A d v e r t i s e m e n t With Us

မြောက်ကိုရီးယား ရုပ်ရှင်ပွဲတော်တွင် ဇာတ်ကားပေါင်း ၄၀၀ ကျော်ပြသ

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှာ စက်တင်ဘာ ၂၀ ရက်က ၁၇ ကြိမ်မြောက် ပြုံယမ်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဖွင့်လှစ်ခဲ့ပြီး  ပြည်တွင်း၊ ပြည်ပ ရုပ်ရှင်ကားပေါင်း ၄၀၀ ကျော်ကို ပြသခဲ့ပါတယ်။  မြောက်ကိုရီးယား၊ တရုတ်၊ ရုရှား၊ အီတလီ၊ ဘေလာရွတ်၊ အီရန်နဲ့ တခြားကမ္ဘာ့နိုင်ငံတွေက ရုပ်ရှင်တွေလည်း ပါပါတယ်။  ကမ္ဘာပေါ်က ရုပ်ရှင်ဖန်တီးသူတွေအကြား အပြန်အလှန်ဖလှယ်ကြရေးနဲ့ မြောက်ကိုရီးယား ရုပ်ရှင်လောက ဖွံဖြိုးတိုးတက်ရေး မြှင့်တင်ဖို့ အခုလို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပတာလို့ မြောက်ကိုရီးယား ရုပ်ရှင်ဆိုင်ရာ အမျိုးသားအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဂျုံယောင်နမ်က ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့ပါတယ်။  ဒါ့အပြင် ရုရှား၊ တရုတ်၊ ကျူးဘား၊ ဆွီဒင်နဲ့ မြောက်ကိုရီးယားနိုင်ငံက ဒိုင်ငါးယောက်က ရုပ်ရှင်ဆုတွေအတွက် အကဲဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။    ပြုံယမ်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၁၉၈၇ ခုနှစ်က စတင်ကျင်းပခဲ့ပြီး  ၂၀၀၂ ခုနှစ်ကစလို့ တခြားနိုင်ငံတွေက ရုပ်ရှင်တွေကို ဖိတ်ခေါ်ပြသခဲ့ပါတယ်။ ================== ေျမာက္ကိုရီးယား ႐ုပ္ရွင္ပြဲေတာ္တြင္ ဇာတ္ကားေပါင္း ၄၀၀ ေက်ာ္ျပသ DVB ေျမာက္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ၿပဳံယမ္းမွာ စက္တင္ဘာ ၂၀ ရက္က ၁၇ ႀကိမ္ေျမာက္ ၿပဳံယမ္း ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ကို ဖြင့္လွစ္ခဲ့ၿပီး  ျပည္တြင္း၊ ျပည္ပ ႐ုပ္ရွင္ကားေပါင္း ၄၀၀ ေက်ာ္ကို ျပသခဲ့ပါတယ္။ ေျမာက္ကိုရီးယား၊ တ႐ုတ္၊ ႐ုရွား၊ အီတလီ၊ ေဘလာ႐ြတ္၊ အီရန္နဲ႔ တျခားကမာၻ႔ႏိုင္ငံေတြက ႐ုပ္ရွင္ေတြလည္း ပါပါတယ္။ ကမာၻေပၚက ႐ုပ္ရွင္ဖန္တီးသူေတြအၾကား အျပန္အလွန္ဖလွယ္ၾကေရးနဲ႔ ေျမာက္ကိုရီးယား ႐ုပ္ရွင္ေလာက ဖြံၿဖိဳးတိုးတက္ေရး ျမႇင့္တင္ဖို႔ အခုလို ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ က်င္းပတာလို႔ ေျမာက္ကိုရီးယား ႐ုပ္ရွင္ဆိုင္ရာ အမ်ိဳးသားအုပ္ခ်ဳပ္ေရးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဂ်ဳံေယာင္နမ္က ဖြင့္ပြဲအခမ္းအနားမွာ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ႐ုရွား၊ တ႐ုတ္၊ က်ဴးဘား၊ ဆြီဒင္နဲ႔ ေျမာက္ကိုရီးယားႏိုင္ငံက ဒိုင္ငါးေယာက္က ႐ုပ္ရွင္ဆုေတြအတြက္ အကဲျဖတ္ေပးသြားမွာ ျဖစ္ပါတယ္။ ၿပဳံယမ္း ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ကို ၁၉၈၇ ခုႏွစ္က စတင္က်င္းပခဲ့ၿပီး  ၂၀၀၂ ခုႏွစ္ကစလို႔ တျခားႏိုင္ငံေတြက ႐ုပ္ရွင္ေတြကို ဖိတ္ေခၚျပသခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up