အမေရိကန် ဘားတခုတွင် သေနတ်ပစ်ခတ်မှုကြောင့် ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် လန်ကာစတာမြို့က လူစည်ကားတဲ့ ဘားတခုမှာ စက်တင်ဘာ ၂၁ ရက်က မနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားနှစ်ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း လူ ၈ ယောက်လည်း ဒဏ်ရာရခဲ့ပြီး သံသယရှိသူတွေကို လိုက်ရှာနေဆဲပဲလို့ တောင်ကယ်ရိုလိုင်းနား ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ မကျေနပ်တာတွေရှိတဲ့ လူနှစ်ယောက်ကြားက စတဲ့ ပြဿနာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တခြားမဆိုင်တဲ့သူတွေပါ အပစ်ခံရတာလို့ ယူဆကြောင်း လန်ကာစတာဒေသ ငြိမ်ဝပ်ပိပြားရေးအရာရှိ ဘယ်ရီဖေးလ်က သတင်းထောက်တွေကို ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ ဒေသစံတော်ချိန် မနက်၂ နာရီ ၄၅ မိနစ်မှာ စုစုပေါင်း လူ ၁၀ ယောက် အပစ်ခံခဲ့ရပြီး နှစ်ယောက် သေဆုံးခဲ့တာပါ။
စိုးရိမ်ရတဲ့ ဒဏ်ရာရသူ ၄ ယောက်ကိုတော့ ဆေးကုသမှုခံယူဖို့ လေယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ပြီး ၄ ယောက်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဆေးရုံမှာကုသမှု ခံယူနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
=================================
အေမရိကန္ ဘားတခုတြင္ ေသနတ္ပစ္ခတ္မႈေၾကာင့္ ၂ ဦးေသ၊ ၈ ဦး ဒဏ္ရာရ
DVB
အေမရိကန္ႏိုင္ငံ ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္ လန္ကာစတာၿမိဳ႕က လူစည္ကားတဲ့ ဘားတခုမွာ စက္တင္ဘာ ၂၁ ရက္က မနက္အေစာပိုင္းက ေသနတ္ပစ္ခတ္မႈျဖစ္ပြားၿပီး အမ်ိဳးသားႏွစ္ေယာက္ ေသဆုံးခဲ့ပါတယ္။
အဲဒီပစ္ခတ္မႈအတြင္း လူ ၈ ေယာက္လည္း ဒဏ္ရာရခဲ့ၿပီး သံသယရွိသူေတြကို လိုက္ရွာေနဆဲပဲလို႔ ေတာင္ကယ္႐ိုလိုင္းနား ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ဒီျဖစ္ရပ္ဟာ မေက်နပ္တာေတြရွိတဲ့ လူႏွစ္ေယာက္ၾကားက စတဲ့ ျပႆနာကေန ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး တျခားမဆိုင္တဲ့သူေတြပါ အပစ္ခံရတာလို႔ ယူဆေၾကာင္း လန္ကာစတာေဒသ ၿငိမ္ဝပ္ပိျပားေရးအရာရွိ ဘယ္ရီေဖးလ္က သတင္းေထာက္ေတြကို ေျပာပါတယ္။
စက္တင္ဘာ ၂၁ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ မနက္၂ နာရီ ၄၅ မိနစ္မွာ စုစုေပါင္း လူ ၁၀ ေယာက္ အပစ္ခံခဲ့ရၿပီး ႏွစ္ေယာက္ ေသဆုံးခဲ့တာပါ။
စိုးရိမ္ရတဲ့ ဒဏ္ရာရသူ ၄ ေယာက္ကိုေတာ့ ေဆးကုသမႈခံယူဖို႔ ေလယာဥ္နဲ႔ ေခၚေဆာင္သြားခဲ့ၿပီး ၄ ေယာက္ကေတာ့ အသက္အႏၲရာယ္ မစိုးရိမ္ရဘဲ ေဆး႐ုံမွာကုသမႈ ခံယူေနတယ္လို႔ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပပါတယ္။