Home
မြန်မာသတင်း
လူထုကျန်းမာရေးအတွက် ရန်ကုန်တွင် ခိုငှက်ကင်းစင်ရေး စတင်လုပ်ဆောင်မည်
DVB
·
September 23, 2019
လူထုကျန်းမာရေးအတွက် ရန်ကုန်မြို့မှာ ခိုကင်းစင်ရေး စတင်ကာလုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင် တာဝန်ရှိသူတဦးက ပြောပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ခိုကင်းစင်းလုပ်ငန်း တွေကိုလာမယ့် အပတ်က စတင်ကာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စက်တင်ဘာ ၂၃ရက်နေ့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိရိစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ် ရေးဌာနမှူး ဦးမင်းအောင်က ပြောပါတယ်။ ပထမဆုံးအနေနဲ့ပညာပေး ဗီနိုင်းတွေနဲ့လုပ်ဆောင်ကာ ခိုစာရောင်းသူကင်းစင်ရေးနဲ့ ခိုစာကျွေးမှုကင်းစင်ရေးတွေကို လုပ်ဆောင်မည်ဖြစ်တယ်လို့ဆိုပါတယ်။ ခိုတွေဟာ အစာရှိတဲ့နေရာတွေမှာသာနေတဲ့အတွက် အစားရောင်းချသူတွေ ကျွေးသူတွေမရှိမှ  ခိုကင်းစင်မှာဖြစ်လို့ လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။ နေလင်းအောင်
Live
About DVB
The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2024