အင်ဒိုနီးရှား တောမီးလောင်မှု ဝေဟင်မှ ငြှိမ်းသတ်

992
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်မှာ တောမီးလောင်နေတာကြောင့် စက်တင်ဘာ ၂၂ ရက်က အာဏာပိုင်တွေဟာ ဝေဟင်ကနေ ရေဘောလုံးကြီးတွေနဲ့ ရေတွေလောင်းချပြီး ငြှိမ်းသတ်နေကြရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဘက်အခြမ်းက ဘော်နီယိုကျွန်းမှာလည်း တောမီးတွေ လောင်နေတာကြောင့် ဘော်နီယိုကျွန်းနဲ့ ဆူမားတြားကျွန်းတလျှောက် မီးခိုးမြူတွေလည်း ဖုံးလွှမ်းနေပါတယ်။
အဲဒီမီးခိုးငွေ့တွေဟာ အင်ဒိုနီးရှားနိုင်ငံထဲမှာသာမက အိမ်နီးချင်း မလေးရှားနဲ့ စင်ကာပူ နိုင်ငံတွေအထိ ပျံ့လွင့်နေတာပါ။
ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ မီးခိုးငွေ့တွေကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ စာသင်ကျောင်းတွေနဲ့ လေဆိပ်တွေ ပိတ်ထားရပြီး သောင်းချီတဲ့လူတွေဟာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ ခံစားနေကြရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version