မန်ယူအသင်း အဝေးကွင်းတွင် ဝက်စ်ဟမ်းကို ဂိုးပြတ်ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

1.3K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
ပြီးခဲ့တဲ့ လက်စတာစတီးနဲ့ပွဲမှာ နိုင်ပွဲရှာတွေ့ခဲ့တဲ့ ယူနိုက်တက်တို့ အခုတပတ်မှာ ခြေစွမ်းတက်နေတဲ့ ဝက်စ်ဟမ်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး အိမ်ပြန်မလှခဲ့ပါဘူး။
ဝက်စ်ဟမ်းရဲ့ စည်းချက်မိနေတဲ့ ကစားပုံကို အသာမရခဲ့တဲ့ ယူနိုက်တက်တို့ ဂိုးကန်သွင်းမှု အတော်များများကိုလည်း ခွင့်ပြုပေးခဲ့ရပြီး ၂ ဂိုးပြတ်နဲ့ အရေးနိမ့်သွားခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းကတော့ တောင်ပံနှစ်ဖက်က ယာမိုလန်ကိုနဲ့ အန်ဒါဆင်တို့ ခြေစွမ်းပြခဲ့ပြီး ယာမိုလန်ကိုက ၁ ဂိုး၊ နောက်ခံလူ ခရက်စ်ဝဲလ်က ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒီနေ့ပွဲမှာ နောက်ခံလူ မက်ဂွိုင်းယားနဲ့ လင်ဒီအော့ဖ်တို့ အမှားများနေခဲ့လို့ ပထမပိုင်းနဲ့ ဒုတိယပိုင်းပြီးခါနီးတို့မှာ သွင်းဂိုးတွေ ပေးခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်ကတော့ ဒီပွဲမှာ ရမှတ်ထပ်ဆုံးရှုံးခဲ့ပြန်လို့ ၈ မှတ်နဲ့အဆင့် ၈ မှာရပ်တည်နေသလို ဝက်စ်ဟမ်းကတော့ ၁၁ မှတ်ထိ ရမှတ်စုဆောင်းထားပြီး မနေ့က စပါးကို အနိုင်ရထားတဲ့ လက်စတာနဲ့ အမှတ်တူ အဆင့် ၄ နေရာမှာ ရပ်တည်သွားခဲ့ပါတယ်။
တနင်္ဂနွေည ပရီးမီးယားလိဂ် တခြားပွဲစဉ်တွေမှာတော့ လီဗာပူးက ချဲလ်ဆီးကို ၂-၁ ဂိုး၊ အာဆင်နယ်က အက်စတွန်ဗီလာကို ၃-၂ ဂိုး အသီးသီး အနိုင်ရရှိခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
မန္ယူအသင္း အေဝးကြင္းတြင္ ဝက္စ္ဟမ္းကို ဂိုးျပတ္ရႈံးနိမ့္ (႐ုပ္သံဟိုက္လိုက္)
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က ဝက္စ္ဟမ္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္သြားပါတယ္။
ၿပီးခဲ့တဲ့ လက္စတာစတီးနဲ႔ပြဲမွာ ႏိုင္ပြဲရွာေတြ႕ခဲ့တဲ့ ယူႏိုက္တက္တို႔ အခုတပတ္မွာ ေျခစြမ္းတက္ေနတဲ့ ဝက္စ္ဟမ္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ရၿပီး အိမ္ျပန္မလွခဲ့ပါဘူး။
ဝက္စ္ဟမ္းရဲ႕ စည္းခ်က္မိေနတဲ့ ကစားပုံကို အသာမရခဲ့တဲ့ ယူႏိုက္တက္တို႔ ဂိုးကန္သြင္းမႈ အေတာ္မ်ားမ်ားကိုလည္း ခြင့္ျပဳေပးခဲ့ရၿပီး ၂ ဂိုးျပတ္နဲ႔ အေရးနိမ့္သြားခဲ့တာပါ။
ဝက္စ္ဟမ္းအသင္းကေတာ့ ေတာင္ပံႏွစ္ဖက္က ယာမိုလန္ကိုနဲ႔ အန္ဒါဆင္တို႔ ေျခစြမ္းျပခဲ့ၿပီး ယာမိုလန္ကိုက ၁ ဂိုး၊ ေနာက္ခံလူ ခရက္စ္ဝဲလ္က ၁ ဂိုးသြင္းယူေပးခဲ့ပါတယ္။
ဒီေန႔ပြဲမွာ ေနာက္ခံလူ မက္ဂြိဳင္းယားနဲ႔ လင္ဒီေအာ့ဖ္တို႔ အမွားမ်ားေနခဲ့လို႔ ပထမပိုင္းနဲ႔ ဒုတိယပိုင္းၿပီးခါနီးတို႔မွာ သြင္းဂိုးေတြ ေပးခဲ့ရတာျဖစ္ပါတယ္။
ယူႏိုက္တက္ကေတာ့ ဒီပြဲမွာ ရမွတ္ထပ္ဆုံးရႈံးခဲ့ျပန္လို႔ ၈ မွတ္နဲ႔အဆင့္ ၈ မွာရပ္တည္ေနသလို ဝက္စ္ဟမ္းကေတာ့ ၁၁ မွတ္ထိ ရမွတ္စုေဆာင္းထားၿပီး မေန႔က စပါးကို အႏိုင္ရထားတဲ့ လက္စတာနဲ႔ အမွတ္တူ အဆင့္ ၄ ေနရာမွာ ရပ္တည္သြားခဲ့ပါတယ္။
တနဂၤေႏြည ပရီးမီးယားလိဂ္ တျခားပြဲစဥ္ေတြမွာေတာ့ လီဗာပူးက ခ်ဲလ္ဆီးကို ၂-၁ ဂိုး၊ အာဆင္နယ္က အက္စတြန္ဗီလာကို ၃-၂ ဂိုး အသီးသီး အႏိုင္ရရွိခဲ့ပါတယ္။