A d v e r t i s e m e n t With Us

အီရန်-အီရတ် စစ်ပွဲ ၃၉ နှစ်ပြည့်တွင် အီရန်စစ်ရေးအင်အား ပြသ

အီရန်-အီရတ် စစ်ပွဲ စတင်ခဲ့တဲ့ ၃၉ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲမှာ အီရန်နိုင်ငံက စစ်ရေးအင်အားကို စက်တင်ဘာ ၂၂ ရက်က စစ်သင်္ဘောတွေ၊ ဒုံးကျည်တွေနဲ့ ပြသခဲ့ပါတယ်။ အီရန်ရေတပ် ဦးစီးချုပ်ကတော့ အီရန်ဟာ ဘယ်လို ရန်လိုမှုကိုမဆို အမှုန့်ချေတုံ့ပြန်မယ်၊ ပင်လယ်နယ်စပ်တွေကို ကာကွယ်သွားဖို့ အဆင့်သင့်ပဲလို့ ပြောပါတယ်။ ဗျူဟာမြောက် အချက်အချာနေရာ ဟော်မုဇ် ရေလက်ကြားမှာရှိတဲ့ အီရန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ဘန်ဒါအာဘတ်စ်မှာ ပင်လယ်ကွေ့ရေပြင်တလွှား ကင်းလှည့်ဖို့ စစ်သင်္ဘောတွေနဲ့ စပိဘုတ်တွေ ဒါဇင်ချီ ထားရှိပြီး စစ်ရေးပြပွဲကို ခင်းကျင်း ပြသနေတာပါ။  ခါလစ်ဖှားစ် သင်္ဘောဖျက်ဒုံးကျည် အပါအဝင် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေလည်း ပါပါတယ်။  မြို့တော်တီရန်က စစ်ရေးပြပွဲကိုတော့ သမ္မတ ဟတ်ဆန်ရောင်ဟာနီနဲ့ စစ်ဘက် အကြီးတန်း အရာရှိတွေ၊ နိုင်ငံခြား သံအမတ်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အီရန္-အီရတ္ စစ္ပြဲ ၃၉ ႏွစ္ျပည့္တြင္ အီရန္စစ္ေရးအင္အား ျပသ အီရန္-အီရတ္ စစ္ပြဲ စတင္ခဲ့တဲ့ ၃၉ ႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္ပြဲမွာ အီရန္ႏိုင္ငံက စစ္ေရးအင္အားကို စက္တင္ဘာ ၂၂ ရက္က စစ္သေဘၤာေတြ၊ ဒုံးက်ည္ေတြနဲ႔ ျပသခဲ့ပါတယ္။ အီရန္ေရတပ္ ဦးစီးခ်ဳပ္ကေတာ့ အီရန္ဟာ ဘယ္လို ရန္လိုမႈကိုမဆို အမႈန႔္ေခ်တုံ႔ျပန္မယ္၊ ပင္လယ္နယ္စပ္ေတြကို ကာကြယ္သြားဖို႔ အဆင့္သင့္ပဲလို႔ ေျပာပါတယ္။ ဗ်ဴဟာေျမာက္ အခ်က္အခ်ာေနရာ ေဟာ္မုဇ္ ေရလက္ၾကားမွာရွိတဲ့ အီရန္ေတာင္ပိုင္း ဆိပ္ကမ္းၿမိဳ႕ ဘန္ဒါအာဘတ္စ္မွာ ပင္လယ္ေကြ႕ေရျပင္တလႊား ကင္းလွည့္ဖို႔ စစ္သေဘၤာေတြနဲ႔ စပိဘုတ္ေတြ ဒါဇင္ခ်ီ ထားရွိၿပီး စစ္ေရးျပပြဲကို ခင္းက်င္း ျပသေနတာပါ။ ခါလစ္ဖွားစ္ သေဘၤာဖ်က္ဒုံးက်ည္ အပါအဝင္ တာလတ္ပစ္ ပဲ့ထိန္းဒုံးက်ည္ေတြလည္း ပါပါတယ္။ ၿမိဳ႕ေတာ္တီရန္က စစ္ေရးျပပြဲကိုေတာ့ သမၼတ ဟတ္ဆန္ေရာင္ဟာနီနဲ႔ စစ္ဘက္ အႀကီးတန္း အရာရွိေတြ၊ ႏိုင္ငံျခား သံအမတ္ႀကီးေတြ တက္ေရာက္ခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up