ပြင်သစ်နိုင်ငံ မြို့တော်ပါရီက မော်တော်ကား ကင်းစင်ရေးနေ့

803
ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ စက်တင်ဘာ ၂၂ ရက်နေ့က မော်တော်ကား ကင်းစင်ရေးနေ့ သတ်မှတ်ထားတာကြောင့် ကားတွေ ရှင်းနေတဲ့ ပါရီမြို့ရဲ့ အထင်ကရ နေရာတွေမှာ ကမ္ဘာလှည့်ခရီးသွားတွေ လမ်းလျှောက်ထွက်သူတွေနဲ့ ပြည့်နေပါတယ်။
ဒါဟာ ပါရီမြို့တော်ဝန် အန်နီဒယ်လ်ဂူရဲ့ လေထုညစ်ညမ်းမှုနဲ့ ဆူညံသံတွေ တိုက်ဖျက်ရေး လှုပ်ရှားမှု တစိတ်တပိုင်း ဖြစ်ပါတယ်။
မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ပါရီမြို့ လမ်းမတွေ အားလုံးမှာ ကားတွေ သွားလာခွင့် ပိတ်ပင်ထားပြီး မသန်စွမ်းသူတွေအတွက် ဘက်စ်ကား၊ တက္ကစီနဲ့ တခြားယာဉ်တွေကိုသာ သွားလာခွင့်ပြုထားပါတယ်။
အီဖယ်တာဝါ၊ ရှော်ဇေလီဇေ ရိပ်သာလမ်း စတဲ့ အထင်ကရ နေရာတွေမှာ လေ့ကျင့်ခန်း လုပ်သူတွေ၊ စက်ဘီးစီးသူတွေနဲ့ လမ်းသွားလမ်းလာတွေနဲ့ စည်ကားနေပါတယ်။
ဒါ့အပြင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ၁၆ မိုင်ပတ်ဝန်းကျင်ကို ကားမောင်းခွင့် ပိတ်ထားလိုက်ပြီး မော်တော်ကား ကင်းစင်ရေးနေ့ ကျင်းပခဲ့ပါတယ်။
===================
ျပင္သစ္ႏိုင္ငံ ၿမိဳ႕ေတာ္ပါရီက ေမာ္ေတာ္ကား ကင္းစင္ေရးေန႔
DVB
ျပင္သစ္ႏိုင္ငံ ၿမိဳ႕ေတာ္ပါရီမွာ စက္တင္ဘာ ၂၂ ရက္ေန႔က ေမာ္ေတာ္ကား ကင္းစင္ေရးေန႔ သတ္မွတ္ထားတာေၾကာင့္ ကားေတြ ရွင္းေနတဲ့ ပါရီၿမိဳ႕ရဲ႕ အထင္ကရ ေနရာေတြမွာ ကမာၻလွည့္ခရီးသြားေတြ လမ္းေလွ်ာက္ထြက္သူေတြနဲ႔ ျပည့္ေနပါတယ္။
ဒါဟာ ပါရီၿမိဳ႕ေတာ္ဝန္ အန္နီဒယ္လ္ဂူရဲ႕ ေလထုညစ္ညမ္းမႈနဲ႔ ဆူညံသံေတြ တိုက္ဖ်က္ေရး လႈပ္ရွားမႈ တစိတ္တပိုင္း ျဖစ္ပါတယ္။
မနက္ ၉ နာရီကေန ညေန ၄ နာရီအထိ ပါရီၿမိဳ႕ လမ္းမေတြ အားလုံးမွာ ကားေတြ သြားလာခြင့္ ပိတ္ပင္ထားၿပီး မသန္စြမ္းသူေတြအတြက္ ဘက္စ္ကား၊ တကၠစီနဲ႔ တျခားယာဥ္ေတြကိုသာ သြားလာခြင့္ျပဳထားပါတယ္။
အီဖယ္တာဝါ၊ ေရွာ္ေဇလီေဇ ရိပ္သာလမ္း စတဲ့ အထင္ကရ ေနရာေတြမွာ ေလ့က်င့္ခန္း လုပ္သူေတြ၊ စက္ဘီးစီးသူေတြနဲ႔ လမ္းသြားလမ္းလာေတြနဲ႔ စည္ကားေနပါတယ္။
ဒါ့အျပင္ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာလည္း ၁၆ မိုင္ပတ္ဝန္းက်င္ကို ကားေမာင္းခြင့္ ပိတ္ထားလိုက္ၿပီး ေမာ္ေတာ္ကား ကင္းစင္ေရးေန႔ က်င္းပခဲ့ပါတယ္။