တရုတ်နှင့်ဆော်လမွန်ကျွန်းနိုင်ငံတို့ သံတမန်ဆက်ဆံရေး သဘောတူလက်မှတ်ရေးထိုး

တရုတ်နဲ့ ဆော်လမွန်ကျွန်းနိုင်ငံတို့ဟာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တည်ထောင်တဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့ပါတယ်။
တရုတ်ထိပ်တန်းသံတမန် ဝမ်ယီနဲ့ ဆော်လမွန်ကျွန်း နိုင်ငံခြားရေးဝန်ကြီး ဂျဲမိုင်ယန် မဲနယ်လီတို့ဟာ ဘေဂျင်းမြို့က အစိုးရဧည့်ခန်းမဆောင်မှာ နှစ်နိုင်ငံသဘောတူလက်မှတ် ရေထိုးခဲ့ကြတာပါ။
ဆော်လမွန်ကျွန်းနိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီး တရုတ်နဲ့ မဟာမိတ်ဖွဲ့လိုက်တာပါ။
အဲဒီပြဿနာနဲ့ ပတ်သတ်လို့ ထိုင်ဝမ်ရဲ့ နိုင်ငံတကာဝင်ဆံ့မှုကို အကြပ်အတည်းဖြစ်အောင် ဒေါ်လာသံခင်းတမန်ခင်း ပရိယာယ်ကို တရုတ်အစိုးရက ကျင့်သုံးနေတယ်လို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က စက်တင်ဘာ ၁၆ ရက်မှာ စွပ်စွဲထားပါတယ်။
ဆိုင်းအင်းဝမ် သမ္မတရာထူးထမ်းဆောင်တဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်း ဆော်လမွန်ကျွန်းစု နိုင်ငံဟာ တရုတ်အစိုးရရဲ့ မဟာမိတ်ပြောင်းဖွဲ့လိုက်တဲ့ ၆ ခုမြောက်နိုင်ငံပါ။
တရုတ်တပြည်ထောင်တည်း မူဝါဒအရ တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ သင်းကွဲပြည်နယ်တခုအဖြစ်သာ သတ်မှတ်ပြီး နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး ပိတ်ပင်ထားပါတယ်။
တရုတ်တပြည်ထောင်တည်း မူဝါဒအောက်မှာ တနိုင်ငံ စနစ်နှစ်မျိုးနဲ့သွားဖို့ တရုတ်အစိုးရက ထိုင်ဝမ်ကို ဖိအားပေးနေတာပါ။
လက်ရှိမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ဟာ ကမ္ဘာ့နိုင်ငံ ၁၆ နိုင်ငံနဲ့သာ ပုံမှန် သံတမန် ဆက်ဆံရေး ရှိပါတယ်။
=============================
တ႐ုတ္ႏွင့္ေဆာ္လမြန္ကြၽန္းႏိုင္ငံတို႔ သံတမန္ဆက္ဆံေရး သေဘာတူလက္မွတ္ေရးထိုး
DVB
တ႐ုတ္နဲ႔ ေဆာ္လမြန္ကြၽန္းႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး တည္ေထာင္တဲ့ သေဘာတူ လက္မွတ္ေရးထိုးပြဲကို စက္တင္ဘာ ၂၁ ရက္က က်င္းပခဲ့ပါတယ္။
တ႐ုတ္ထိပ္တန္းသံတမန္ ဝမ္ယီနဲ႔ ေဆာ္လမြန္ကြၽန္း ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ဲမိုင္ယန္ မဲနယ္လီတို႔ဟာ ေဘဂ်င္းၿမိဳ႕က အစိုးရဧည့္ခန္းမေဆာင္မွာ ႏွစ္ႏိုင္ငံသေဘာတူလက္မွတ္ ေရထိုးခဲ့ၾကတာပါ။
ေဆာ္လမြန္ကြၽန္းႏိုင္ငံဟာ ထိုင္ဝမ္နဲ႔ သံတမန္ဆက္ဆံေရး ျဖတ္ေတာက္ၿပီး တ႐ုတ္နဲ႔ မဟာမိတ္ဖြဲ႕လိုက္တာပါ။
အဲဒီျပႆနာနဲ႔ ပတ္သတ္လို႔ ထိုင္ဝမ္ရဲ႕ ႏိုင္ငံတကာဝင္ဆံ့မႈကို အၾကပ္အတည္းျဖစ္ေအာင္ ေဒၚလာသံခင္းတမန္ခင္း ပရိယာယ္ကို တ႐ုတ္အစိုးရက က်င့္သုံးေနတယ္လို႔ ထိုင္ဝမ္သမၼတ ခ်ိဳင္အင္းဝမ္က စက္တင္ဘာ ၁၆ ရက္မွာ စြပ္စြဲထားပါတယ္။
ဆိုင္းအင္းဝမ္ သမၼတရာထူးထမ္းေဆာင္တဲ့ ၂၀၁၆ ခုႏွစ္ ေနာက္ပိုင္း ေဆာ္လမြန္ကြၽန္းစု ႏိုင္ငံဟာ တ႐ုတ္အစိုးရရဲ႕ မဟာမိတ္ေျပာင္းဖြဲ႕လိုက္တဲ့ ၆ ခုေျမာက္ႏိုင္ငံပါ။
တ႐ုတ္တျပည္ေထာင္တည္း မူဝါဒအရ တ႐ုတ္ျပည္မႀကီးအစိုးရဟာ ထိုင္ဝမ္ကြၽန္းကို သူတို႔ရဲ႕ သင္းကြဲျပည္နယ္တခုအျဖစ္သာ သတ္မွတ္ၿပီး ႏိုင္ငံတကာနဲ႔ သံတမန္ဆက္ဆံေရး ပိတ္ပင္ထားပါတယ္။
တ႐ုတ္တျပည္ေထာင္တည္း မူဝါဒေအာက္မွာ တႏိုင္ငံ စနစ္ႏွစ္မ်ိဳးနဲ႔သြားဖို႔ တ႐ုတ္အစိုးရက ထိုင္ဝမ္ကို ဖိအားေပးေနတာပါ။
လက္ရွိမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ထိုင္ဝမ္ဟာ ကမာၻ႔ႏိုင္ငံ ၁၆ ႏိုင္ငံနဲ႔သာ ပုံမွန္ သံတမန္ ဆက္ဆံေရး ရွိပါတယ္။