မော်ရင်ဟိုနှင့် အစားထိုးမည့်သတင်းများ ထွက်ပေါ်မှု မစိုးရိမ်ဟု ဇီဒန်း ပြော

AP Photo/Francois Mori)
မော်ရင်ဟိုနဲ့ အစားထိုးခံရတော့မယ်ဆိုတဲ့ သတင်းတွေက သူ့အတွက် စိတ်အနှောင့်အယှက် မဖြစ်စေဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အသင်းပရိသတ်တွေက သူ့အပေါ် ဒေါသထွက် ပေါက်ကွဲနေကြပေမယ့် ဇီဒန်းကတော့ သူ့ရာထူးအပေါ် စိုးရိမ်မှု မရှိဘူးလို့ ပြောပါတယ်။  ရီးရဲလ်အသင်းနဲ့အတူ အခုရာသီမှာ ရုန်းကန်နေရတာကြောင့် ဇီဒန်းကို ထုတ်ပယ်ပြီး သူ့နေရာကို နည်းပြဟောင်း မော်ရင်ဟို၊ ကစားသမားဟောင်းတွေဖြစ်တဲ့ အလွန်ဆို၊ ရာအူးလ်နဲ့ အယ်လ်လီဂရီတို့နဲ့ အစားထိုးဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။  “ကျနော် နောက်ဆုံးမိနစ်အထိ ကြိုးစားသွားမှာပါ။ ကလပ်အသင်းဘက်က ကျနော့်ကို အခွင့်အရေးပေးနေသရွေ့ ကျနော့်ဘက်က မေးခွန်းထုတ်ခံရတယ်လို့ ခံစားနေမှာ မဟုတ်ပါဘူး” လို့ ဇီဒန်းက ပြောပါတယ်။  “မော်ရင်ဟိုနဲ့ ပတ်သက်တဲ့ သတင်းတွေဟာလည်း ကျနော့်အတွက် ဘာမှမဖြစ်ပါဘူး။ အခု ကျနော် ကြုံတွေ့နေရတာတွေက အခြေအနေအမှန်တွေပါ။ ကျနော်တို့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါတွေက ခက်ခဲပေမယ့် အမှန်တရားပါပဲ” လို့လည်း ပြင်သစ်သား နည်းပြကြီးက ပြောပါတယ်။  ဇီဒန်းဟာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ လုံးဆက်တိုက် ရယူပေးနိုင်ခဲ့သူ ဖြစ်ပေမယ့် ရီးရဲလ်အသင်းကို တကျော့ပြန်ရောက်ရှိလာချိန်မှာတော့ ရုန်းကန်နေရပါတယ်။ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ လူမစုံတဲ့ ပီအက်စ်ဂျီအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ခြင်းက သူ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာစေခဲ့တာပဲဖြစ်ပါတယ်။  ဒီလိုမျိုးမွေးခွန်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဇီဒန်းကတော့ သူ့နေရာအတွက် ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပြီး လုံးဝ အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi-version ေမာ္ရင္ဟိုႏွင့္ အစားထိုးမည့္သတင္းမ်ား ထြက္ေပၚမႈ မစိုးရိမ္ဟု ဇီဒန္း ေျပာ ေမာ္ရင္ဟိုနဲ႔ အစားထိုးခံရေတာ့မယ္ဆိုတဲ့ သတင္းေတြက သူ႔အတြက္ စိတ္အေႏွာင့္အယွက္ မျဖစ္ေစဘူးလို႔ ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းက ေျပာပါတယ္။ ရီးရဲလ္အသင္းဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္အဖြင့္ပြဲမွာ ပီအက္စ္ဂ်ီအသင္းကို ၃ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ၿပီး အသင္းပရိသတ္ေတြက သူ႔အေပၚ ေဒါသထြက္ ေပါက္ကြဲေနၾကေပမယ့္ ဇီဒန္းကေတာ့ သူ႔ရာထူးအေပၚ စိုးရိမ္မႈ မရွိဘူးလို႔ ေျပာပါတယ္။ ရီးရဲလ္အသင္းနဲ႔အတူ အခုရာသီမွာ ႐ုန္းကန္ေနရတာေၾကာင့္ ဇီဒန္းကို ထုတ္ပယ္ၿပီး သူ႔ေနရာကို နည္းျပေဟာင္း ေမာ္ရင္ဟို၊ ကစားသမားေဟာင္းေတြျဖစ္တဲ့ အလြန္ဆို၊ ရာအူးလ္နဲ႔ အယ္လ္လီဂရီတို႔နဲ႔ အစားထိုးဖြယ္ရွိေနတယ္ဆိုတဲ့ သတင္းေတြဟာလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာခဲ့ပါတယ္။ “က်ေနာ္ ေနာက္ဆုံးမိနစ္အထိ ႀကိဳးစားသြားမွာပါ။ ကလပ္အသင္းဘက္က က်ေနာ့္ကို အခြင့္အေရးေပးေနသေ႐ြ႕ က်ေနာ့္ဘက္က ေမးခြန္းထုတ္ခံရတယ္လို႔ ခံစားေနမွာ မဟုတ္ပါဘူး” လို႔ ဇီဒန္းက ေျပာပါတယ္။ “ေမာ္ရင္ဟိုနဲ႔ ပတ္သက္တဲ့ သတင္းေတြဟာလည္း က်ေနာ့္အတြက္ ဘာမွမျဖစ္ပါဘူး။ အခု က်ေနာ္ ႀကဳံေတြ႕ေနရတာေတြက အေျခအေနအမွန္ေတြပါ။ က်ေနာ္တို႔ ေျပာင္းလဲရမွာ ျဖစ္ပါတယ္။ ဒါေတြက ခက္ခဲေပမယ့္ အမွန္တရားပါပဲ” လို႔လည္း ျပင္သစ္သား နည္းျပႀကီးက ေျပာပါတယ္။ ဇီဒန္းဟာ ရီးရဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၃ လုံးဆက္တိုက္ ရယူေပးႏိုင္ခဲ့သူ ျဖစ္ေပမယ့္ ရီးရဲလ္အသင္းကို တေက်ာ့ျပန္ေရာက္ရွိလာခ်ိန္မွာေတာ့ ႐ုန္းကန္ေနရပါတယ္။ ခ်န္ပီယံလိဂ္အဖြင့္ပြဲမွာ လူမစုံတဲ့ ပီအက္စ္ဂ်ီအသင္းကို အရွက္တကြဲ ရႈံးနိမ့္ခဲ့ျခင္းက သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးခြန္းေတြ ထြက္ေပၚလာေစခဲ့တာပဲျဖစ္ပါတယ္။ ဒီလိုမ်ိဳးေမြးခြန္းေတြ ထြက္ေပၚလာခဲ့ေပမယ့္ ဇီဒန္းကေတာ့ သူ႔ေနရာအတြက္ ယုံၾကည္မႈရွိတယ္လို႔ ေျပာခဲ့ၿပီး လုံးဝ အရႈံးေပးသြားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up