အယ်လ်ဘားနီးယားတွင် အားပြင်းငလျင်ကြောင့် လမ်းပေါ်ထွက်ပြေး၊ လူ ၅၀ ခန့် ဒဏ်ရာရ

အယ်လ်ဘားနီးယားနိုင်ငံ မြို့တော် တီရာနာနဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒူရာစ်မြို့မှာ စက်တင်ဘာ ၂၁ ရက်က ၅ ဒဿမ ၆ မဂ္ဂနီကျုဒ့်ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့တာကြောင့် နေအိမ် အဆောက်အအုံတွေ တော်တော်များများ ပျက်စီးခဲ့ပါတယ်။  စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အယ်လ်ဘားနီးယားနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော် အတွင်း အားအပြင်းဆုံးပဲလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။  ငလျင်လှုပ်တဲ့အချိန်မှာ တီရာနာမြို့ခံတွေဟာ အဆောက်အအုံတွေထဲကနေ လမ်းပေါ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။  တီရာနာမြို့ရဲ့ တက္ကသိုလ်ဝင်းတခုထဲမှာ အပျက်အစီးတွေ ပြန့်ကြဲနေပြီး အုတ်တွေပြိုကျလို့ ကားနှစ်စီးလည်း ပျက်စီးခဲ့ပါသေးတယ်။  ငလျင်ကြောင့် ဒဏ်ရာရသူ အယောက် ၅၀ နီးပါးဟာ တီနာရာမြို့ ဆေးရုံမှာ ကုသမှု ခံယူနေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ===================== အယ္လ္ဘားနီးယားတြင္ အားျပင္းငလ်င္ေၾကာင့္ လမ္းေပၚထြက္ေျပး၊ လူ ၅၀ ခန႔္ ဒဏ္ရာရ DVB အယ္လ္ဘားနီးယားႏိုင္ငံ ၿမိဳ႕ေတာ္ တီရာနာနဲ႔ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ ဒူရာစ္ၿမိဳ႕မွာ စက္တင္ဘာ ၂၁ ရက္က ၅ ဒႆမ ၆ မဂၢနီက်ဳဒ့္ရွိတဲ့ အင္အားျပင္း ငလ်င္တခု လႈပ္ခတ္ခဲ့တာေၾကာင့္ ေနအိမ္ အေဆာက္အအုံေတြ ေတာ္ေတာ္မ်ားမ်ား ပ်က္စီးခဲ့ပါတယ္။ စေနေန႔က လႈပ္ခတ္ခဲ့တဲ့ ငလ်င္ဟာ အယ္လ္ဘားနီးယားႏိုင္ငံမွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ အတြင္း အားအျပင္းဆုံးပဲလို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ငလ်င္လႈပ္တဲ့အခ်ိန္မွာ တီရာနာၿမိဳ႕ခံေတြဟာ အေဆာက္အအုံေတြထဲကေန လမ္းေပၚကို ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကပါတယ္။ တီရာနာၿမိဳ႕ရဲ႕ တကၠသိုလ္ဝင္းတခုထဲမွာ အပ်က္အစီးေတြ ျပန႔္ႀကဲေနၿပီး အုတ္ေတြၿပိဳက်လို႔ ကားႏွစ္စီးလည္း ပ်က္စီးခဲ့ပါေသးတယ္။ ငလ်င္ေၾကာင့္ ဒဏ္ရာရသူ အေယာက္ ၅၀ နီးပါးဟာ တီနာရာၿမိဳ႕ ေဆး႐ုံမွာ ကုသမႈ ခံယူေနၾကတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up