A d v e r t i s e m e n t With Us

ဗင်နီဇွဲလားအပေါ် အရေးယူဒဏ်ခတ်ရေး ပူးပေါင်းပါ၀င်ကြရန် ကိုလံဘီယာတောင်းဆို

ဗင်နီဇွဲလားအစိုးရအပေါ်  နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုမှာ ပူးပေါင်းပါဝင်ကြဖို့ ကိုလံဘီယာသမ္မတ အီဗန်ဒုကေးက စက်တင်ဘာ ၂၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ ကိုလံဘီယာသူပုန်တွေနဲ့ မူးယစ်မှောင်သမားတွေကို ထောက်ပံ့နေတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ လုပ်ရပ်တွေကိုရပ်တန်ဖို့ ကိုလံဘီယာသမ္မတက အခုလို တောင်းဆိုလိုက်တာပါ။ မကြာသေးခင်က ဗင်နီဇွဲလားစစ်တပ်ဟာ ကိုလံဘီယာနဲ့ နယ်စပ်မှာ စစ်ရေးလေ့ကျင့်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား အခြေအနေတင်းမာခဲ့ပါသေးတယ်။  ဗင်နီဇွဲလားသမ္မတ မာဒူရိုကလည်း ကိုလံဘီယာဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ဗင်နီဇွဲလားကို ကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ အကြိမ်ကြိမ် စွပ်စွဲထားပါတယ်။  ဥရောပနိုင်ငံတွေအနေနဲ့ လာမယ့်လတွေမှာ ဗင်နီဇွဲလားကို အရေးယူ ဒဏ်ခတ်ကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကလည်း ပြောထားပါတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တော်တော်များများက ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြပါတယ်။ သမ္မတမာဒူရိုရဲ့ ၂၀၁၈ ရွေးကောက်ပွဲ အနိုင်ရလဒ်ဟာ မဲမသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ဂွယ်ဒိုဟာ သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် ကြေညာထားပါတယ်။ ======================= ဗင္နီဇြဲလားအေပၚ အေရးယူဒဏ္ခတ္ေရး ပူးေပါင္းပါ၀င္ၾကရန္ ကိုလံဘီယာေတာင္းဆို DVB ဗင္နီဇြဲလားအစိုးရအေပၚ  ႏိုင္ငံတကာ အေရးယူဒဏ္ခတ္မႈမွာ ပူးေပါင္းပါဝင္ၾကဖို႔ ကိုလံဘီယာသမၼတ အီဗန္ဒုေကးက စက္တင္ဘာ ၂၁ ရက္မွာ ေတာင္းဆိုလိုက္ပါတယ္။ ကိုလံဘီယာသူပုန္ေတြနဲ႔ မူးယစ္ေမွာင္သမားေတြကို ေထာက္ပံ့ေနတဲ့ ဗင္နီဇြဲလားသမၼတ မာဒူ႐ိုရဲ႕ လုပ္ရပ္ေတြကိုရပ္တန္ဖို႔ ကိုလံဘီယာသမၼတက အခုလို ေတာင္းဆိုလိုက္တာပါ။ မၾကာေသးခင္က ဗင္နီဇြဲလားစစ္တပ္ဟာ ကိုလံဘီယာနဲ႔ နယ္စပ္မွာ စစ္ေရးေလ့က်င့္ခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံအၾကား အေျခအေနတင္းမာခဲ့ပါေသးတယ္။ ဗင္နီဇြဲလားသမၼတ မာဒူ႐ိုကလည္း ကိုလံဘီယာဟာ အေမရိကန္နဲ႔ ပူးေပါင္းၿပီး ဗင္နီဇြဲလားကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔ ျပင္ဆင္ေနတယ္လို႔ အႀကိမ္ႀကိမ္ စြပ္စြဲထားပါတယ္။ ဥေရာပႏိုင္ငံေတြအေနနဲ႔ လာမယ့္လေတြမွာ ဗင္နီဇြဲလားကို အေရးယူ ဒဏ္ခတ္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း အေမရိကန္ကလည္း ေျပာထားပါတယ္။ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက ဗင္နီဇြဲလား အတိုက္အခံ ေခါင္းေဆာင္ ဟြမ္ဂြယ္ဒိုကို ဗင္နီဇြဲလားေခါင္းေဆာင္အျဖစ္ အသိအမွတ္ျပဳထားၾကပါတယ္။ သမၼတမာဒူ႐ိုရဲ႕ ၂၀၁၈ ေ႐ြးေကာက္ပြဲ အႏိုင္ရလဒ္ဟာ မဲမသမာမႈေတြ ရွိေနတယ္လို႔ စြပ္စြဲၿပီး ဂြယ္ဒိုဟာ သူ႔ကိုယ္သူ ဗင္နီဇြဲလား ယာယီသမၼတအျဖစ္ ေၾကညာထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up