Home
မြန်မာသတင်း
မိုးအကုန် ဆည်ရေရသည့်အပေါ် မူတည်ပြီး သီးနှံပြောင်းလဲစိုက်ရန် အကြံပြု
ပိုင်စိုး
·
September 23, 2019
မိုးအကုန်မှာ ဆည်ရေရတဲ့အပေါ် မူတည်ပြီး သီးနှံပြောင်းလဲစိုက်ဖို့ လိုအပ်ရင် တောင်သူတွေအနေနဲ့ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့တွေနဲ့ ကြိုတင်ဆွေးနွေးကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားပါတယ်။ စိုက်ပျိုးရေပေးဝေနိုင်ရေး ရည်ရွယ်တည်ဆောက်ထားတဲ့ ရေလှောင်တမံတွေမှာ အခုမိုးရာသီ ရေအဝင်နည်းနေတာကြောင့် မိုးစပါးအတွက် ရေပေးပြီးနောက်မှာ သောက်သုံးရေအတွက် ဦးစားပေးပြီးမှ နွေစပါးနဲ့ တခြားသီးနှံတွေအတွက် လျာထားရမယ်လို့ ဆိုပါတယ်။ မိုးအကုန်မှာ ရေလှောင်တမံတွေမှာ ရေဝင်ရောက်တာနဲ့ သိုလှောင်ထားနိုင်တဲ့ အခြေအနေတွေအပေါ် မူတည်ပြီး နွေစပါးနဲ့တခြား သီးနှံစိုက်ပျိုးရာသီမှာ ရေလိုအပ်ချက်နည်းတဲ့ သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးဖို့ လိုအပ်လာရင် တောင်သူလယ်သမားတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းဆွေးနွေး စီမံဆောင်ရွက်သွားကြဖို့လိုတယ်လို့ အသိပေး ကြေညာထားတာပါ။ အထူးသဖြင့် စိုက်ပျိုးရေပေးဝေတာအပြင် ရေအားလျှပ်စစ်ပါ တွဲဖက် ထုတ်လုပ်နေတဲ့ သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စတဲ့ ဘက်စုံ ရေလှောင်တမံကြီးတွေမှာ တမံအတွင်း ရေလှောင် ပမာဏတွေဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် အများကြီး လျော့နည်းနေတယ်လို့ ဆိုပါတယ်။ အဲဒီတမံတွေကနေ လက်ရှိမှာ မိုးစပါးစိုက်ပျိုးရေ ပေးနေပြီး ဒေသတွင်းသောက်သုံးရေလည်း လိုအပ်သလို ပေးဝေနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေအရ မိုးကောင်းသောက် ဧရိယာမဟုတ်တဲ့ဒေသတွေမှာ မိုးစပါးစိုက်ပျိုးရေ ပေးဝေ ရတဲ့ ရေလှောင်တမံတွေဟာ နှစ်စဉ်လျာထားစိုက်ပျိုးတဲ့ မိုးစပါးစိုက်ဧကတွေကို စိုက်ပျိုးရေ အထူး ခြိုးခြံချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံး ပမာဏနဲ့ ပေးဝေနိုင်ဖို့အတွက် စိုက်ခင်းအတွင်း ရေစီမံ ခန့်ခွဲတဲ့ လုပ်ငန်းတွေကို ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတွေ အနေနဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ရေသောက်တောင်သူတွေနဲ့ ပူးပေါင်းပြီး စီမံ ဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်။ မိုးစပါးအောင်ရေအထိ စိုက်ပျိုးရေပေးပြီးနောက်မှာ တမံမှာ ကျန်တဲ့ သိုလှောင်ရေပမာဏအပေါ် မူတည်ပြီး ဒေသသောက်သုံးရေ လိုအပ်ချက်ကို ဦးစားပေးလျာထားပြီးမှ နွေစပါးနဲ့ တခြားသီးနှံ စိုက်ပျိုးရေပေးမယ့် ဧကတွေကို လျာထားစီမံသွားရမယ်လို့လည်း ဆိုပါတယ်။ စိုက်ပျိုးရေ ရယူသုံးစွဲနေတဲ့ တောင်သူတွေအနေနဲ့ ဆည်ရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့် မရှိအောင် ရယူသုံးစွဲကြဖို့၊ ရေသောက်တောင်သူအချင်းချင်း ညီညွတ်မျှတတဲ့ စိတ်ဓာတ်နဲ့ ဌာနက သတ်မှတ်ထားတဲ့ ရေလှည့်ဇယားတွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့နဲ့ အခက်အခဲရှိတယ်ဆိုရင် သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ခံဝန်ထမ်းတွေနဲ့ ဆက်သွယ် ညှိနှိုင်း စီမံကြဖို့လည်း တိုက်တွန်းထားပါတယ်။ လက်ရှိမှာတော့ ရခိုင်၊ ကရင်နဲ့ ချင်းပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီနဲ့ နေပြည်တော်က ရေလှောင်တမံ ၃၃ ခုမှာ ရေပိုလွှဲက ရေကျော်နေတယ်လို့ ဆည်မြောင်းဌာနက ထုတ်ပြန်ထားပါတယ်။
မိုးအကုန္ ဆည္ေရရသည့္အေပၚ မူတည္ၿပီး သီးႏွံေျပာင္းလဲစိုက္ရန္ အႀကံျပဳ ပိုင္စိုး မိုးအကုန္မွာ ဆည္ေရရတဲ့အေပၚ မူတည္ၿပီး သီးႏွံေျပာင္းလဲစိုက္ဖို႔ လိုအပ္ရင္ ေတာင္သူေတြအေနနဲ႔ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးညႇိႏႈိင္းမႈအဖြဲ႕ေတြနဲ႔ ႀကိဳတင္ေဆြးေႏြးၾကဖို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနက အသိေပးထားပါတယ္။ စိုက္ပ်ိဳးေရေပးေဝႏိုင္ေရး ရည္႐ြယ္တည္ေဆာက္ထားတဲ့ ေရေလွာင္တမံေတြမွာ အခုမိုးရာသီ ေရအဝင္နည္းေနတာေၾကာင့္ မိုးစပါးအတြက္ ေရေပးၿပီးေနာက္မွာ ေသာက္သုံးေရအတြက္ ဦးစားေပးၿပီးမွ ေႏြစပါးနဲ႔ တျခားသီးႏွံေတြအတြက္ လ်ာထားရမယ္လို႔ ဆိုပါတယ္။ မိုးအကုန္မွာ ေရေလွာင္တမံေတြမွာ ေရဝင္ေရာက္တာနဲ႔ သိုေလွာင္ထားႏိုင္တဲ့ အေျခအေနေတြအေပၚ မူတည္ၿပီး ေႏြစပါးနဲ႔တျခား သီးႏွံစိုက္ပ်ိဳးရာသီမွာ ေရလိုအပ္ခ်က္နည္းတဲ့ သီးႏွံပုံစံအတြဲကို ေျပာင္းလဲစိုက္ပ်ိဳးဖို႔ လိုအပ္လာရင္ ေတာင္သူလယ္သမားေတြအေနနဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးညႇိႏႈိင္းမႈအဖြဲ႕ေတြနဲ႔ ႀကိဳတင္ညႇိႏႈိင္းေဆြးေႏြး စီမံေဆာင္႐ြက္သြားၾကဖို႔လိုတယ္လို႔ အသိေပး ေၾကညာထားတာပါ။ အထူးသျဖင့္ စိုက္ပ်ိဳးေရေပးေဝတာအျပင္ ေရအားလွ်ပ္စစ္ပါ တြဲဖက္ ထုတ္လုပ္ေနတဲ့ သဖန္းဆိပ္၊ ကင္းတား၊ ဆည္ေတာ္ႀကီး၊ ၿမိဳ႕ႀကီး စတဲ့ ဘက္စုံ ေရေလွာင္တမံႀကီးေတြမွာ တမံအတြင္း ေရေလွာင္ ပမာဏေတြဟာ အရင္ႏွစ္ေတြနဲ႔ ယွဥ္ရင္ အမ်ားႀကီး ေလ်ာ့နည္းေနတယ္လို႔ ဆိုပါတယ္။ အဲဒီတမံေတြကေန လက္ရွိမွာ မိုးစပါးစိုက္ပ်ိဳးေရ ေပးေနၿပီး ေဒသတြင္းေသာက္သုံးေရလည္း လိုအပ္သလို ေပးေဝေနတာ ျဖစ္ပါတယ္။ ဒီအေျခအေနေတြအရ မိုးေကာင္းေသာက္ ဧရိယာမဟုတ္တဲ့ေဒသေတြမွာ မိုးစပါးစိုက္ပ်ိဳးေရ ေပးေဝ ရတဲ့ ေရေလွာင္တမံေတြဟာ ႏွစ္စဥ္လ်ာထားစိုက္ပ်ိဳးတဲ့ မိုးစပါးစိုက္ဧကေတြကို စိုက္ပ်ိဳးေရ အထူး ၿခိဳးၿခံေခြၽတာၿပီး အေလအလြင့္မရွိ အနည္းဆုံး ပမာဏနဲ႔ ေပးေဝႏိုင္ဖို႔အတြက္ စိုက္ခင္းအတြင္း ေရစီမံ ခန႔္ခြဲတဲ့ လုပ္ငန္းေတြကို ဆည္ေျမာင္းနဲ႔ ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာန ဝန္ထမ္းေတြ အေနနဲ႔ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြ၊ ေရေသာက္ေတာင္သူေတြနဲ႔ ပူးေပါင္းၿပီး စီမံ ေဆာင္႐ြက္ ေပးေနတယ္လို႔ ဆိုပါတယ္။ မိုးစပါးေအာင္ေရအထိ စိုက္ပ်ိဳးေရေပးၿပီးေနာက္မွာ တမံမွာ က်န္တဲ့ သိုေလွာင္ေရပမာဏအေပၚ မူတည္ၿပီး ေဒသေသာက္သုံးေရ လိုအပ္ခ်က္ကို ဦးစားေပးလ်ာထားၿပီးမွ ေႏြစပါးနဲ႔ တျခားသီးႏွံ စိုက္ပ်ိဳးေရေပးမယ့္ ဧကေတြကို လ်ာထားစီမံသြားရမယ္လို႔လည္း ဆိုပါတယ္။ စိုက္ပ်ိဳးေရ ရယူသုံးစြဲေနတဲ့ ေတာင္သူေတြအေနနဲ႔ ဆည္ေရကို အထူးၿခိဳးၿခံေခြၽတာၿပီး အေလအလြင့္ မရွိေအာင္ ရယူသုံးစြဲၾကဖို႔၊ ေရေသာက္ေတာင္သူအခ်င္းခ်င္း ညီၫြတ္မွ်တတဲ့ စိတ္ဓာတ္နဲ႔ ဌာနက သတ္မွတ္ထားတဲ့ ေရလွည့္ဇယားေတြအတိုင္း လိုက္နာေဆာင္႐ြက္ၾကဖို႔နဲ႔ အခက္အခဲရွိတယ္ဆိုရင္ သက္ဆိုင္ရာ ေဒသမွာရွိတဲ့ ဆည္ေျမာင္းနဲ႔ ေရအသုံးခ်မႈ စီမံခန႔္ခြဲေရးဦးစီးဌာန တာဝန္ခံဝန္ထမ္းေတြနဲ႔ ဆက္သြယ္ ညႇိႏႈိင္း စီမံၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ လက္ရွိမွာေတာ့ ရခိုင္၊ ကရင္နဲ႔ ခ်င္းျပည္နယ္၊ စစ္ကိုင္း၊ ပဲခူး၊ မေကြး၊ မႏၲေလး၊ ရန္ကုန္၊ ဧရာဝတီနဲ႔ ေနျပည္ေတာ္က ေရေလွာင္တမံ ၃၃ ခုမွာ ေရပိုလႊဲက ေရေက်ာ္ေနတယ္လို႔ ဆည္ေျမာင္းဌာနက ထုတ္ျပန္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024