အယ်လ်ဘားနီးယား နှစ် ၃၀ အတွင်း အပြင်းထန်ဆုံးငလျင်ဟု ကာကွယ်ရေးဝန်ကြီးဌာနပြော

အယ်လ်ဘားနီးယား နိုင်ငံရဲ့ မြို့တော်မှာ စက်တင်ဘာ ၂၁ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ နှစ် ၃၀ အတွင်း အပြင်းထန်ဆုံး ငလျင်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။  ဒဏ်ရာရသူ ၁၀၅ ယောက်ကို တီရာနာနဲ့ ဒါရက်စ်မြို့တွေမှာ ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။  ငလျင်ကြောင့် အိမ်ခြေ ၅၆၂ လုံး ပျက်စီးပြီး တိုက်ခန်းအဆောက်အဦ ၃၄ လုံး အက်ကွဲခဲ့တယ်။  အမာခံကိုယ်ထည် အပျက်အစီး ရှိ၊ မရှိ အင်ဂျင်နီယာတွေက စစ်ဆေးမယ်လို့ တရားဝင်ကိန်းဂဏန်းတွေက ပြထားပါတယ်။  ငလျင်ကြောင့် အိမ်ထဲကနေ ပြေးထွက်ချိန်မှာ လူအများစု ဒဏ်ရာရခဲ့တာပါ။ ဆေးကုသအပြီး လူအများအပြားက ဆေးရုံကနေ ပြန်ဆင်းသွားခဲ့ကြပါပြီ။  ငလျင်ဟာ အင်အား ရစ်ချတ်တာစကေး ၅ ဒသမ ၆ ရှိတယ်လို့ အမေရိကန် အခြေစိုက် USGS က ပြောပြီး အယ်လ်ဘားနီးယား ဘူမိသိပ္ပံ ဌာနက ၅ ဒသမ ၈ ရှိတယ်လို့ အစီရင်ခံထားပါတယ်။  ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အယ္လ္ဘားနီးယား ႏွစ္ ၃၀ အတြင္း အျပင္းထန္ဆုံးငလ်င္ဟု ကာကြယ္ေရးဝန္ႀကီးဌာနေျပာ အယ္လ္ဘားနီးယား ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္မွာ စက္တင္ဘာ ၂၁ ရက္က လႈပ္ခတ္ခဲ့တဲ့ ငလ်င္ဟာ ႏွစ္ ၃၀ အတြင္း အျပင္းထန္ဆုံး ငလ်င္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ဒဏ္ရာသူ ၁၀၅ ေယာက္ကို တီရာနာနဲ႔ ဒါရက္စ္ၿမိဳ႕ေတြမွာ ကုသေပးေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ငလ်င္ေၾကာင့္ အိမ္ေျခ ၅၆၂ လုံး ပ်က္စီးၿပီး တိုက္ခန္းအေဆာက္အဦ ၃၄ လုံး အက္ကြဲခဲ့တယ္။ အမာခံကိုယ္ထည္ အပ်က္အစီးရွိမရွိ အင္ဂ်င္နီယာေတြက စစ္ေဆးမယ္လို႔ တရားဝင္ကိန္းဂဏန္းေတြက ျပထားပါတယ္။ ငလ်င္ေၾကာင့္ အိမ္ထဲကေန ေျပးထြက္ခ်ိန္မွာ လူအမ်ားစု ဒဏ္ရာရခဲ့တာပါ။ ေဆးကုသအၿပီး လူအမ်ားအျပားက ေဆး႐ုံကေန ျပန္ဆင္းသြားခဲ့ၾကပါၿပီ။ ငလ်င္ဟာ အင္အား ရစ္ခ်တ္တာစေကး ၅ ဒသမ ၆ ရွိတယ္လို႔ အေမရိကန္ အေျခစိုက္ USGS က ေျပာၿပီး အယ္လ္ဘားနီးယား ဘူမိသိပၸံ ဌာနက ၅ ဒသမ ၈ ရွိတယ္လို႔ အစီရင္ခံထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up