အမေရိကန်အမျိုးသမီးတဦး အင်္ဂလိပ်ရေလက်ကြားကို မရပ်မနား လေးကြိမ်ကူးခတ်

943
အမေရိကန်နိုင်ငံသူ ရေကူးသမား ဆာရက် သောမတ်စ်ဟာ အင်္ဂလိပ်ရေလက်ကြားကို မရပ်မနားဘဲ လေးကြိမ်ကူးခတ်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးသော ပုဂ္ဂိုလ်အဖြစ် စက်တင်ဘာ ၁၇ ရက်မှာ မှတ်တမ်းရရှိခဲ့ပါတယ်။
အင်္ဂလိပ်ရေလက်ကြားကို ၅၄ နာရီကူးခတ်မှုအတွင်း သူမဟာ ခွန်အားဖြည့် အရည်သောက်သုံးခြင်းကို တကြိမ်ပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဆာရက်သောမတ်စ်ဟာ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး ဒီလိုမျိုးစံချိန်တင်လုပ်ရပ်ကို ရင်သားကင်ဆာကုသမှုခံယူအပြီး တနှစ်အကြာမှာ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် သူမရဲ့ ကြိုးစားမှုက တခြားသော ကင်ဆာရောဂါကနေ လွတ်မြောက် လာသူတွေအတွက် ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
ဆာရက်ဟာ နာရီပေါင်းများစွာကြာ ကူးခတ်ခဲ့ပြီးတဲ့နောက် အင်္ဂလန် တောင်ပိုင်းကမ်းခြေမှာရှိတဲ့ ဒိုဗာအနီးကကမ်းခြေကို ရောက်ရှိလာခဲ့ပြီး မောပန်းနွမ်းနယ်ကာ ပင်လယ်ဆားငန်ရေတွေကြောင့် အပြင်းအထန် ချောင်းဆိုးခြင်းကိုလည်း ခံစားခဲ့ရပါတယ်။
ပုံမှန်အားဖြင့် ဆာရက်သောမတ်စ် ဖြတ်ကျော်ကူးခတ်လာခဲ့တဲ့ လမ်းကြောင်းဟာ မိုင် ၈၀ သာရှိပေမယ့် ပြင်းထန်တဲ့ရေစီးကြောင့် သူမဟာ မိုင် ၁၃၀ နီးပါးကူးခတ်ခဲ့ရပါတယ်။
ခရီးစဉ်တလျောက် ငါးတွေနဲ့ ဂျယ်လီငါးပေါင်းများစွာကို မြင်တွေ့ခဲ့ရတယ်လို့ သူမကပြောပါတယ်။
ဆာရက်သော်မတ်စ် မတိုင်ခင် လူသုံးဦးက အင်္ဂလန်နဲ့ ပြင်သစ်ကြားမှာရှိတဲ့ အင်္ဂလိပ်ရေလက်ကြားကို သုံးကြိမ်သာ မရပ်မနားဖြတ် ကျော်ခဲ့ဖူးပါတယ်။
=======================
အေမရိကန္အမ်ိဳးသမီးတဦး အဂၤလိပ္ေရလက္ၾကားကို မရပ္မနား ေလးႀကိမ္ကူးခတ္
DVB
အေမရိကန္ႏိုင္ငံသူ ေရကူးသမား ဆာရက္ ေသာမတ္စ္ဟာ အဂၤလိပ္ေရလက္ၾကားကို မရပ္မနားဘဲ ေလးႀကိမ္ကူးခတ္ႏိုင္ခဲ့တဲ့ ကမာၻ႔ပထမဆုံးေသာ ပုဂၢိဳလ္အျဖစ္ စက္တင္ဘာ ၁၇ ရက္မွာ မွတ္တမ္းရရွိခဲ့ပါတယ္။
အဂၤလိပ္ေရလက္ၾကားကို ၅၄ နာရီကူးခတ္မႈအတြင္း သူမဟာ ခြန္အားျဖည့္ အရည္ေသာက္သုံးျခင္းကို တႀကိမ္ပဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
အသက္ ၃၇ ႏွစ္အ႐ြယ္ ဆာရက္ေသာမတ္စ္ဟာ ေကာ္လိုရာဒိုျပည္နယ္မွာ ေနထိုင္သူျဖစ္ၿပီး ဒီလိုမ်ိဳးစံခ်ိန္တင္လုပ္ရပ္ကို ရင္သားကင္ဆာကုသမႈခံယူအၿပီး တႏွစ္အၾကာမွာ ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။
ဒါ့အျပင္ သူမရဲ႕ ႀကိဳးစားမႈက တျခားေသာ ကင္ဆာေရာဂါကေန လြတ္ေျမာက္ လာသူေတြအတြက္ ရည္႐ြယ္တယ္လို႔လည္း ဆိုပါတယ္။
ဆာရက္ဟာ နာရီေပါင္းမ်ားစြာၾကာ ကူးခတ္ခဲ့ၿပီးတဲ့ေနာက္ အဂၤလန္ ေတာင္ပိုင္းကမ္းေျခမွာရွိတဲ့ ဒိုဗာအနီးကကမ္းေျခကို ေရာက္ရွိလာခဲ့ၿပီး ေမာပန္းႏြမ္းနယ္ကာ ပင္လယ္ဆားငန္ေရေတြေၾကာင့္ အျပင္းအထန္ ေခ်ာင္းဆိုးျခင္းကိုလည္း ခံစားခဲ့ရပါတယ္။
ပုံမွန္အားျဖင့္ ဆာရက္ေသာမတ္စ္ ျဖတ္ေက်ာ္ကူးခတ္လာခဲ့တဲ့ လမ္းေၾကာင္းဟာ မိုင္ ၈၀ သာရွိေပမယ့္ ျပင္းထန္တဲ့ေရစီးေၾကာင့္ သူမဟာ မိုင္ ၁၃၀ နီးပါးကူးခတ္ခဲ့ရပါတယ္။
ခရီးစဥ္တေလ်ာက္ ငါးေတြနဲ႔ ဂ်ယ္လီငါးေပါင္းမ်ားစြာကို ျမင္ေတြ႕ခဲ့ရတယ္လို႔ သူမကေျပာပါတယ္။
ဆာရက္ေသာ္မတ္စ္ မတိုင္ခင္ လူသုံးဦးက အဂၤလန္နဲ႔ ျပင္သစ္ၾကားမွာရွိတဲ့ အဂၤလိပ္ေရလက္ၾကားကို သုံးႀကိမ္သာ မရပ္မနားျဖတ္ ေက်ာ္ခဲ့ဖူးပါတယ္။