Home
မြန်မာသတင်း
“မျှော်လင့်ချက်တို့အဆုံးမသတ်နဲ့” မူးယစ်ဆေးဆိုးကျိုးပညာပေးသီချင်း မိတ်ဆက်
ထွန်းထွန်းသိန်း
·
September 23, 2019
မြန်မာအဆိုတော် ၁၂ ဦးပါဝင်တဲ့ မျှော်လင့်ချက်ကို အဆုံးမသတ်နဲ့အမည်ရတဲ့ မူးယစ်ဆေးဆိုးကျိုး အသိပညာပေးလူပ်ရှားမှုသီချင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ Urban Asia Center မှာ စက်တင်ဘာ ၂၂ရက် ညနေက ကျင်းပပါတယ်။ Don’t Give up Hope “မျှော်လင့်ချက်တို့အဆုံးမသတ်နဲ့” ဆိုတဲ့သီချင်းကို အာဇာနည်၊ ဂျီလတ်၊ ဝေလ၊ အောင်ထက်၊ AR-T၊ ရွှေထူး၊ X Box၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ မီစန္ဒီ၊ ကေကေမိုး၊ ဂျူဝယ်လ်နဲ့ ပန်းရောင်ခြယ်တို့က ဝိုင်းဝန်းသီဆိုထားတာပါ။ ဒီပွဲကိုတော့ အမေရိကန်သံရုံးမြန်မာကစီစဉ်တာဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ရတဲ့ သက်ရောက်မှုတွေအကြောင်း လူတွေပိုပြီးသိရှိဖို့အတွက် အနုပညာရှင်တွေက လာရောက်ဝိုင်းဝန်းပြီး ကူညီကြတာဖြစ်တယ်လို့ အမေရိကန်သံရုံးတာဝန်ရှိသူကပြောပါတယ်။ အမေရိကန်သံရုံးရန်ကုန်နဲ့အတူ USAIDS 528love ကမ်ပိန်းအဖွဲ့တွေကလည်းး ပူးပေါင်းပါဝင်ခဲ့ပါတယ်။
“ေမွ်ာ္လင့္ခ်က္တို႔အဆုံးမသတ္နဲ႔” မူးယစ္ေဆးဆိုးက်ိဳးပညာေပးသီခ်င္း မိတ္ဆက္ ထြန္းထြန္းသိန္း ျမန္မာအဆိုေတာ္ ၁၂ ဦးပါဝင္တဲ့ ေမွ်ာ္လင့္ခ်က္ကို အဆုံးမသတ္နဲ႔အမည္ရတဲ့ မူးယစ္ေဆးဆိုးက်ိဳး အသိပညာေပးလူပ္ရွားမႈသီခ်င္းမိတ္ဆက္ပြဲကို ရန္ကုန္ၿမိဳ႕ Urban Asia Center မွာ စက္တင္ဘာ ၂၂ရက္ ညေနကက်င္းပပါတယ္။ Don’t Give up Hope “ေမွ်ာ္လင့္ခ်က္တို႔အဆုံးမသတ္နဲ႔” ဆိုတဲ့သီခ်င္းကို အာဇာနည္၊ ဂ်ီလတ္၊ ေဝလ၊ ေအာင္ထက္၊ AR-T၊ ေ႐ႊထူး၊ X Box၊ နီနီခင္ေဇာ္၊ ဝိုင္းစုခိုင္သိန္း၊ မီစႏၵီ၊ ေကေကမိုး၊ ဂ်ဴဝယ္လ္နဲ႔ ပန္းေရာင္ျခယ္တို႔က ဝိုင္းဝန္းသီဆိုထားတာပါ။ ဒီပြဲကိုေတာ့ အေမရိကန္သံ႐ုံးျမန္မာကစီစဥ္တာျဖစ္ၿပီး မူးယစ္ေဆးသုံးစြဲမႈေၾကာင့္ ျဖစ္ရတဲ့ သက္ေရာက္မႈေတြအေၾကာင္း လူေတြပိုၿပီးသိရွိဖို႔အတြက္ အႏုပညာရွင္ေတြက လာေရာက္ဝိုင္းဝန္းၿပီး ကူညီၾကတာျဖစ္တယ္လို႔ အေမရိကန္သံ႐ုံးတာဝန္ရွိသူကေျပာပါတယ္။ အေမရိကန္သံ႐ုံးရန္ကုန္နဲ႔အတူ USAIDS 528love ကမ္ပိန္းအဖြဲ႕ေတြကလည္းး ပူးေပါင္းပါဝင္ခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024