ကိုလံဘီယာ အမှတ်ပေးပြိုင်ပွဲတွင် အိမ်ရှင်ပရိသတ် ကွင်းထဲ ဓားဖြင့်ပစ်ပေါက်

Photo : AS COLOMBIA
904
ကိုလံဘီယာ အမှတ်ပေးပြိုင်ပွဲရဲ့ ထိပ်သီးတွေဖြစ်တဲ့ မီလန်နာရီရော့စ်နဲ့ အင်ဒီပန်းဒန့် မက်ဒီလင်တို့ တွေ့ဆုံတဲ့ပွဲမှာတော့ အိမ်ရှင် မက်ဒီလင်ပရိသတ်တွေက ဓားမြှောင်နဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရုပ်ဆိုးအကျည်းတန်တဲ့ပွဲတပွဲ ဖြစ်ခဲ့ရပါတယ်။
အဲဒီပွဲမှာ ဧည့်သည် မီလန်နာအသင်းက ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲသိမ်းခရာ မှုတ်လိုက်ချိန် ကွင်းလယ်လူ ဆေးလ်ဗားရပ်နေတဲ့နားကို ဓားမြှောင်တချောင်း ကျလာလို့ ဒိုင်လူကြီးကို အပ်နှံခဲ့ရပါတယ်။
ဒဏ်ရာရရှိသူ မရှိခဲ့ပေမယ့် မက်ဒီလင်ပရိသတ်တွေရဲ့ ဆိုးသွမ်းစွာ အားပေးမှုကို စုံစမ်းဖော်ထုတ်သွားဖို့ ရှိနေပါတယ်။
အစောပိုင်းပွဲတွေကလည်း အက်သလက်တီကိုနေရှင်နယ် အသင်းနဲ့ပွဲစဉ်မှာ မက်ဒီလင် ပရိသတ်တချို့ဟာ ပြိုင်ဘက်ပရိသတ်တွေကို အကြမ်းဖက်တဲ့ပုံစံ တိုက်ခိုက်မှုတွေ လုပ်ထားဖူးပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ကိုလံဘီယာ အမွတ္ေပးၿပိဳင္ပြဲတြင္ အိမ္ရွင္ပရိသတ္ ကြင္းထဲ ဓားျဖင့္ပစ္ေပါက္
ကိုလံဘီယာ အမွတ္ေပးၿပိဳင္ပြဲရဲ႕ ထိပ္သီးေတြျဖစ္တဲ့ မီလန္နာရီေရာ့စ္နဲ႔ အင္ဒီပန္းဒန႔္ မက္ဒီလင္တို႔ ေတြ႕ဆုံတဲ့ပြဲမွာေတာ့ အိမ္ရွင္ မက္ဒီလင္ပရိသတ္ေတြက ဓားေျမႇာင္နဲ႔ ပစ္ေပါက္ခဲ့တာေၾကာင့္ ႐ုပ္ဆိုးအက်ည္းတန္တဲ့ပြဲတပြဲ ျဖစ္ခဲ့ရပါတယ္။
အဲဒီပြဲမွာ ဧည့္သည္ မီလန္နာအသင္းက ပြဲအၿပီးမွာ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ပြဲသိမ္းခရာ မႈတ္လိုက္ခ်ိန္ ကြင္းလယ္လူ ေဆးလ္ဗားရပ္ေနတဲ့နားကို ဓားေျမႇာင္တေခ်ာင္း က်လာလို႔ ဒိုင္လူႀကီးကို အပ္ႏွံခဲ့ရပါတယ္။
ဒဏ္ရာရရွိသူ မရွိခဲ့ေပမယ့္ မက္ဒီလင္ပရိသတ္ေတြရဲ႕ ဆိုးသြမ္းစြာ အားေပးမႈကို စုံစမ္းေဖာ္ထုတ္သြားဖို႔ ရွိေနပါတယ္။
အေစာပိုင္းပြဲေတြကလည္း အက္သလက္တီကိုေနရွင္နယ္ အသင္းနဲ႔ပြဲစဥ္မွာ မက္ဒီလင္ ပရိသတ္တခ်ိဳ႕ဟာ ၿပိဳင္ဘက္ပရိသတ္ေတြကို အၾကမ္းဖက္တဲ့ပုံစံ တိုက္ခိုက္မႈေတြ လုပ္ထားဖူးပါတယ္။