Home
မြန်မာသတင်း
နတ်မောက်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပုံ-သမုန်းပင်လမ်းပိုင်း ပျက်စီး
DVB
·
September 23, 2019
နတ်မောက်မြို့နယ်မှာ လွန်ခဲ့တဲ့ ၂ ရက်က မိုးသည်းထန်မှုကြောင့် မြေသားလမ်းပိုင်း ရေကျော်ကျိုးပျက်ကာ ကျောက်ပုံ-သမုန်းပင်လမ်းပိုင်း ပြတ်တောက်နေတဲ့အတွက် ဒေသခံတွေ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြုံတွေ့နေရပါတယ်။ အဆိုပါလမ်းပိုင်းဟာ ပိတောက်ငုတ်-ဆုံကုန်းလမ်းမကြီးပေါ်မှာရှိနေပြီး နတ်မောက်မြို့နယ်ကနေ မြေပဲ၊ နှမ်းနဲ့ ပဲစဉ်းငုံသီးနှံတွေ ထွက်ရှိရာဒေသတွင်း ကျေးရွာတွေဆီကို ချိတ်ဆက်ထားတဲ့ အဓိက လမ်းပိုင်းတခုလည်း ဖြစ်ပါတယ်။ အဲဒီလမ်းမကြီးကို ၁၉၇၀ ပြည့်လွန်နှစ်တွေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ဖောက်လုပ်ခဲ့တာဖြစ်ပြီး ကျောက်ပန်းတောင်း-နတ်မောက်နဲ့ မကွေးမြို့နယ်တွေအတွင်းကို ကုန်စည် စီးဆင်းမှုလွယ်ကူစေရေးအတွက် ချိတ်ဆက် ဖောက်လုပ်ခဲ့တာလို့ အဲဒီ လမ်းမကြီးဘေးရှိ ကျောက်ပုံကျေးရွာနေ အဘဦးသိန်းညွန့်က ပြောပါတယ်။ ကျောက်ပုံ-သမုန်းပင်လမ်းမကြီးက အရှည်မိုင် ၁၁ မိုင် ၂ ဖာလုံရှိပြီး စက်ကြိတ် မြေသားလမ်းအဆင့်မြှင့်တင်ထားတာပါ။  နတ်မောက်မြို့နယ် ကျေးလက်လမ်း ဦးစီးဋ္ဌာနက အငယ်တန်းအင်ဂျင်နီယာ ဦးခိုင်မင်းစိုးက “လမ်းပိုင်းမှာရေကျော် ၄ ခုလောက်ရှိတယ်။ အခုရေတိုက်စားတဲ့ရေကျော်က ကျောက်ပုံနားက မင်းကန်ကြီးကန်ရေလွှဲကနေ ပေါက်ကျနေတဲ့ ရေစီးကြောင်းကိုဖြတ်ဖောက်ထားတာဆိုတော့ မိုးကြီးပြီးရေစီးသန်လွန်တာကြောင့် အခုလိုဖြစ်သွားတာ”လို့ ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ တလလောက်ကလည်း အခုလို လမ်းကျိုးပျက်ခဲ့ဖူးပြီး လမ်းကို ပြန်လည်ပြုပြင်ထားရတာဖြစ်ပါတယ်။ ကျောက်ပုံတောင်ရွာက ဒေသခံကားသမား ကိုမြင့်မောင်က “အခုတော့ နတ်မောက်ကိုသွားဖို့ ပြင်ထားတဲ့ကားတွေ ကုန်လည်းတင်ပြီးသားဆိုတော့ ဒီလမ်းထက် ၁၀ မိုင်ကျော်ပိုဝေးတဲ့ ရွာမွန်လမ်းပိုင်းဘက်က လှည့်ထွက်ရပါတယ်။ ဒီလမ်းက ကျနော်တို့ ရွာတွေအတွက် အသက်သွေးကြောတခုပါ”လို့ ပြောပြပါတယ်။ ကျောက်ပုံ-သမုန်းပင်လမ်းပိုင်းပေါ်မှာ ကျောက်ပုံ၊ တဲကြီး၊ ဖန်းခါးစမ်း၊ ညောင်ကျပ်ပင်၊ လင်းကတိုး။ ဝါးရုံကုန်း၊ ချောင်းနက် စတဲ့ ကျေးရွာအုပ်စုတွေက ကျေးရွာပေါင်း ၃၀ကျော်တို့ မှီခိုအားထားနေရပြီး အခုလိုလမ်းပိုင်းပြတ်တောက်မှုကြောင့် မြောက်ဘက်အစွန်ဆုံးကျေးရွာ အချို့က ကားတွေ ဖြတ်သန်းမရဖြစ်နေကြပါတယ်။ နတ်မောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက “အဲဒီရေကျော်ကို လာမယ့်ဘဏ္ဍာနှစ်မှာ ကွန်ကရစ် ရေကျော်အဖြစ် အဆင့်မြှင့်တင်ပေးဖို့ တောင်းဆိုထားပါတယ်။ အဆင်ပြေမယ်လို့လည်း ယုံကြည်တယ်။ လိုလည်းလိုအပ်ပါတယ်” လို့ ပြောပါတယ်။ အဲဒီလမ်းမကြီးကို ပြီးခဲ့တဲ့၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာပဲ မြေသားလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းတွေ စတင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း လမ်းမိုင်စဆုံးအရှည် ၁၁ မိုင် ၂ ဖာလုံကို စက်ကြိတ်မြေသားလမ်းအဖြစ် အဆင့်မြင့်တင်နိုင်ခဲ့တယ်လို့ နတ်မောက်မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနက သိရပါတယ်။ သတင်း- သားကြီး (တောင်တွင်းကြီး)
နတ္ေမာက္ၿမိဳ႕နယ္၌ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေက်ာက္ပုံ-သမုန္းပင္လမ္းပိုင္း ပ်က္စီး DVB နတ္ေမာက္ၿမိဳ႕နယ္မွာ လြန္ခဲ့တဲ့ ၂ ရက္က မိုးသည္းထန္မႈေၾကာင့္ ေျမသားလမ္းပိုင္း ေရေက်ာ္က်ိဳးပ်က္ကာ ေက်ာက္ပုံ-သမုန္းပင္လမ္းပိုင္း ျပတ္ေတာက္ေနတဲ့အတြက္ ေဒသခံေတြ လမ္းပန္းဆက္သြယ္ေရး အခက္အခဲႀကဳံေတြ႕ေနရပါတယ္။ အဆိုပါလမ္းပိုင္းဟာ ပိေတာက္ငုတ္-ဆုံကုန္းလမ္းမႀကီးေပၚမွာရွိေနၿပီး နတ္ေမာက္ၿမိဳ႕နယ္ကေန ေျမပဲ၊ ႏွမ္းနဲ႔ ပဲစဥ္းငုံသီးႏွံေတြ ထြက္ရွိရာေဒသတြင္း ေက်း႐ြာေတြဆီကို ခ်ိတ္ဆက္ထားတဲ့ အဓိက လမ္းပိုင္းတခုလည္း ျဖစ္ပါတယ္။ အဲဒီလမ္းမႀကီးကို ၁၉၇၀ ျပည့္လြန္ႏွစ္ေတြက ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္က ေဖာက္လုပ္ခဲ့တာျဖစ္ၿပီး ေက်ာက္ပန္းေတာင္း-နတ္ေမာက္နဲ႔ မေကြးၿမိဳ႕နယ္ေတြအတြင္းကို ကုန္စည္ စီးဆင္းမႈလြယ္ကူေစေရးအတြက္ ခ်ိတ္ဆက္ ေဖာက္လုပ္ခဲ့တာလို႔ အဲဒီ လမ္းမႀကီးေဘးရွိ ေက်ာက္ပုံေက်း႐ြာေန အဘဦးသိန္းၫြန႔္က ေျပာပါတယ္။ ေက်ာက္ပုံ-သမုန္းပင္လမ္းမႀကီးက အရွည္မိုင္ ၁၁ မိုင္ ၂ ဖာလုံရွိၿပီး စက္ႀကိတ္ ေျမသားလမ္းအဆင့္ျမႇင့္တင္ထားတာပါ။ နတ္ေမာက္ၿမိဳ႕နယ္ ေက်းလက္လမ္း ဦးစီး႒ာနက အငယ္တန္းအင္ဂ်င္နီယာ ဦးခိုင္မင္းစိုးက “လမ္းပိုင္းမွာေရေက်ာ္ ၄ ခုေလာက္ရွိတယ္။ အခုေရတိုက္စားတဲ့ေရေက်ာ္က ေက်ာက္ပုံနားက မင္းကန္ႀကီးကန္ေရလႊဲကေန ေပါက္က်ေနတဲ့ ေရစီးေၾကာင္းကိုျဖတ္ေဖာက္ထားတာဆိုေတာ့ မိုးႀကီးၿပီးေရစီးသန္လြန္တာေၾကာင့္ အခုလိုျဖစ္သြားတာ”လို႔ ရွင္းျပပါတယ္။ ၿပီးခဲ့တဲ့ တလေလာက္ကလည္း အခုလို လမ္းက်ိဳးပ်က္ခဲ့ဖူးၿပီး လမ္းကို ျပန္လည္ျပဳျပင္ထားရတာျဖစ္ပါတယ္။ ေက်ာက္ပုံေတာင္႐ြာက ေဒသခံကားသမား ကိုျမင့္ေမာင္က “အခုေတာ့ နတ္ေမာက္ကိုသြားဖို႔ ျပင္ထားတဲ့ကားေတြ ကုန္လည္းတင္ၿပီးသားဆိုေတာ့ ဒီလမ္းထက္ ၁၀ မိုင္ေက်ာ္ပိုေဝးတဲ့ ႐ြာမြန္လမ္းပိုင္းဘက္က လွည့္ထြက္ရပါတယ္။ ဒီလမ္းက က်ေနာ္တို႔ ႐ြာေတြအတြက္ အသက္ေသြးေၾကာတခုပါ”လို႔ ေျပာျပပါတယ္။ ေက်ာက္ပုံ-သမုန္းပင္လမ္းပိုင္းေပၚမွာ ေက်ာက္ပုံ၊ တဲႀကီး၊ ဖန္းခါးစမ္း၊ ေညာင္က်ပ္ပင္၊ လင္းကတိုး။ ဝါး႐ုံကုန္း၊ ေခ်ာင္းနက္ စတဲ့ ေက်း႐ြာအုပ္စုေတြက ေက်း႐ြာေပါင္း ၃၀ေက်ာ္တို႔ မွီခိုအားထားေနရၿပီး အခုလိုလမ္းပိုင္းျပတ္ေတာက္မႈေၾကာင့္ ေျမာက္ဘက္အစြန္ဆုံးေက်း႐ြာ အခ်ိဳ႕က ကားေတြ ျဖတ္သန္းမရျဖစ္ေနၾကပါတယ္။ နတ္ေမာက္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေ႐ႊက “အဲဒီေရေက်ာ္ကို လာမယ့္ဘ႑ာႏွစ္မွာ ကြန္ကရစ္ ေရေက်ာ္အျဖစ္ အဆင့္ျမႇင့္တင္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ အဆင္ေျပမယ္လို႔လည္း ယုံၾကည္တယ္။ လိုလည္းလိုအပ္ပါတယ္” လို႔ ေျပာပါတယ္။ အဲဒီလမ္းမႀကီးကို ၿပီးခဲ့တဲ့၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္မွာပဲ ေျမသားလမ္း အဆင့္ျမင့္တင္ျခင္း လုပ္ငန္းေတြ စတင္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကလည္း လမ္းမိုင္စဆုံးအရွည္ ၁၁ မိုင္ ၂ ဖာလုံကို စက္ႀကိတ္ေျမသားလမ္းအျဖစ္ အဆင့္ျမင့္တင္ႏိုင္ခဲ့တယ္လို႔ နတ္ေမာက္ၿမိဳ႕နယ္ေက်းလက္လမ္း ဦးစီးဌာနက သိရပါတယ္။ သတင္း- သားႀကီး (ေတာင္တြင္းႀကီး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024