မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်း တွေ့ဆုံတဲ့ပွဲမှာ လီဗာပူးက ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပေမယ့် ပထမပိုင်းမှာ လီဗာပူးက ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး ပွဲချိန် ၁၄ မိနစ်နဲ့ မိနစ် ၃၀ တို့မှာ အာနိုးနဲ့ ဖာမီနိုတို့က သွင်းယူခဲ့တာပါ။
ဘောလုံးပိုင်ဆိုင်မှုမှာ အိမ်ရှင် ချဲလ်ဆီးအသင်းက အနည်းငယ် အသာစီးယူ ကစားနိုင်ခဲ့ပေမယ် ဂိုးပေါက်ကန်သွင်းမှုမှာတော့ ဧည့်သည်အသင်းက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးအသင်း ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ ကွင်းလယ်ကစားသမား ကန်တီက တကိုယ်တော် အစွမ်းပြပြီး ချေပဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ဒီနောက်မှာတော့ ချဲလ်ဆီးက ချေပဂိုး ရရှိရေးအတွက် တောက်လျှောက် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ပွဲပြီးဆုံးချိန်ထိ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
အမှတ်ပေးဇယားမှာတော့ လီဗာပူးအသင်းက ရမှတ် ၁၈ မှတ်နဲ့ ဆက်လက်ဦးဆောင်နေပြီး ချဲလ်ဆီးအသင်းကတော့ ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
တနင်္ဂနွေည ပရီးမီးယားလိဂ် တခြားပွဲစဉ်တွေမှာတော့ ဝက်စ်ဟမ်းက မန်ယူအသင်းကို ၂-၀ ဂိုး၊ အာဆင်နယ်က အက်စတွန်ဗီလာကို ၃-၂ ဂိုးနဲ့ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။
====================================
လီဗာပူးက ခ်ဲလ္ဆီးအသင္းကို ၂-၁ ဂိုးျဖင့္ အႏိုင္ရရွိ
DVB
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အသင္းႀကီး ၂ သင္း ေတြ႕ဆုံတဲ့ပြဲမွာ လီဗာပူးက ခ်ဲလ္ဆီးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။
ခ်ဲလ္ဆီးအသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တာ ျဖစ္ေပမယ့္ ပထမပိုင္းမွာ လီဗာပူးက ကစားပုံ ပိုမိုေကာင္းမြန္ခဲ့ၿပီး ပြဲခ်ိန္ ၁၄ မိနစ္နဲ႔ မိနစ္ ၃၀ တို႔မွာ အာႏိုးနဲ႔ ဖာမီႏိုတို႔က သြင္းယူခဲ့တာပါ။
ေဘာလုံးပိုင္ဆိုင္မႈမွာ အိမ္ရွင္ ခ်ဲလ္ဆီးအသင္းက အနည္းငယ္ အသာစီးယူ ကစားႏိုင္ခဲ့ေပမယ္ ဂိုးေပါက္ကန္သြင္းမႈမွာေတာ့ ဧည့္သည္အသင္းက အခြင့္အေရး ပိုမိုရရွိခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးအသင္း ကစားပုံ ပိုမိုေကာင္းမြန္ခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာ ကြင္းလယ္ကစားသမား ကန္တီက တကိုယ္ေတာ္ အစြမ္းျပၿပီး ေခ်ပဂိုး ၁ ဂိုး သြင္းယူခဲ့ပါတယ္။
ဒီေနာက္မွာေတာ့ ခ်ဲလ္ဆီးက ေခ်ပဂိုး ရရွိေရးအတြက္ ေတာက္ေလွ်ာက္ တိုက္စစ္ဆင္ ကစားခဲ့ေပမယ့္ ပြဲၿပီးဆုံးခ်ိန္ထိ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိဘဲ ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္သြားပါတယ္။
အမွတ္ေပးဇယားမွာေတာ့ လီဗာပူးအသင္းက ရမွတ္ ၁၈ မွတ္နဲ႔ ဆက္လက္ဦးေဆာင္ေနၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ ရမွတ္ ၈ မွတ္နဲ႔ အဆင့္ ၁၁ မွာ ရပ္တည္ေနပါတယ္။
တနဂၤေႏြည ပရီးမီးယားလိဂ္ တျခားပြဲစဥ္ေတြမွာေတာ့ ဝက္စ္ဟမ္းက မန္ယူအသင္းကို ၂-၀ ဂိုး၊ အာဆင္နယ္က အက္စတြန္ဗီလာကို ၃-၂ ဂိုးနဲ႔ အသီးသီး အႏိုင္ရရွိခဲ့ပါတယ္။