A d v e r t i s e m e n t With Us

သက်တမ်း ၁၇၈ နှစ်ရှိ နာမည်ကျော် ဗြိတိန်ခရီးသွားကုမ္ပဏီ Thomas Cook ပြိုလဲ

ဗြိတိန်အခြေစိုက် သက်တမ်းအရှည်ဆုံးက ခရီးသွားကုမ္ပဏီတခုဖြစ်တဲ့ နာမည်ကျော် Thomas Cook ကုမ္ပဏီ ပြိုလဲသွားတဲ့အတွက် အားလပ်ရက်ခရီးသွားကြတဲ့ ကမ္ဘာလှည့်ခရီးသည် ထောင်သောင်းချီ ခရီးမဆက်နိုင်ဘဲ ဖြစ်နေပါတယ်။ အဆိုပါ ကုမ္ပဏီရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၇၈ နှစ်ရှိပြီဖြစ်ကာ ကုမ္ပဏီအနေနဲ့ နောက်ဆုံးအချိန်ထိ ပြန်လည်ထူမတ်နိုင်ဖို့ အချိန် ၁၁ နာရီကြာ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပြိုလဲခဲ့ရတာလို့ ဘီဘီစီသတင်း တပုဒ်က ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၆ ခုလောက်မှာ အပန်းဖြေဥယျာဉ်ဟိုတယ် လုပ်ငန်းတွေ၊ အပျော်စီးသင်္ဘောနဲ့ လေယာဉ်တွေနဲ့ လည်ပတ်နေတာဖြစ်ပြီး စီးပွားရေး ဆက်လုပ်နိုင်ဖို့ လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မရှိတော့တဲ့အတွက် စာရင်းရှင်း ဖျက်သိမ်း လိုက်ရတာ ဖြစ်ပါတယ်။ Thomas Cook ရဲ့ အမှုဆောင်အရာရှိချုပ် ပီတာ ဖန့်ခ်ဟောက်ဆာကတော့ ခုလို ပြိုလဲခဲ့ကြရတာဟာ ကြီးမားတဲ့ နောင်တရစရာ ကိစ္စတခုကြောင့် ဖြစ်တယ်လို့ ပြောလိုက်ပြီး လုပ်ငန်းရဲ့ ဖောက်သည်တွေ၊ ဝန်ထမ်းတွေကို တောင်းပန်ကြောင်း ပြောလိုက်ပါတယ်။ လတ်တလောမှာတော့ ခုလို ဖျက်သိမ်းလိုက်ရတဲ့အတွက် ကမ္ဘာတဝှမ်း ကုမ္ပဏီရဲ့ အလုပ်သမားဝန်ထမ်း ၂၂၀၀၀ ကျော်ဖြစ်ခဲ့ရပြီး အဲဒီထဲက ၉ ထောင်လောက်ကတော့ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version သက္တမ္း ၁၇၈ ႏွစ္ရွိ နာမည္ေက်ာ္ ၿဗိတိန္ခရီးသြားကုမၸဏီ Thomas Cook ၿပိဳလဲ ၿဗိတိန္အေျခစိုက္ သက္တမ္းအရွည္ဆုံးက ခရီးသြားကုမၸဏီတခုျဖစ္တဲ့ နာမည္ေက်ာ္ Thomas Cook ကုမၸဏီ ၿပိဳလဲသြားတဲ့အတြက္ အားလပ္ရက္ခရီးသြားၾကတဲ့ ကမာၻလွည့္ခရီးသည္ ေထာင္ေသာင္းခ်ီ ခရီးမဆက္ႏိုင္ဘဲ ျဖစ္ေနပါတယ္။ အဆိုပါ ကုမၸဏီရဲ႕ သက္တမ္းဟာ ႏွစ္ေပါင္း ၁၇၈ ႏွစ္ရွိၿပီျဖစ္ကာ ကုမၸဏီအေနနဲ႔ ေနာက္ဆုံးအခ်ိန္ထိ ျပန္လည္ထူမတ္ႏိုင္ဖို႔ အခ်ိန္ ၁၁ နာရီၾကာ ညႇိႏႈိင္းေဆြးေႏြး အေျဖရွာဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ၿပိဳလဲခဲ့ရတာလို႔ ဘီဘီစီသတင္း တပုဒ္က ဆိုပါတယ္။ ကုမၸဏီအေနနဲ႔ ကမာၻ႔ႏိုင္ငံေပါင္း ၁၆ ခုေလာက္မွာ အပန္းေျဖဥယ်ာဥ္ဟိုတယ္ လုပ္ငန္းေတြ၊ အေပ်ာ္စီးသေဘၤာနဲ႔ ေလယာဥ္ေတြနဲ႔ လည္ပတ္ေနတာျဖစ္ၿပီး စီးပြားေရး ဆက္လုပ္ႏိုင္ဖို႔ လုံေလာက္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ မရွိေတာ့တဲ့အတြက္ စာရင္းရွင္း ဖ်က္သိမ္း လိုက္ရတာ ျဖစ္ပါတယ္။ Thomas Cook ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ပီတာ ဖန႔္ခ္ေဟာက္ဆာကေတာ့ ခုလို ၿပိဳလဲခဲ့ၾကရတာဟာ ႀကီးမားတဲ့ ေနာင္တရစရာ ကိစၥတခုေၾကာင့္ ျဖစ္တယ္လို႔ ေျပာလိုက္ၿပီး လုပ္ငန္းရဲ႕ ေဖာက္သည္ေတြ၊ ဝန္ထမ္းေတြကို ေတာင္းပန္ေၾကာင္း ေျပာလိုက္ပါတယ္။ လတ္တေလာမွာေတာ့ ခုလို ဖ်က္သိမ္းလိုက္ရတဲ့အတြက္ ကမာၻတဝွမ္း ကုမၸဏီရဲ႕ အလုပ္သမားဝန္ထမ္း ၂၂၀၀၀ ေက်ာ္ျဖစ္ခဲ့ရၿပီး အဲဒီထဲက ၉ ေထာင္ေလာက္ကေတာ့ ၿဗိတိန္ႏိုင္ငံသားေတြ ျဖစ္ၾကပါတယ္။

A d v e r t i s e m e n t With Us

More News
Up