Home
မြန်မာသတင်း
ကျောက်မဲတွင် ရွာသား ၂ ဦး လက်ဖက်ခြံထဲ မိုင်းထိမှန် ဒဏ်ရာရ
နန်းမြနဒီ
·
September 23, 2019
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲမှာ စက်တင်ဘာ ၂၂ ရက်က ရွာသား ဇနီးမောင်နှံ  လက်ဖက်ခြံထဲမှာ အလုပ်လုပ်စဉ် မိုင်းထိမိပြီး ဒဏ်ရာရသွားပါတယ်။  မိုင်းငေါ့မြို့နယ်ခွဲ ချုံးသစ်ကျေးရွာက စိုင်းအောင်မျိုးဝင်း ( ၃၅ နှစ် ) နဲ့ နန်းအေးဖြူဝင်း ( ၃၈ နှစ်)တို့ ဇနီးမောင်နှံဟာ မနေ့မနက်  ၁၀ နာရီခွဲလောက်က သူတို့ရွာထဲက လက်ဖက်ခြံမှာ လက်ဖက်ခူးနေတုန်း လက်လုပ်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရခဲ့ကြတယ်လို့ ဒဏ်ရာရသူတွေကို ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ ကျောက်မဲ ဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက  ပြောပါတယ်။  “သူတို့က မနေ့မနက်က လက်ဖက်သွားခူးရင်း အိမ်ပြန်ဖို့ နောက်ကိုလှည့်လိုက်တဲ့အခါ သူ့နောက်တလံအကွာလောက်မှာ ကွဲတာလို့ပြောတယ်။  ဒေသန္တရလက်လုပ်မိုင်းပါ၊ မိုင်းရဲ့ သဘောက ကြိုးနဲ့ဆွဲထားတာ ဆိုတော့ မတော်တဆကြိုးစသွားထိမိရင်ကွဲတာပဲ။ ယောကျ်ားဖြစ်သူ ရဲ့ ဘယ်ဘက်နောက်ကျောကုန်းရယ်၊ ညာဘက်ပေါင်ရယ် ဒဏ်ရာရတယ်။ သူ့မိန်းမကတော့ သူ့ရှေ့ ကုန်းစောင်းလေးအောက်မှာဆိုတော့ သူ့လောက်မထိဘူး။ ဘယ်ဘက်ဝမ်းဗိုက်မှာ နည်းနည်းလေးထိတယ်။ သူတို့ နှစ်ယောက်လုံး ဒဏ်ရာတွေက ကြီးကြီး မားမားမဟုတ်တော့ ကိုယ့်ဖာကိုယ် ဆိုင်ကယ်မောင်းပြီး မိုင်းငေါ့ဆေးရုံကို အရင်သွားတယ်။ ပြီးတော့ ကျောက်မဲ ဆေးရုံကို ညနေ ၃ နာရီကျော်မှာ ရောက်လာကြတယ်  ” သူတို့ဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။ မိုင်းငေါ့ဘက်မှာ ဒေသခံတွေ ကျွဲကျောင်းနွား ကျောင်းသွားရင်း ၊ တောင်ယာခြံလုပ်ငန်းတွေသွားရင်း အခုလို မိုင်းထိမိ တာတွေ ရှိတာကြောင့် နေ့စဉ်ဘဝမှာ စိုးရိမ်စွာနဲ့ လုပ်ကိုင်စား သောက်နေကြရပါတယ် ။  ကျောက်မဲမြို့နယ်ထဲမှာ ဒီစက်တင်ဘာထဲမှာတင် မိုင်းထိမိတဲ့ ဖြစ်စဉ်တွေ အနည်းဆုံး ၆ ကြိမ်လောက်ဖြစ်ပွါးခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကွင်းစလန်း ကျေးရွာဘက်မှာ မိုင်းထိလူနာရှိကြောင်း အရေးပေါ်ဖုံးလက်ခံရပေမယ့် နောက်ပိုင်း ဖုံးလိုင်းတွေပြတ်သွားတာကြော င့်ဆက်သွယ်လို့မရတော့ကြောင်း၊ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတော့ ကျောက်မဲမြို့နယ် တော့ဆန်အထက်ဘက်က ရွာတရွာမှာ မိုင်းထိလို့ သံဃာတော် တပါးပျံလွန်သွား တယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။  Photo: ဦးတင်မောင်သိန်း
ေက်ာက္မဲတြင္ ႐ြာသား ၂ ဦး လက္ဖက္ၿခံထဲ မိုင္းထိမွန္ ဒဏ္ရာရ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းေငါ့ၿမိဳ႕နယ္ခြဲမွာ စက္တင္ဘာ ၂၂ ရက္က ႐ြာသား ဇနီးေမာင္ႏွံ လက္ဖက္ၿခံထဲမွာ အလုပ္လုပ္စဥ္ မိုင္းထိမိၿပီး ဒဏ္ရာရသြားပါတယ္။ မိုင္းေငါ့ၿမိဳ႕နယ္ခြဲ ခ်ဳံးသစ္ေက်း႐ြာက စိုင္းေအာင္မ်ိဳးဝင္း ( ၃၅ ႏွစ္ ) နဲ႔ နန္းေအးျဖဴဝင္း ( ၃၈ ႏွစ္)တို႔ ဇနီးေမာင္ႏွံဟာ မေန႔မနက္ ၁၀ နာရီခြဲေလာက္က သူတို႔႐ြာထဲက လက္ဖက္ၿခံမွာ လက္ဖက္ခူးေနတုန္း လက္လုပ္မိုင္းေပါက္ကြဲၿပီး ဒဏ္ရာရခဲ့ၾကတယ္လို႔ ဒဏ္ရာရသူေတြကို ေဆး႐ုံမွာ သြားၾကည့္ခဲ့တဲ့ ေက်ာက္မဲ ဇီဝိတဒါန လူမႈကူညီေရးအသင္းဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။ “သူတို႔က မေန႔မနက္က လက္ဖက္သြားခူးရင္း အိမ္ျပန္ဖို႔ ေနာက္ကိုလွည့္လိုက္တဲ့အခါ သူ႔ေနာက္တလံအကြာေလာက္မွာ ကြဲတာလို႔ေျပာတယ္။ ေဒသႏၲရလက္လုပ္မိုင္းပါ၊ မိုင္းရဲ႕ သေဘာက ႀကိဳးနဲ႔ဆြဲထားတာ ဆိုေတာ့ မေတာ္တဆႀကိဳးစသြားထိမိရင္ကြဲတာပဲ။ ေယာက်္ားျဖစ္သူ ရဲ႕ ဘယ္ဘက္ေနာက္ေက်ာကုန္းရယ္၊ ညာဘက္ေပါင္ရယ္ ဒဏ္ရာရတယ္။ သူ႔မိန္းမကေတာ့ သူ႔ေရွ႕ ကုန္းေစာင္းေလးေအာက္မွာဆိုေတာ့ သူ႔ေလာက္မထိဘူး။ ဘယ္ဘက္ဝမ္းဗိုက္မွာ နည္းနည္းေလးထိတယ္။ သူတို႔ ႏွစ္ေယာက္လုံး ဒဏ္ရာေတြက ႀကီးႀကီး မားမားမဟုတ္ေတာ့ ကိုယ့္ဖာကိုယ္ ဆိုင္ကယ္ေမာင္းၿပီး မိုင္းေငါ့ေဆး႐ုံကို အရင္သြားတယ္။ ၿပီးေတာ့ ေက်ာက္မဲ ေဆး႐ုံကို ညေန ၃ နာရီေက်ာ္မွာ ေရာက္လာၾကတယ္ ” သူတို႔ဟာ အသက္အႏၲရာယ္စိုးရိမ္စရာမရွိေတာ့ဘူးလို႔ သိရပါတယ္။ မိုင္းေငါ့ဘက္မွာ ေဒသခံေတြ ကြၽဲေက်ာင္းႏြား ေက်ာင္းသြားရင္း ၊ ေတာင္ယာၿခံလုပ္ငန္းေတြသြားရင္း အခုလို မိုင္းထိမိ တာေတြ ရွိတာေၾကာင့္ ေန႔စဥ္ဘဝမွာ စိုးရိမ္စြာနဲ႔ လုပ္ကိုင္စား ေသာက္ေနၾကရပါတယ္ ။ ေက်ာက္မဲၿမိဳ႕နယ္ထဲမွာ ဒီစက္တင္ဘာထဲမွာတင္ မိုင္းထိမိတဲ့ ျဖစ္စဥ္ေတြ အနည္းဆုံး ၆ ႀကိမ္ေလာက္ျဖစ္ပြါးခဲ့ေၾကာင္း၊ လြန္ခဲ့တဲ့ ၃ ရက္ေလာက္က ကြင္းစလန္း ေက်း႐ြာဘက္မွာ မိုင္းထိလူနာရွိေၾကာင္း အေရးေပၚဖုံးလက္ခံရေပမယ့္ ေနာက္ပိုင္း ဖုံးလိုင္းေတြျပတ္သြားတာေၾကာ င့္ဆက္သြယ္လို႔မရေတာ့ေၾကာင္း၊ လြန္ခဲ့တဲ့ ၂ ပတ္ေလာက္ကေတာ့ ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္အထက္ဘက္က ႐ြာတ႐ြာမွာ မိုင္းထိလို႔ သံဃာေတာ္ တပါးပ်ံလြန္သြား တယ္လို႔ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။ Photo: ဦးတင္ေမာင္သိန္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024