ပြိုင်ဘက်မန်စီးတီး ခြေစွမ်းပြပေမယ့် ချန်ပီယံဆုအတွက် ပြောဖို့စောသေးဟု လီဗာပူးနည်းပြ ပြော

ပြိုင်ဘက် မန်စီးတီးအသင်းက ၈ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကောင်း ကောင်းအိပ်ပျော်နိုင်ခဲ့တယ်လို့ လီဗာပူးနည်းပြ ကလော့ပ်ကပြောပါတယ်။
မန်စီးတီးအသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ မှာ ဝက်ဖို့ဒ်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
စနေနေ့ညက ပုံမှန်ညတွေလိုပဲ ကောင်းကောင်းအိပ်ပျော်ခဲ့ပြီး ပြိုင်ဘက်မန်စီးတီးအသင်းက ခြေစွမ်းပြနေပေမယ့်လည်း ချန်ပီယံဆုအတွက်ပြောဖို့ စောသေးကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ဆိုပါတယ်။
လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ချဲလ်ဆီးနဲ့ ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၆ပွဲ ဆက်တိုက် အနိုင်ရလဒ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖိအားပေးမှု တစုံတရာမပြုလုပ်လိုကြောင်းနဲ့ လက်ရှိအချိန်မှာ သူတို့ရဲ့ခြေစွမ်းကအကောင်း ဆုံးဖြစ်နေတယ်လို့လည်း ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
=======================================
ၿပိဳင္ဘက္မန္စီးတီး ေျခစြမ္းျပေပမယ့္ ခ်န္ပီယံဆုအတြက္ ေျပာဖို႔ေစာေသးဟု လီဗာပူးနည္းျပ ေျပာ
DVB
ၿပိဳင္ဘက္ မန္စီးတီးအသင္းက ၈ ဂိုး ျပတ္နဲ႔ အႏိုင္ရတဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေကာင္း ေကာင္းအိပ္ေပ်ာ္ႏိုင္ခဲ့တယ္လို႔ လီဗာပူးနည္းျပ ကေလာ့ပ္ကေျပာပါတယ္။
မန္စီးတီးအသင္းဟာ စေနေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ မွာ ဝက္ဖို႔ဒ္အသင္းကို ၈ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး အေကာင္းဆုံး ေျခစြမ္းျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။
စေနေန႔ညက ပုံမွန္ညေတြလိုပဲ ေကာင္းေကာင္းအိပ္ေပ်ာ္ခဲ့ၿပီး ၿပိဳင္ဘက္မန္စီးတီးအသင္းက ေျခစြမ္းျပေနေပမယ့္လည္း ခ်န္ပီယံဆုအတြက္ေျပာဖို႔ ေစာေသးေၾကာင္း လီဗာပူးနည္းျပ ကေလာ့ပ္က ဆိုပါတယ္။
လီဗာပူးအသင္းဟာ တနဂၤေႏြေန႔မွာ ကစားခဲ့တဲ့ခ်ဲလ္ဆီးနဲ႔ ပြဲမွာ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ၆ပြဲ ဆက္တိုက္ အႏိုင္ရလဒ္နဲ႔ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဖိအားေပးမႈ တစုံတရာမျပဳလုပ္လိုေၾကာင္းနဲ႔ လက္ရွိအခ်ိန္မွာ သူတို႔ရဲ႕ေျခစြမ္းကအေကာင္း ဆုံးျဖစ္ေနတယ္လို႔လည္း ကေလာ့ပ္က မွတ္ခ်က္ေပးခဲ့ပါတယ္။