မန္တလေးတွင် BAJAJ အမျိုးအစား သုံးဘီးယာဉ် အသုံးပြုမှုများလာ

သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ သုံးဘီးယာဉ်တွေ အသုံးပြုမှုများပြားလာတဲ့ မန္တလေးမြို့မှာ BAJAJ အမျိုးအစား သုံးဘီးဆိုင်ကယ် အသုံးပြုမှုဟာ စျေးကွက်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်လို့ BAJAJ ကုမ္ပဏီ ကပြောပါတယ်။
မန္တလေးမြို့မှာ ဘက်စ်ကားနဲ့ သယ်ယူပို့ဆောင်မှုမျိုး မရှိပဲ မော်တော်ဆိုင်ကယ်Taxi တွေကို အသုံးပြုကြရာမှ ခုချိန်မှာ မိုးလုံလေလုံ အသုံးပြုနိုင်တဲ့ သုံးဘီးယာဉ်ကို ပိုမို အသုံးပြုလာကြတာလည်း ဖြစ်ပါတယ်။
တက္ကစီတင်မက ကုန်စည်ပါတင်ဆောင်နိုင်တဲ့ BAJAJ MAXIMA Z နဲ့ ရွှေ့လျားစျေးဆိုင်တွေ ဖွင့်လှစ်အသုံးပြုနိုင်တဲ့ BAJAJ MAXIMA Cargo သုံးဘီးဆိုင်ကယ်တွေ စျေးကွက်အတွင်း စတင်ဖြန့်ချိတာနဲ့ ပတ်သက်ပြီး မိတ်ဆက်ပွဲကိုလည်း စက်တင်ဘာလ ၂၁ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တာပါ။
အခုမိတ်ဆက်လိုက်တဲ့ သုံးဘီယာဉ်တွေကို ခြောက်လကနေ သုံးနှစ်ခန့်အထိ အရစ်ကျ စနစ်နဲ့ ဝယ်ယူနိုင်ပြီး ၁၀ ရာခိုင်နှုန်းပေးသွင်းရုံနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
သတင်း- ထိန်ထိန်လင်း
DVB
သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ သုံးဘီးယာဉ်တွေ အသုံးပြုမှုများပြားလာတဲ့ မန္တလေးမြို့မှာ BAJAJ အမျိုးအစား သုံးဘီးဆိုင်ကယ် အသုံးပြုမှုဟာ ဈေးကွက်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်လို့ BAJAJ ကုမ္ပဏီ ကပြောပါတယ်။
တက္ကစီတင်မက ကုန်စည်ပါတင်ဆောင်နိုင်တဲ့ BAJAJ MAXIMA Z နဲ့ ရွှေ့လျားဈေးဆိုင်တွေ ဖွင့်လှစ်အသုံးပြုနိုင်တဲ့ BAJAJ MAXIMA Cargo သုံးဘီးဆိုင်ကယ်တွေ ဈေးကွက်အတွင်း စတင်ဖြန့်ချိတာနဲ့ ပတ်သက်ပြီး မိတ်ဆက်ပွဲကိုလည်း စက်တင်ဘာလ ၂၁ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တာပါ။
သတင်း- ထိန်ထိန်လင်း