန် စံညွှန်းများဖြစ်ပါတယ်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံလုံးနဲ့ ကျနော်တို့ ကိုက်ညှိပြီးတော့မှ ဆောက်ရွက်ခြင်း ဖြစ်ပါတယ်။ အော်ဂဲနစ်နဲ့ ပတ်သက်လို့ စံချိန်စံညွှန်းများ ထုတ်ပြန်ပြီးသားဖြစ်တဲ့ အာဆီယံနိုင်ငံများရဲ့ စံချိန်စံညွှန်းများကို အတုယူ။ နမူနာယူပြီးတော့မှ မြန်မာ့ရေမြေရာသီဥတုနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာဖြစ်ပါတယ်။ ဒါထုတ်ပြန်ပြီးပြီဆိုရင် မြန်မာ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးထုတ်ကုန်များသည် စိတ်ချရတယ်လို့ အာမခံနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာဘဲ ကျနော်တို့ အော်ဂဲနစ်အသိမှတ်ပြုလက်မှတ်တွေ ထုတ်ပေးဖို့အတွက် လိုက်နာရမယ့် စည်းကမ်းများကိုဒီမကြာခင် လပိုင်းအတွင်းမှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အော်ဂဲနစ် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အသိမှတ်ပြု လက်မှတ်ထုတ်ပေးခွင့်ရှိတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေက သီးနှံတချို့ကို အသိမှတ်ပြုလက်မှတ် ထုတ်ပေးနေပြီး အစိုးရအနေနဲ့ ထုတ်ပေးနိုင်ခြင်း မရှိသေးပါဘူး။