အာဆင်နယ်နည်းပြ၏ ညွှန်ကြားချက် ဘာသာစကား အခက်အခဲကြောင့် နားမလည်ဖြစ်နေသည့် ဆာကာ

Picture: Getty
အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီရဲ့ ညွှန်ကြားချက်တွေကို နားလည်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဘူကာယို ဆာကာက ဝန်ခံလိုက်ပါတယ်။  အမ်မရီထက်စာရင် သူ့ရဲ့အုပ်ထိန်းသူဖြစ်တဲ့ ဖရက်ဒီယွန်းဘတ်နဲ့ ဆက်သွယ်ရတာက သူ့အတွက် ပိုလွယ်ကူတယ်လို့လည်း ဆာကာက ပြောပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားလေးဟာ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် တောက်ပလာမယ့် ကစားသမားတဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။  ဒါ့အပြင် သူဟာလည်း ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပြီးတော့ အသင်းအတွက် ပထမဆုံးသွင်းဂိုးကို ရယူခဲ့ကာ နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။  ဆာကာရဲ့ပြောဆိုမှုမတိုင်ခင် အာဆင်နယ်ဂန္ထဝင်တဦးဖြစ်တဲ့ အလန်စမစ်က “အသင်းရဲ့ ပွဲထွက်ကစားသမားတွေကြားမှာတောင် အမ်မရီရဲ့ ညွှန်ကြားချက်တွေကို နားလည်ဖို့ ရုန်းကန်နေရမူတွေ ရှိနေတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  အမ်မရီရဲ့ ဘာသာစကား လိုအပ်ချက်ကို နားမလည်သူတွေထဲမှာ ဆာကာလည်း ပါဝင်လာခဲ့ပြီး အမ်မရီရဲ့ ညွှန်ကြားမှုကို နားလည်ဖို့ ယွန်းဘတ်ရဲ့ အကူအညီရယူနေရတယ်လို့ ၁၈ နှစ်အရွယ် ကစားသမားလေးက ပြောပါတယ်။  “သူက ကျနော့်ကို တော်တော်လေး အကူအညီဖြစ်စေပါတယ်။ နည်းပြက ကျနော့်ကို ဆက်သွယ်လာလို့ ကျနော် နားမလည်တာရှိရင် ဖရက်ဒီကို သွားမေးရပါတယ်။ သူ့အင်္ဂလိပ်စွမ်းရည်က ပိုကောင်းတယ်” လို့ ဆာကာက ပြောပါတယ်။  “သူနဲ့ ကျနော်က ကစားပုံချင်းလည်းတူတော့ သူ ပေးတဲ့ အကြံဉာဏ်တွေက  ကျနော့်အတွက် တော်တော်လေးကို အထောက်အကူဖြစ်စေပါတယ်။ သူ ပေးတဲ့ အကြံဉာဏ်တွေထဲမှာ ကျနော့်အတွက် အသင့်တော်ဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေဖို့ပါပဲ” လို့လည်း သူက ပြောပါတယ်။  ယူ-၁၆ ကစလို့ အင်္ဂလန်အသင်းရဲ့ သက်တမ်းအလိုက် လူစာရင်းတွေမှာ ပုံမှန်အရွေးချယ်ခံထားရတဲ့ တောင်ပံကစားသမားလေး ဆာကာဟာ နိုင်ငံအသင်းမှာလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အာဆင္နယ္နည္းျပ၏ ၫႊန္ၾကားခ်က္ ဘာသာစကား အခက္အခဲေၾကာင့္ နားမလည္ျဖစ္ေနသည့္ ဆာကာ အာဆင္နယ္နည္းျပ အူႏိုင္းအမ္မရီရဲ႕ ၫႊန္ၾကားခ်က္ေတြကို နားလည္ဖို႔ ႐ုန္းကန္ေနရဆဲျဖစ္တယ္လို႔ အာဆင္နယ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမားေလး ဘူကာယို ဆာကာက ဝန္ခံလိုက္ပါတယ္။ အမ္မရီထက္စာရင္ သူ႔ရဲ႕အုပ္ထိန္းသူျဖစ္တဲ့ ဖရက္ဒီယြန္းဘတ္နဲ႔ ဆက္သြယ္ရတာက သူ႔အတြက္ ပိုလြယ္ကူတယ္လို႔လည္း ဆာကာက ေျပာပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမားေလးဟာ ၿပီးခဲ့တဲ့ႏွစ္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းေၾကာင့္ ေတာက္ပလာမယ့္ ကစားသမားတဦးအျဖစ္ သတ္မွတ္ခံခဲ့ရသူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာလည္း ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ အသင္းႀကီးအတြက္ ပြဲထြက္ခြင့္ရရွိခဲ့ၿပီးေတာ့ အသင္းအတြက္ ပထမဆုံးသြင္းဂိုးကို ရယူခဲ့ကာ ႏွစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဆာကာရဲ႕ေျပာဆိုမႈမတိုင္ခင္ အာဆင္နယ္ဂႏၳဝင္တဦးျဖစ္တဲ့ အလန္စမစ္က “အသင္းရဲ႕ ပြဲထြက္ကစားသမားေတြၾကားမွာေတာင္ အမ္မရီရဲ႕ ၫႊန္ၾကားခ်က္ေတြကို နားလည္ဖို႔ ႐ုန္းကန္ေနရမူေတြ ရွိေနတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အမ္မရီရဲ႕ ဘာသာစကား လိုအပ္ခ်က္ကို နားမလည္သူေတြထဲမွာ ဆာကာလည္း ပါဝင္လာခဲ့ၿပီး အမ္မရီရဲ႕ ၫႊန္ၾကားမႈကို နားလည္ဖို႔ ယြန္းဘတ္ရဲ႕ အကူအညီရယူေနရတယ္လို႔ ၁၈ ႏွစ္အ႐ြယ္ ကစားသမားေလးက ေျပာပါတယ္။ “သူက က်ေနာ့္ကို ေတာ္ေတာ္ေလး အကူအညီျဖစ္ေစပါတယ္။ နည္းျပက က်ေနာ့္ကို ဆက္သြယ္လာလို႔ က်ေနာ္ နားမလည္တာရွိရင္ ဖရက္ဒီကို သြားေမးရပါတယ္။ သူ႔အဂၤလိပ္စြမ္းရည္က ပိုေကာင္းတယ္” လို႔ ဆာကာက ေျပာပါတယ္။ “သူနဲ႔ က်ေနာ္က ကစားပုံခ်င္းလည္းတူေတာ့ သူ ေပးတဲ့ အႀကံဉာဏ္ေတြက  က်ေနာ့္အတြက္ ေတာ္ေတာ္ေလးကို အေထာက္အကူျဖစ္ေစပါတယ္။ သူ ေပးတဲ့ အႀကံဉာဏ္ေတြထဲမွာ က်ေနာ့္အတြက္ အသင့္ေတာ္ဆုံးကေတာ့ ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ေနဖို႔ပါပဲ” လို႔လည္း သူက ေျပာပါတယ္။ ယူ-၁၆ ကစလို႔ အဂၤလန္အသင္းရဲ႕ သက္တမ္းအလိုက္ လူစာရင္းေတြမွာ ပုံမွန္အေ႐ြးခ်ယ္ခံထားရတဲ့ ေတာင္ပံကစားသမားေလး ဆာကာဟာ ႏိုင္ငံအသင္းမွာလည္း ေျခစြမ္းျပ ကစားႏိုင္ခဲ့သူ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up