ဟောင်ကောင် ဆန္ဒပြသူများက တရုတ်အလံကို နင်းခြေ မီးရှို့

903
ဟောင်ကောင် ဆန္ဒပြသူတွေက ကုန်တိုက်တန်းတခုမှာ စက်တင်ဘာ ၂၂ ရက်က ဆန္ဒပြပွဲအတွင်း တရုတ်အလံကို နင်းခြေ မီးရှို့ခဲ့ကြပါတယ်။
မျက်နှာဖုံးအနက်ဝတ် ဆန္ဒပြသူတချို့က ရှတင်မြို့အတွင်း ကုန်တိုက်တန်းအလယ်မှာ အလံကိုမီးရှို့ခဲ့ကြပြီေ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက ဟောင်ကောင်သားတွေ ဆက်ကြိုးစားလို့ ကြွေးကြော်ခဲ့ကြပါတယ်။
စနေညက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အမျိုးသားတယောက်နဲ့ တခြားလူ တွေကို ဆန္ဒပြသူတွေက ဝိုင်းရိုက်တဲ့ ရုပ်သံတခုကို ဟောင်ကောင်ရုပ်သံTVB က ပြသခဲ့ပါတယ်။
ဒါပေမယ့် ဒေသခံရုပ်သံကတော့ အစိုးရရုပ်သံကပြသတဲ့ ဖြစ်ရပ်ကို သဘောမတူပါဘူး။ ရှပ်အဖြူဝတ်ထားတဲ့ ဒီလူတယောက်တည်းက ရုန့်ရင်းဆန်ခတ် မဖြစ်ခင်မှာ ဆန္ဒပြသူတွေကို အော်ဟစ်ကျိန်ဆဲနေတဲ့ ရုပ်သံကို တန်ပြန်ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီ ရုပ်သံဟာလည်း လူမှုကွန်ရက်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ အမျိုးသား တယောက်က ဒီမိုကရေစီလိုလားတဲ့ လက်ကမ်းစာစောင်တွေကို ဆုတ်ဖြဲပစ်တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲခဲ့ပါတယ်။
ရာဇဝတ်သား သံသယရှိသူတွေအား တရုတ်ပြည်မကြီးက တရားရုံးတွေမှာ စစ်ဆေးဖို့ ပြည်မကြီးဆီ လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေ ဇွန်လမှာ စတင် ပေါ်ပေါက်လာတာပါ။
အငြင်းပွား ဥပဒေမူကြမ်းကို အခု ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ဆန္ဒပြပွဲတွေ ရပ်မသွားဘဲ ဟောင်ကောင်မှာ လွတ်လပ်စွာ မဲပေးခွင့်အတွက် တောင်းဆိုမှု ပိုကျယ်ပြန့်လာခဲ့ပါတယ်။
=================
ေဟာင္ေကာင္ ဆႏၵျပသူမ်ားက တ႐ုတ္အလံကို နင္းေျခ မီးရႈိ႕
DVB
ေဟာင္ေကာင္ ဆႏၵျပသူေတြက ကုန္တိုက္တန္းတခုမွာ စက္တင္ဘာ ၂၂ ရက္က ဆႏၵျပပြဲအတြင္း တ႐ုတ္အလံကို နင္းေျခ မီးရႈိ႕ခဲ့ၾကပါတယ္။
မ်က္ႏွာဖုံးအနက္ဝတ္ ဆႏၵျပသူတခ်ိဳ႕က ရွတင္ၿမိဳ႕အတြင္း ကုန္တိုက္တန္းအလယ္မွာ အလံကိုမီးရႈိ႕ခဲ့ၾကၿပီေ ရာနဲ႔ခ်ီတဲ့ဆႏၵျပသူေတြက ေဟာင္ေကာင္သားေတြ ဆက္ႀကိဳးစားလို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။
စေနညက အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲေတြအတြင္း အမ်ိဳးသားတေယာက္နဲ႔ တျခားလူ ေတြကို ဆႏၵျပသူေတြက ဝိုင္း႐ိုက္တဲ့ ႐ုပ္သံတခုကို ေဟာင္ေကာင္႐ုပ္သံTVB က ျပသခဲ့ပါတယ္။
ဒါေပမယ့္ ေဒသခံ႐ုပ္သံကေတာ့ အစိုးရ႐ုပ္သံကျပသတဲ့ ျဖစ္ရပ္ကို သေဘာမတူပါဘူး။ ရွပ္အျဖဴဝတ္ထားတဲ့ ဒီလူတေယာက္တည္းက ႐ုန႔္ရင္းဆန္ခတ္ မျဖစ္ခင္မွာ ဆႏၵျပသူေတြကို ေအာ္ဟစ္က်ိန္ဆဲေနတဲ့ ႐ုပ္သံကို တန္ျပန္ထုတ္လႊင့္ခဲ့ပါတယ္။
အဲဒီ ႐ုပ္သံဟာလည္း လူမႈကြန္ရက္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနခဲ့ပါတယ္။ အမ်ိဳးသား တေယာက္က ဒီမိုကေရစီလိုလားတဲ့ လက္ကမ္းစာေစာင္ေတြကို ဆုတ္ၿဖဲပစ္တယ္လို႔ ဆႏၵျပသူေတြက စြပ္စြဲခဲ့ပါတယ္။
ရာဇဝတ္သား သံသယရွိသူေတြအား တ႐ုတ္ျပည္မႀကီးက တရား႐ုံးေတြမွာ စစ္ေဆးဖို႔ ျပည္မႀကီးဆီ လႊဲေျပာင္းေရး ဥပေဒမူၾကမ္းကို ဆန႔္က်င္ၿပီး ဆႏၵျပပြဲေတြ ဇြန္လမွာ စတင္ ေပၚေပါက္လာတာပါ။
အျငင္းပြား ဥပေဒမူၾကမ္းကို အခု ႐ုပ္သိမ္းလိုက္ၿပီျဖစ္ေပမယ့္ ဆႏၵျပပြဲေတြ ရပ္မသြားဘဲ ေဟာင္ေကာင္မွာ လြတ္လပ္စြာ မဲေပးခြင့္အတြက္ ေတာင္းဆိုမႈ ပိုက်ယ္ျပန႔္လာခဲ့ပါတယ္။