ဓားပြများကြောင့် မက္ကဆီကိုမှာ ရထားနှစ်စင်း တိုက်မှုဖြစ်ပွား (ရုပ်သံ)

945
ဓားပြတိုက်ဖို့ ကြိုးပမ်းမှုတခုကြောင့် မက္ကဆီကိုနိုင်ငံမှာ ရထားနှစ်စင်း ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ မက္ကဆီကိုနိုင်ငံ ဟီဒယ်ဂိုပြည်နယ်နိုပါလာဒေသမှာ စက်တင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့တာပါ။
ဝင်တိုက်မိခဲ့တဲ့ ရထားတစင်းပေါ်မှာ လူတစုက ဓားပြတိုက်ဖို့ကြိုးစားခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒီလူအုပ်စုဟာ ရထားကိုရပ်တန့်သွားစေဖို့အတွက် တွဲတွေပေါ်မှာ ကျောက်တုံးတွေ တင်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ဒီလုပ်ရပ်ရဲ့အကျိုးဆက်တခုအနေနဲ့ ရထားက အရှေ့ကလာနေတဲ့ နောက်ထပ် ရထားတစင်းကို ဝင်တိုက်မိခဲ့တယ်လို့လည်း မီဒီယာတွေရဲ့ ဖော်ပြချက်မှာပါဝင်ပါတယ်။
===========================
ဓားျပမ်ားေၾကာင့္ မကၠဆီကိုမွာ ရထားႏွစ္စင္း တိုက္မႈျဖစ္ပြား (႐ုပ္သံ)
DVB
ဓားျပတိုက္ဖို႔ ႀကိဳးပမ္းမႈတခုေၾကာင့္ မကၠဆီကိုႏိုင္ငံမွာ ရထားႏွစ္စင္း ဝင္တိုက္မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ဒီျဖစ္စဥ္ဟာ မကၠဆီကိုႏိုင္ငံ ဟီဒယ္ဂိုျပည္နယ္ႏိုပါလာေဒသမွာ စက္တင္ဘာ ၁၉ ရက္က ျဖစ္ပြားခဲ့တာပါ။
ဝင္တိုက္မိခဲ့တဲ့ ရထားတစင္းေပၚမွာ လူတစုက ဓားျပတိုက္ဖို႔ႀကိဳးစားခဲ့တယ္လို႔ ေဒသတြင္း မီဒီယာေတြမွာ ေဖာ္ျပပါတယ္။
ဒီလူအုပ္စုဟာ ရထားကိုရပ္တန႔္သြားေစဖို႔အတြက္ တြဲေတြေပၚမွာ ေက်ာက္တုံးေတြ တင္ခဲ့ၿပီး မေအာင္ျမင္ခဲ့တဲ့ ဒီလုပ္ရပ္ရဲ႕အက်ိဳးဆက္တခုအေနနဲ႔ ရထားက အေရွ႕ကလာေနတဲ့ ေနာက္ထပ္ ရထားတစင္းကို ဝင္တိုက္မိခဲ့တယ္လို႔လည္း မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္မွာပါဝင္ပါတယ္။