PSV ထံမှ ဒွန်ရဲလ်မဲလ်လန်ကို အာဆင်နယ် ပြန်လည်ခေါ်ယူလို

အာဆင်နယ်အသင်းဟာ ပီအက်စ်ဗွီအသင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က ရောင်းချခဲ့တဲ့ လူငယ်ကစားသမား ဒွန်ရဲလ် မဲလ်လန်ကို ပေါင် သန်း ၅၀ လောက်နဲ့ ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
တိုက်စစ်မှူး မဲလ်လန်ဟာ ၂၀၁၇ ခုနှစ်က ပေါင် ၅ သိန်းလောက်နဲ့ ပီအက်စ်ဗွီအသင်းကို ပြောင်းရွှေ့သွားခဲ့ပေမယ့် လက်တလောမှာတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ၁၀ ဆ မြင့်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။
မဲလ်လန်ဟာ ၂၀၁၅ ခုနှစ်က အေဂျက်စ်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် ချစ်ကြည်ရေးပွဲစဉ်မှာပဲ ဝင်ရောက်ကစားခွင့်ရခဲ့တာကြောင့် အသင်းပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။
မဲလ်လန်ဟာ ပီအက်စ်ဗွီအသင်းအတွက် ဗိုက်ဆေးဘက်ကို တပွဲတည်း ၅ ဂိုး သွင်းယူပေးခဲ့တာကြောင့် နာမည်ကြီးလာခဲ့ပြီး ဥရောပ ကလပ်အသင်းကြီး ၅၀ လောက်က ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
မဲလန်ဟာ လက်တလောမှာတော့ ပီအက်စ်ဗွီအသင်းအတွက်အပြင် နယ်သာလန် လက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။
=============================
PSV ထံမွ ဒြန္ရဲလ္မဲလ္လန္ကို အာဆင္နယ္ ျပန္လည္ေခၚယူလို
DVB
အာဆင္နယ္အသင္းဟာ ပီအက္စ္ဗြီအသင္းကို လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ေရာင္းခ်ခဲ့တဲ့ လူငယ္ကစားသမား ဒြန္ရဲလ္ မဲလ္လန္ကို ေပါင္ သန္း ၅၀ ေလာက္နဲ႔ ျပန္လည္ေခၚယူလိုေနတယ္လို႔ သိရပါတယ္။
တိုက္စစ္မႉး မဲလ္လန္ဟာ ၂၀၁၇ ခုႏွစ္က ေပါင္ ၅ သိန္းေလာက္နဲ႔ ပီအက္စ္ဗြီအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ေပမယ့္ လက္တေလာမွာေတာ့ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ၁၀ ဆ ျမင့္တက္သြားခဲ့ၿပီ ျဖစ္ပါတယ္။
မဲလ္လန္ဟာ ၂၀၁၅ ခုႏွစ္က ေအဂ်က္စ္အသင္းကေန အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ေပမယ့္ ခ်စ္ၾကည္ေရးပြဲစဥ္မွာပဲ ဝင္ေရာက္ကစားခြင့္ရခဲ့တာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕သြားခဲ့သူ ျဖစ္ပါတယ္။
မဲလ္လန္ဟာ ပီအက္စ္ဗြီအသင္းအတြက္ ဗိုက္ေဆးဘက္ကို တပြဲတည္း ၅ ဂိုး သြင္းယူေပးခဲ့တာေၾကာင့္ နာမည္ႀကီးလာခဲ့ၿပီး ဥေရာပ ကလပ္အသင္းႀကီး ၅၀ ေလာက္က ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။
မဲလန္ဟာ လက္တေလာမွာေတာ့ ပီအက္စ္ဗြီအသင္းအတြက္အျပင္ နယ္သာလန္ လက္ေ႐ြးစင္အသင္းအတြက္လည္း ေ႐ြးခ်ယ္ခံထားရတဲ့ ကစားသမားျဖစ္ပါတယ္။